
- Buy 3,599 MMK
- Sell 3,609 MMK

- Buy 3,893 MMK
- Sell 3,903 MMK

- Buy 2,682 MMK
- Sell 2,690 MMK
ငွေရှင်းဖို့အတွက်ဆို ရိုးမကတ်ရှိတယ်
Cards


Locate Us
65
ATMs
86
Branches
အမေးများဆုံး မေးခွန်းများ
FAQs



လိမ်လည်မှုများအန္တရာယ်မှ ရှောင်ရှားရန်
ရိုးမဘဏ် Mobile Banking Application နှင့် Online Banking လျှောက်ထားရန်အတွက် နီးစပ်ရာရိုးမဘဏ်ခွဲသို့ မှတ်ပုံတင်မူရင်းနှင့်တကွ သွားရောက်လျှောက်ထားနိုင်ပါသည်။
- အဆင့် ၁) ရိုးမဘဏ်မှ ပေးပို့ထားသော SMS မှာ ပါဝင်သည့် User ID (သို့) Username ကို ဖြည့်သွင်းပါ။
- အဆင့် ၂) ရိုးမဘဏ်မှ ပေးပို့ထားသော SMS မှာ ပါဝင်သည့် password ကို ဖြည့်သွင်းပြီး Login ဝင်ပါ။
- အဆင့် ၃) Password အသစ် သတ်မှတ်ပေးပါ။
- အဆင့် ၄) SMS ဖြင့် လက်ခံရရှိသော One Time Password (OTP) ကို ၅ မိနစ်အတွင်း ဖြည့်သွင်းပေးပါ။
- အဆင့် ၅) PIN သို့ Pattern ကို ရွေးချယ်သတ်မှတ်ပါ။
- အဆင့် ၆) Face ID သို့ Fingerprint ကို မိမိနှစ်သက်သလို ရွေးချယ်သတ်မှတ်ပါ။
- အဆင့် ၇) အားလုံးပြီးဆုံးပါက ရိုးမဘဏ် Mobile Banking Application ကို စတင်အသုံးပြုနိုင်ပြီဖြစ်ပါသည်။
လိုအပ်ပါက ဖော်ပြထားသည့် video တွင် လေ့လာနိုင်ပါသည်။ သို့မဟုတ် ရိုးမဘဏ် Customer Care Center ၉၆၆၂ သို့ ၀၉၇၉၆၆၂၉၆၆၂ သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
- အဆင့် ၁) ရိုးမဘဏ်မှ ပေးပို့ထားသော SMS မှာပါဝင်သည့် User ID သို့ Username သို့မဟုတ် အကောင့်လျှောက်ထားစဉ်က သတ်မှတ်ထားခဲ့သည့် ဖုန်းနံပါတ်ကို ဖြည့်သွင်းပါ။
- အဆင့် ၂) “I forgot my password” ကို နှိပ်ပါ။
- အဆင့် ၃) Forgot password စာမျက်နှာရောက်သည့်အခါ
– Login or username နေရာတွင် ပထမဆုံး စာမျက်နှာတွင် ဖြည့်သွင်းခဲ့သည့် Login ID ပေါ်နေမည်ဖြစ်သည်။
– ACCOUNT NUMBER နေရာတွင် မိမိရိုးမဘဏ်အကောင့်တစ်ခုဖြည့်သွင်းပါ။
– မွေးနေ့သက္ကရာဇ် ဖြည့်သွင်းပါ။
– ဖုန်းနံပါတ်နေရာတွင် မိမိအကောင့်လျှောက်ထားစဉ်က ပေးထားခဲ့သော နံပါတ်ကို ‘၉’ သို့ ‘၀၉’ မှစ၍ ဖြည့်သွင်းပါ။
– Email address နေရာတွင် အကောင့်လျှေက်ထားစဉ်က ပေးထားခဲ့သော Email (မရှိလျှင် မထည့်လဲရသည်) ဖြည့်သွင်းပါ။ ပြီးလျှင် NEXT ကိုရွေးချယ်ပါ။ - အဆင့် ၄) SMS password နေရာတွင် လက်ခံရရှိသော One Time Password (OTP) ကိုဖြည့်သွင်းပါ။ ပြီးလျှင် Next ကိုရွေးချယ်ပါ။
- အဆင့် ၅) Set New Password နေရာတွင် မိမိသတ်မှတ်လိုသည့် Password အသစ်ပြန်လည်သတ်မှတ်ပေးပါ။
- အဆင့် ၆) PIN သို့ Pattern ကိုရွေးချယ်သတ်မှတ်ပါ။
- အဆင့် ၇) Face ID သို့ Fingerprint ကို မိမိနှစ်သက်သလိုရွေးချယ်သတ်မှတ်ပါ။
- အဆင့် ၈) အားလုံးပြီးဆုံးပါက ရိုးမဘဏ် Mobile Banking Application ကိုစတင်အသုံးပြုနိုင်ပြီဖြစ်ပါသည်။
လိုအပ်ပါက ဖော်ပြထားသည့် video တွင်လေ့လာနိုင်ပါသည်။ သို့မဟုတ် ရိုးမဘဏ် Customer Care Center ၉၆၆၂ သို့ ၀၉၇၉၆၆၂၉၆၆၂ သို့ ဆက်သွယ်နိုင်ပါသည်။
- အဆင့် ၁) Yoma Bank Mobile Banking Application (သို့) Online Banking ကို Login ဝင်ပါ။
- အဆင့် ၂) Main Menu ရှိ own account transfer ကိုရွေးချယ်ပါ။
- အဆင့် ၃) လွှဲပြောင်းပေးလိုသည့် အကောင့်ကို ရွေးချယ်ပါ။
- အဆင့် ၄) လွှဲပြောင်းလိုသည့် ငွေပမာဏကိုထည့်သွင်းပါ။ ပြီးလျှင် Send ကိုနှိပ်ပါ။
- အဆင့် ၅) ပြီးလျှင် confirm ကိုရွေးချယ်လိုက်ပါက ငွေလွှဲပြောင်းမှု အောင်မြင်ပြီဖြစ်ပါသည်။
လိုအပ်ပါက ဖော်ပြထားသည့် video တွင် လေ့လာနိုင်ပါသည်။ သို့မဟုတ် ရိုးမဘဏ် Customer Care Center ၉၆၆၂ သို့ ၀၉၇၉၆၆၂၉၆၆၂ သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
- အဆင့် ၁) Yoma Bank Mobile Banking Application (သို့) Online Banking ကို Login ဝင်ပါ။
- အဆင့် ၂) Main Menu ရှိ send money ကိုရွေးချယ်ပါ။
- အဆင့် ၃) ငွေလက်ခံမည့်သူ ကိုရွေးချယ်ပါ။ (ယခင်လွှဲပြောင်းဖူးသူမဟုတ်ပါက နာမည်၊ အကောင့်နံပါတ်တို့ ဖြည့်သွင်းပြီး လက်ခံသူအသစ်စာရင်းသွင်းပေးပါ။)
- အဆင့် ၄) လွှဲပြောင်းပေးလိုသည့် ပမာဏကို ထည့်သွင်းပါ။
- အဆင့် ၅) ငွေလွှဲပေးပို့သည့်အကြောင်းအရာ (လိုအပ်ပါက)
- အဆင့် ၆) ငွေလွှဲပေးမည့် မိမိအကောင့်ကိုရွေးချယ်ပါ။
- အဆင့် ၇) လွှဲပြောင်းမည့် အချိန်ကိုရွေးချယ်ပြီး Send ကိုနှိပ်ပါ။
- အဆင့် ၈) ငွေလွှဲလက်ခံမည့်အကောင့်နံပါတ်နှင့် ငွေပမာဏကို ပြန်လည်စစ်ဆေးပါ။
- အဆင့် ၉) ပြီးလျှင် Sign ကိုရွေးချယ်ပါ။ (PIN နံပါတ် အတည်ပြုပေးရမည်) ပြီးလျှင် OK ကိုနှိပ်ပါ။
လိုအပ်ပါက ဖော်ပြထားသည့် video တွင်လေ့လာနိုင်ပါသည််။ သို့မဟုတ် ရိုးမဘဏ် Customer Care Center ၉၆၆၂ သို့ ၀၉၇၉၆၆၂၉၆၆၂ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။