30.3.3 အထူးအစီအစဥ်အတွက် ကံထူးခွင့် Ticket အရေအတွက်ကို အောက်ပါ လင့်ခ်တွင် စစ်ဆေးကြည့်ရှုနိုင်ပါပြီ။

  Tickets စစ်ရန်

30.3.3 အထူးအစီအစဥ် ဆိုတာ ဘာလဲ

ရိုးမဘဏ်၏ နှစ် (၃၀) ပြည့်တွင် အေးအတူ ပူအမျှ အမြဲအတူရှိပေးခဲ့သည့် Customer များအတွက် ကျေးဇူးတုံ့ပြန်သောအားဖြင့် အတိုးလည်း ရ ဆုကြီးများလည်း ရယူနိုင်တဲ့ အထူးအစီအစဥ် ဖြစ်ပါသည်။

Promotion Period: 1st May – 31st October, 2023

၂၀၂၃ ခုနှစ်၊ မေလ (၁)ရက်နေ့ မှ အောက်တိုဘာလ (၃၁)ရက်နေ့ အထိ (၆)လ တိုင်တိုင် ကျင်းပသွားမည် ဖြစ်ပါသည်။

ဆုရွေးချယ်ပွဲတွင် ပေးအပ်မည့်ဆုများ

City Loft တိုက်ခန်း
Brand New KIA (Cerato) ကားသစ်ကြီး
ရွှေ (၃) ကျပ်သား
City Loft

Flexi Savings (ငွေစုဘဏ်အပ်ငွေစာရင်း) တွင် လစဥ် အနည်းဆုံး သိန်း (၃၀) ကျပ်မှ စတင်၍ စိတ်ကြိုက် ငွေစုနိုင်ပြီး မိမိအပ်ငွေစာရင်းအတွင်း (၃) လ အနည်းဆုံးထားရှိရုံဖြင့် လစဥ်အတိုးများ ခံစားရမည်သာမက အနာဂတ်အတွက် ခိုင်မာသည့်ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် CITY LOFT တိုက်ခန်း ပိုင်ဆိုင်နိုင်မည့် အခွင့်အရေးများလည်း ရရှိမှာဖြစ်ပါသည်။

City Loft

Flexi Call (ခေါ်ယူအပ်ငွေစာရင်း) တွင် လစဥ် အနည်းဆုံး သိန်း (၃၀) ကျပ်မှ စတင်၍ စိတ်ကြိုက်ငွေစုနိုင်ပြီး မိမိအပ်ငွေစာရင်းအတွင်း (၃) လ အနည်းဆုံးထားရှိရုံဖြင့် နေ့စဥ်တွက်ချက်ထားသည့် အတိုးများ လစဥ် ခံစားရမည်သာမက ရွှေ (၃) ကျပ်သား ဆုပေါင်း (၃၀) ရယူနိုင်မည့် အခွင့်အရေးများလည်း ရရှိမှာ ဖြစ်ပါသည်။

အထူးအစီအစဥ်ကာလ အပြီးတွင် ဆုရွေးချယ်ပွဲ အခမ်းအနားနှင့်တကွ ကံထူးရှင် ရွေးချယ်ပေးအပ်သွားမည် ဖြစ်ပါသည်။

“30.3.3” နှစ် (၃၀) ပြည့် ကျေးဇူးတုံ့ပြန်ခြင်း အထူးအစီအစဥ်တွင် ပါဝင်နိုင်ရန်လိုအပ်ချက်များ

မိမိကြိုက်နှစ်သက်ရာ Flexi အပ်ငွေစာရင်းများဖွင့်ပြီး စိတ်ကြိုက်စုငွေများ အပ်နှံကာ များများစု များများအခွင့်ရေးရဖို့ အခုပဲ ပါဝင်လိုက်ပါ။

  • Flexi Savings (ငွေစုဘဏ်အပ်ငွေစာရင်း) တွင် နေ့စဥ် အနည်းဆုံးစာရင်းလက်ကျန် သိန်း (၃၀) ကျပ်ကို “၃” လ (ရက်ပေါင်း ၉၀) ဆက်တိုက်ထားရှိပါက လက်မှတ်တစ်စောင်နှင့် ညီမျှသော အခွင့်အရေး တစ်ကြိမ် ရရှိမည်ဖြစ်ပါသည်။
  • Flexi Call (ခေါ်ယူအပ်ငွေစာရင်း) တွင် နေ့စဥ် အနည်းဆုံးစာရင်းလက်ကျန် သိန်း (၃၀) ကျပ်ကို “၃” လ (ရက်ပေါင်း ၉၀) ဆက်တိုက်ထားရှိပါက လက်မှတ်တစ်စောင်နှင့်ညီမျှသော အခွင့်အရေး တစ်ကြိမ် ရရှိမည်ဖြစ်ပါသည်။
  • Flexi Everyday (စာရင်းရှင်စာရင်း)တွင် နေ့စဥ် အနည်းဆုံးစာရင်းလက်ကျန် (၃) သိန်းကျပ်ကို “၃” လ (ရက်ပေါင်း ၉၀) ဆက်တိုက်ထားရှိပါက လက်မှတ်တစ်စောင်နှင့်ညီမျှသော အခွင့်အရေး တစ်ကြိမ် ရရှိမည်ဖြစ်ပါသည်။
  • အပ်ငွေ တိုးလာသည်နှင့်အမျှ ရွေးချယ်ခံရမည့် အခွင့်အရေး၊ အလားအလာ ရာခိုင်နှုန်း မြင့်တက်လာမည် ဖြစ်ပါသည်။
  • Flexi Savings ၊ Flexi Call နှင့် Flexi Everyday စာရင်း ရှိပြီးသားသူများ (သို့) မရှိသေးသူများ အနေဖြင့် ဘဏ်ခွဲတွင် စာရင်းအသစ်ဖွင့်၍ ငွေသားအပ်နှံကာ ပါဝင်နိုင်ပါသည်။
  • အသက် (၁၈) နှစ် ပြည့်ပြီးသူတိုင်း Flexi အပ်ငွေစာရင်း အသစ်ဖွင့်ပြီး မည်သူမဆို ပါဝင်နိုင်ပါသည်။
  • “30.3.3” အထူးအစီအစဥ်တွင် ပါဝင်သော သက်ဆိုင်ရာ Flexi အပ်ငွေစာရင်းများ၏ သတ်မှတ် စံနှုန်းများနှင့် အတူ၊ အစီအစဥ်၏ သတ်မှတ်ထားသော စည်းမျဥ်းစည်းကမ်းများအတိုင်း လိုက်နာ ဆောင်ရွက်ရင်း ပါဝင်နိုင်ပါသည်။

စည်းကမ်းသတ်မှတ်ချက်များ (Terms & Conditions)

  • “30.3.3” နှစ် (၃၀) ပြည့် ကျေးဇူးတုံ့ပြန်ခြင်း အထူးအစီအစဥ် ကို ၂၀၂၃ ခုနှစ်၊ မေလ (၁) ရက်နေ့ မှ အောက်တိုဘာလ (၃၁) ရက်နေ့အထိ (၆) လ တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပါသည်။
  • ဤအစီအစဉ်၌ Customer များအနေဖြင့် ပါဝင်နိုင်ရန်အတွက် ရိုးမဘဏ်၏ Flexi Savings, Flexi Call နှင့် Flexi Everyday အပ်ငွေစာရင်းများတွင် စုငွေများ ထားရှိရပါမည်။
  • သက်ဆိုင်ရာ Flexi အပ်ငွေစာရင်းများသို့ Yoma Bank Mobile Banking Application အသုံးပြုပြီး ရိုးမဘဏ် စာရင်းအချင်းချင်း ငွေလွှဲ၍ဖြစ်စေ၊ အခြား ဘဏ်များ၏ Mobile Banking Application အသုံးပြုပြီး ငွေလွှဲ၍ဖြစ်စေ၊ ရိုးမဘဏ် ဘဏ်ခွဲများသို့ မိမိကိုယ်တိုင် ငွေသား လာရောက်အပ်နှံ၍ ဖြစ်စေ၊ CBM Net အသုံးပြု၍ အခြားမည်သည့် ဘဏ် (သို့) ATM များမှမဆို ငွေလွှဲ၍ဖြစ်စေ ပါဝင်နိုင်ပါသည်။
  • တစ်ဦးချင်းစာရင်း (Personal Account) ဖြင့်သာ ဤအစီအစဉ်တွင် ပါဝင်နိုင်မည်ဖြစ်ပြီး ကုမ္ပဏီစာရင်း (Enterprise Account)၊ ပူးတွဲစာရင်း (Joint Account) များ၊ အရွယ်မရောက်သေးသူ သက်ငယ်စာရင်း (Minor Account) များနှင့် နိုင်ငံခြားသား (Foreigner) များ ပါဝင်ခွင့်မရှိပါ။
  • “30.3.3” အထူးအစီအစဥ်တွင် ပါဝင်သော သက်ဆိုင်ရာ Flexi အပ်ငွေစာရင်းများ၏ သတ်မှတ် စံနှုန်းများအတိုင်း စုငွေအတိုး အကျိုးခံစားခွင့်များ ရရှိနိုင်မည်ဖြစ်သည်။
    • Flexi Savings အတိုးနှုန်း : 7 % p.a. (လစဥ် အတိုးတွက်ချက်မှု)
    • Flexi Call အတိုးနှုန်း : 6% ~ 7.5% p.a. (နေ့စဥ် အတိုးတွက်ချက်မှု)
    • Flexi Everyday : အတိုးမရရှိသော စာရင်းရှင်အပ်ငွေအမျိုးအစား
  • သက်ဆိုင်ရာ Flexi အပ်ငွေစာရင်းများတွင် သတ်မှတ်ထားသည့် နေ့စဥ် အနည်းဆုံး ငွေလက်ကျန်များကို အနည်းဆုံး “၃” လ (ရက်ပေါင်း ၉၀) တိတိ ဆက်တိုက်ထားရှိမှသာ ဆုရွေးချယ်မှုအစီအစဥ်အတွက် လက်မှတ်တစ်စောင်နှင့်ညီမျှသော အခွင့်အရေး တစ်ကြိမ် ရရှိမည်ဖြစ်ပါသည်။
  • အပ်ငွေတိုးလာသည်နှင့်အမျှ ရွေးချယ်ခံရမည့် အခွင့်အရေး၊ အလားအလာ ရာခိုင်နှုန်း မြင့်တက်လာမည် ဖြစ်ပါသည်။
  • အစီအစဥ်ကာလ (မေလ၊၂၀၂၃ မှ အောက်တိုဘာလ၊ ၂၀၂၃ အတွင်း) မည်သည့်အချိန်တွင်မဆို မိမိပါဝင်လိုသည့် အပ်ငွေ စာရင်းအမျိုးအစားသို့ ငွေစုလိုသည့် အနည်းဆုံးလက်ကျန်ငွေကို သတ်မှတ်ထားရှိပြီး ၎င်း စာရင်းအတွင်း မှ “၃” လ (ရက်ပေါင်း ၉၀) တိတိ ငွေမထုတ်ဘဲ ပါဝင်ရန် သဘောတူခြင်းဖြင့်လည်း ဆုရွေးချယ်မည့် အခွင့်အရေးတွင် ပါဝင်နိုင်ပါသည်။
  • ဘဏ်စာရင်းတစ်ခု/ စာရင်းပိုင်ရှင်တစ်ဦးသည် ဆုရွေးချယ်မှုအစီအစဥ်တွင် ဆုတစ်ခုသာ လက်ခံရရှိခွင့် ရှိသည်။
  • ဤအစီအစဉ်နှင့် ပက်သက်ပြီး အငြင်းပွားဖွယ် တစ်စုံတစ်ရာဖြစ်ပေါ်ခဲ့ပါက ရိုးမဘဏ်၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စစ်ဆေးပြီး ဘဏ်၏ ဆုံးဖြတ်ချက်ကိုသာ အတည်ပြုမည် ဖြစ်ပါသည်။
  • ဤအစီအစဥ်တွင် ရိုးမဘဏ် ဝန်ထမ်းများ ပါဝင်ခွင့် မရှိပါ။
  • ဤအစီအစဥ်တွင် ပါဝင်မှုနှင့်ပတ်သက်၍ ရိုးမဘဏ်ဝန်ထမ်း တစ်ဦးဦးထံသို့ ဆက်သွယ်၍လည်းကောင်း၊ ရိုးမဘဏ်၏ တရားဝင် Facebook စာမျက်နှာ၊ Messenger နှင့် Website စာမျက်နှာများသို့ မိမိ၏ ကိုယ်ရေးအချက်အလက်များ၊ အပ်ငွေစာရင်း အချက်အလက်များ ပေးပို့မေးမြန်းခြင်းများနှင့် စုငွေထည့်သွင်းခြင်းများ သော်လည်းကောင်း လုံးဝ မပြုလုပ်ရပါ။