မသမာသူများသည် သင့်ငွေကြေးနှင့် ကိုယ်ရေးအချက်အလက်များကို ခိုးယူရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားနေကြပါသည်။ ထိုအရာများမှ ကာကွယ်နိုင်ရန် အကောင်းဆုံးနည်းလမ်းတစ်ခုမှာ ငွေကြေးဝန်ဆောင်မှုများကို ဖုန်းတစ်လုံးတည်း (One Device) ဖြင့်သာ အသုံးပြုခြင်းပဲ ဖြစ်ပါသည်။
Yoma Bank Next Mobile Application ၏ One Device Management ကို အသုံးပြုခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည်။
🔐 ပိုမိုလုံခြုံသောစနစ်ကို ရရှိနိုင်ခြင်း
သုံးစွဲသူတစ်ဦးသည် မိုဘိုင်းဖုန်းတစ်လုံးတည်းဖြင့်သာ ဝင်ရောက်အသုံးပြုနိုင်သည့်အတွက် အကောင့်လုံခြုံမှု ပိုမိုမြင့်မားစေပါသည်။
🛑 မသမာသူများမှ အကောင့်ကို ဝင်ရောက်အသုံးပြုခြင်းမှ ကာကွယ်နိုင်ခြင်း
Device အသစ်တစ်ခုမှ ဝင်ရောက်တိုင်း လက်ရှိအသုံးပြုနေသော ဖုန်းမှတစ်ဆင့် အတည်ပြုခြင်း (သို့မဟုတ်) ပယ်ဖျက်ခြင်းကို ပြုလုပ်နိုင်သည့်အတွက် မသမာမှုများမှ ကာကွယ်နိုင်ပါသည်။ (အသစ်ဝင်ရောက်လိုသည့် Device ကို အတည်ပြုပြီးသည်နှင့် Device အဟောင်းသည် အလိုအလျောက် Unlink ဖြစ်သွားပါမည်။)
ချိတ်ဆက်ထားသော Device များကို စစ်ဆေးပြီး စီမံခန့်ခွဲနည်းအဆင့်ဆင့်ကို ဤလင့်ခ် https://ymbank.co/next-device-manage တွင် ကြည့်ရှုနိုင်ပါသည်။
မသမာသူတွေထံများမှ မိမိငွေကြေးနှင့်ကိုယ်ရေးအချက်အလက်တွေ ဆုံးရှုံးမှုမရှိစေရန် Scam Awareness ဆိုင်ရာ အသိပညာဗဟုသုတတွေကို မျှဝေပေးသွားမှာဖြစ်သည့်အတွက် Yoma Bank Official Facebook Page ကိုစောင့်ကြည့်ပေးပါရန် နှင့် မည်သည့်အချိန်တွင်မဆို သံသယဖြစ်ဖွယ်အခြေအနေများနှင့် ကြုံတွေ့ရပါက ရိုးမဘဏ်၏ Customer Care Center ၉၆၆၂ (သို့မဟုတ်) ၀၉၇၉၆၆၂၉၆၆၂ သို့ ချက်ချင်းဆက်သွယ်ရန် တိုက်တွန်းပြောကြားလိုပါသည်။ 📞🛡️