ဦးဉာဏ်မြင့်အောင်
Acting Chief Operations Officer

Position
Acting Chief Operations Officer
ကိုယ်ရေးအချက်အလက်
ဦးဉာဏ်မြင့်အောင်သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ ရိုးမဘဏ်၏ Acting Chief Operations Officer အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး ဘဏ်လုပ်ငန်းစဉ်များ၊ လက်လီဘဏ်လုပ်ငန်း၊ နိုင်ငံတကာဘဏ်လုပ်ငန်း၊ ငွေလွှဲစီမံခန့်ခွဲမှု၊ ငွေကြေးစီမံခန့်ခွဲမှု၊ ထုတ်ကုန်ဖွံ့ဖြိုးမှုနှင့် စီမံခန့်ခွဲမှု၊ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုတို့တွင် နှစ်ပေါင်း (၃၀) ခန့် အတွေ့အကြုံရှိသူတစ်ဦး ဖြစ်ပါသည်။ ၎င်း၏ စီမံခန့်ခွဲခေါင်းဆောင်နိုင်မှုနှင့် လုပ်ငန်းလည်ပတ်မှု အတွေ့အကြုံများသည် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများကို ထိရောက်ဆန်းသစ်စွာ ဖြေရှင်းပံ့ပိုးပေးနိုင်ရန်အတွက် များစွာ အားဖြည့်ပေးပါသည်။
ဦးဉာဏ်မြင့်အောင်သည် ၁၉၉၅ ခုနှစ်တွင် ရိုးမဘဏ်သို့ စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ဘဏ်၏ ဌာနများနှင့် ဘဏ်ခွဲများစွာတွင် စီမံခန့်ခွဲမှုဆိုင်ရာ ရာထူးတာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။ လက်ရှိရာထူးမတိုင်ခင် ဘဏ်၏ Head of Core Operations၊ Deputy Head of Branch Operations & Cash Management နှင့် Acting Chief Products, Services & Channels Officer အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဘဏ်လုပ်ငန်းစဉ်များနှင့် မဟာဗျူဟာပိုင်းဆိုင်ရာ ခေါင်းဆောင်မှုအတွေ့အကြုံ များစွာရှိပါသည်။
ဦးဉာဏ်မြင့်အောင်သည် မန္တလေးအဝေးသင်တက္ကသိုလ်မှ ရူပဗေဒဘာသာ (Bachelor of Science) ဘွဲ့ကို ရရှိခဲ့ပြီး၊ မိတ္ထီလာ စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးမဟာဘွဲ့ (Master of Business Administration) နှင့် ရန်ကုန် စီးပွားရေးတက္ကသိုလ်မှ ဘဏ်လုပ်ငန်းနှင့် ငွေကြေးစီမံခန့်ခွဲမှု မဟာဘွဲ့ (Master of Banking and Finance) ကို ရရှိထားပါသည်။ ထို့ပြင် ဂျာမနီနိုင်ငံ Frankfurt School of Finance & Management မှ Certified Expert in Risk Management လက်မှတ်ကိုင်ဆောင်ထားသူ ဖြစ်ပါသည်။