ဒေါ်ပွင့်သော်တာမောင်

Chief Financial Officer

Team info icon

Position

Chief Financial Officer

Biographical Details


ဒေါ်ပွင့်သော်တာမောင်သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှစတင်၍ ရိုးမဘဏ်တွင် Chief Financial Officer ရာထူးဖြင့် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ ရိုးမဘဏ်သို့မဝင်ရောက်မီ ရိုးမအုပ်စုတွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှစတင်၍ Head of Risk Management and Assurance အဖြစ်လည်းကောင်း၊ ၂၀၁၉ ခုနှစ်မှစတင်၍ Yoma Fleet Limited တွင် ငွေရေးကြေးရေးအရာရှိချုပ်အဖြစ်လည်းကောင်း ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအထိ တာ၀န်ထမ်းဆောင်ခဲ့ပါသည်။ ဒေါ်ပွင့်သော်တာမောင်သည် ၂၀၁၈ ခုနှစ်တွင် ရိုးမအုပ်စု၏ လုပ်ငန်းတစ်ခုဖြစ်သော Yoma Heavy Equipment Company Limited တွင် Financial Controller ရာထူးဖြင့်  စိုက်ပျိုးရေးနှင့်ဆောက်လုပ်ရေးစက်ပစ္စည်းများတင်သွင်းရောင်းချခြင်းဆိုင်ရာ ဘဏ္ဍာရေးစီမံခန့်ခွဲခြင်း၊ လုပ်ငန်းဆိုင်ရာစီမံအုပ်ချုပ်ခြင်းစသည့် လုပ်ငန်းများကို တာဝန်ယူခဲ့ပါသည်။ ထို့ပြင် ၂၀၁၇ ခုနှစ်တွင် Ooredoo Myanmar Limited တွင် Senior Pricing Manager ရာထူးဖြင့် ဆက်သွယ်ရေး၀န်ဆောင်မှု စျေးနှုန်းပြောင်းလဲမှုများကို မြန်မာနိုင်ငံဆက်သွယ်ရေး၀န်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပြောင်းလဲသတ်မှတ်ခြင်းများကို တာ၀န်ယူဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ရာထူးတာဝန်များမတိုင်မီ ၂၀၀၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ စင်ကာပူနိုင်ငံတွင် အရေးကြီးသော ‌ငွေရေးကြေးရေးနှင့် စာရင်းအင်းစီမံခန့်ခွဲမှုလုပ်ငန်းတာ၀န်များကို  စင်္ကာပူနိုင်ငံအစိုးရရုံး (Central Provident Fund Board) တွင်လည်းကောင်း၊ Alibaba Group ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သော Lazada Southeast Asia Pte Ltd တွင်လည်းကောင်း၊ Singapore Telecommunication Ltd ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သော NCS Pte Ltd တွင်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ 

ဒေါ်ပွင့်သော်တာမောင်သည် မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး UK ရှိ University of London မှ MSc. in Professional Accountancy ဘွဲ့နှင့် University of Portsmouth မှ B.A in Accountancy and Financial Management ဘွဲ့များ ရရှိထားပါသည်။ ထို့အပြင် နိုင်ငံတကာအသိအမှတ်ပြု Association of Chartered Certified Accountants (ACCA) ၏ Chartered Certified Accountant တစ်ဦးလည်း ဖြစ်ပါသည်။