Dr. Holger Dirk Michaelis
အမှုဆောင်မဟုတ်သော ဒါရိုက်တာ
ရာထူး
အမှုဆောင်မဟုတ်သော ဒါရိုက်တာ
နောက်ဆုံးပြန်လည်ရွေးကောက်တင်မြှောက်သည့်နေ့ရက်
ဇူလိုင်လ ၂၀၂၃
ဒါရိုက်တာအဖြစ် အခြားစာရင်းဝင်ကုမ္ပဏီများတွင် လက်ရှိတာဝန်ထမ်းဆောင်နေမှုများ
မရှိ
ကုမ္ပဏီတွင် အကျိုးအမြတ်ပါဝင်မှု
မရှိ
ကိုယ်ရေးအချက်အလက်
Dr. Holger Dirk Michaelis သည် GIC Private Limited (GIC) ၏ စီနီယာ ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်ပြီး Private Equity Group အတွက် Financial Services နှင့် Strategy & Risk တို့၏ ဌာနတာဝန်ခံအဖြစ် တာဝန်ယူထားသူလည်းဖြစ်ပါသည်။ ၎င်းသည် Private Equity နှင့် ပတ်သက်၍သော်လည်းကောင်း၊ Financial Services နှင့် ပတ်သက်သည့် ကုမ္ပဏီများ၏ Strategic Advisor အနေဖြင့်သော်လည်းကောင်း အတွေ့အကြုံများစွာရှိသူလည်း ဖြစ်ပါသည်။ GIC တွင် တာဝန်မထမ်းဆောင်မီ ဂျာမနီနိုင်ငံ၊ Frankfurt အခြေစိုက်နှင့် ယခု တရုတ်နိုင်ငံ၊ ပေကျင်းအခြေစိုက် Boston Consulting Group တွင် Partner နှင့် Managing Director တစ်ဦးအနေဖြင့် တာဝန်ယူခဲ့ပါသည်။
Dr. Holger Dirk Michaelis သည် UT Austin မှ MBA ဘွဲ့ကိုရရှိထားပြီး ဂျာမနီနိုင်ငံရှိ WHU Koblenz မှ Business ဆိုင်ရာ Graduate Degree နှင့် Economics ဆိုင်ရာ ပါရဂူဘွဲ့ ရရှိထားသူဖြစ်သည်။