Mr. Chintaman Mahadeo Dixit alias Dilip
အမှုဆောင်မဟုတ်သော သီးခြားလွတ်လပ်သော ဒါရိုက်တာ
ရာထူး
အမှုဆောင်မဟုတ်သော သီးခြားလွတ်လပ်သော ဒါရိုက်တာ
နောက်ဆုံးပြန်လည်ရွေးကောက်တင်မြှောက်သည့်နေ့ရက်
အောက်တိုဘာလ ၂၀၂၄
ဒါရိုက်တာအဖြစ် အခြားစာရင်းဝင်ကုမ္ပဏီများတွင် လက်ရှိတာဝန်ထမ်းဆောင်နေမှုများ
မရှိ
ကုမ္ပဏီတွင် အကျိုးအမြတ်ပါဝင်မှု
မရှိ
ကိုယ်ရေးအချက်အလက်
Mr. Dilip Dixit သည် စာရင်းအင်းနှင့် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများတွင် ဆယ်စုနှစ် (၅) ခု နီးပါး လုပ်သက်ရှိသူတစ်ဦး ဖြစ်ပါသည်။ သက်တမ်းကြာရှည်ပြီး နာမည်အကြီးဆုံး Chartered Accountants ကုမ္ပဏီတစ်ခုဖြစ်သည့် Viz. G.D.Apte & Co. ၏ Managing Partner တစ်ဦးလည်း ဖြစ်ပါသည်။ အခြားသောကဏ္ဍများထက် ဘဏ်လုပ်ငန်း၊ ငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများနှင့် အာမခံ (BFSI) လုပ်ငန်းများ၏ စာရင်းစစ်ချုပ်နှင့် အတိုင်ပင်ခံအဖြစ် အထူးပြုလုပ်ကိုင်ဆောင်ရွက်ပါသည်။ အိန္ဒိယရှိ ထိပ်တန်းဘဏ်များဖြစ်သည့် Union Bank of India၊ IDBI Ltd.၊ Bank of India၊ State Bank of India များ၏ Statutory Auditor အဖြစ်လည်း တာဝန်ယူထားပါသည်။ ဘဏ်များကို လွှဲပြောင်းယူခြင်းနှင့်ပေါင်းစည်းခြင်း ကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်ပေးပြီး၊ Public Sector ဘဏ်မှ သမဝါယမဘဏ်ကို လွှဲပြောင်းယူခြင်းကိစ္စမှာ ၎င်း၏ ပထမဦးဆုံးစွမ်းဆောင်ဖန်တီးမှုဖြစ်ပါသည်။
Mr. Dilip Dixit သည် Life Insurance Corporation of India ၏ စာရင်းစစ်ချုပ်အဖြစ်လည်း အခါအားလျော်စွာ ဆောင်ရွက်ခဲ့ပါသည်။ Nostro စာရင်းများ၏ ပြဿနာများကို ဆန်းစစ်နိုင်ရေးအတွက် Reserve Bank of India မှ ဖွဲ့စည်းထားသော Study Group ၏ အဖွဲ့ဝင်လည်း ဖြစ်ခဲ့ပါသည်။ Institute of Chartered Accountants of India ၏ အမျိုးမျိုးသော နည်းပညာဆိုင်ရာကော်မတီများ၏ Co-opted အဖွဲ့ဝင် တစ်ဦးလည်းဖြစ်ခဲ့ပြီး၊ Dena Bank၊ India Bank၊ Bandhan Bank Ltd နှင့် Stock Holding Corporation Ltd တို့၏ သီးခြားလွတ်လပ်သော ဒါရိုက်တာအဖြစ်လည်း တာဝန်ယူခဲ့ပါသည်။ ထိုမျှသာမက ၎င်းသည် အိန္ဒိယနိုင်ငံ ဗဟိုအစိုးရ၏ Konkan Railways Ltd. ဘုတ်အဖွဲ့တွင် သီးခြားလွတ်လပ်သော ဒါရိုက်တာအဖြစ်လည်း ခန့်အပ်ခြင်းခံခဲ့ရပါသည်။
Mr. Dilip Dixit သည် Commerce ဘွဲ့ရတစ်ဦးဖြစ်ပြီး Institute of Chartered Accountants of India ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။