ဦးကြည်အေး
ဒါရိုက်တာ
ရာထူး
ဒါရိုက်တာ
နောက်ဆုံးပြန်လည်ရွေးကောက်တင်မြှောက်သည့်နေ့ရက်
အောက်တိုဘာလ ၂၀၂၄
ဒါရိုက်တာအဖြစ် အခြား စာရင်းဝင် ကုမ္ပဏီများတွင် တာဝန်ထမ်းဆောင်နေမှုများ
First Myanmar Investment Public Company Limited (Myanmar)
ကုမ္ပဏီတွင် အကျိုးအမြတ်ပါဝင်မှု
FMI မှတစ်ဆင့် တိုက်ရိုက်မဟုတ်သော အကျိုးအမြတ်ပါဝင်မှု **
ကိုယ်ရေးအချက်အလက်
ဦးကြည်အေးသည် ဘဏ်လုပ်ငန်းဆိုင်ရာ အသက်မွေးမှုကို ၁၉၆၀ ပြည့်နှစ်တွင် စတင်ခဲ့ပြီး ၁၉၆၅ ခုနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် (၂၅) နှစ်တာကာလအတွင်း ၁၉၈၇ ခုနှစ် မှ ၁၉၈၉ ခုနှစ်ထိ Chief Accountant ရာထူးဖြင့်လည်းကောင်း၊ ၁၉၈၉ ခုနှစ် မှ ၁၉၉၁ ခုနှစ် အထိ အမှုဆောင်ဒါရိုက်တာအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၁ ခုနှစ်တွင် မြန်မာ့စီးပွားရေးဘဏ်၏ Managing Director အဖြစ် ခန့်အပ်ခြင်းခံရပါသည်။ ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဥက္ကဋ္ဌအဖြစ် ၁၉၉၂ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် တာဝန်မှ အငြိမ်းစားယူခဲ့ပါသည်။
၂၀၀၀ ပြည့်နှစ်မှစတင်၍ ရိုးမဘဏ်လီမိတက်တွင် Special Counsel to the Chairman အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ်မှ Bachelor of Commerce နှင့် Bachelor of Laws ဘွဲ့များကို ရရှိထားသည့်အပြင် The Economic Institute in Boulder ၊ Colorado ၊ USA မှ Diploma in World Banking and Finance ကို ရရှိထားပါသည်။ ဦးကြည်အေးသည် Certified Public Accountant တစ်ဦးလည်း ဖြစ်ပါသည်။
** အသေးစိတ် အချက်အလက်များအတွက် FMI 2022 နှစ်ပတ်လည်အစီရင်ခံစာ၊ စာမျက်နှာ ၁၂ တွင် ဖတ်ရှုပါရန်။