စိုက်ပျိုးရေးလုပ်ငန်းသုံးချေးငွေ
Business Banking > Loans
စိုက်ပျိုးရေးလုပ်ငန်းသုံးချေးငွေ
Business Banking > Loans
စိုက်ပျိုးရေးလုပ်ငန်းသုံးချေးငွေ အကြောင်း
ရိုးမဘဏ်၏ စိုက်ပျိုးရေးလုပ်ငန်းသုံးချေးငွေသည် စိုက်ပျိုးရေးကဏ္ဍ၏လိုအပ်ချက်များကို ဖြည့်ဆည်းရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းများ အဆင့်မြှင့်တင်နိုင်စေရန် ပံ့ပိုးပေးနေသော ချေးငွေအမျိုးအစားဖြစ်ပါသည်။
စိုက်ပျိုးရေးလုပ်ငန်းသုံးချေးငွေ အမျိုးအစား ၆ မျိုးမှာ ကာလတို သီးနှံရာသီပေါ်ချေးငွေ(ဆန်စပါး)၊ ကာလတို သီးနှံရာသီပေါ်ချေးငွေ(ပြောင်း)၊ ပေးရန်ရှိ စိုက်ထုတ်ချေးငွေ၊ စိုက်ပျိုးမွေးမြူရေးသွင်းအားစု/ထွက်ကုန် အာမခံချေးငွေ၊ ရရန်ရှိ ကြိုတင်ထုတ်ချေးငွေနှင့် အသေးစားနှင့်အလတ်စား စိုက်ပျိုးရေးလုပ်ငန်းသုံးချေးငွေတို့ ဖြစ်ပါသည်။
စိုက်ပျိုးရေးလုပ်ငန်းသုံးချေးငွေကို ဘာကြောင့်ရွေးချယ်သင့်သလဲ။
အကျိုးခံစားခွင့်များ
လုပ်ငန်းငွေကြေးလည်ပတ်မှုကို တိုးတက်စေခြင်း
လုပ်ငန်းတိုးတက်မှုနှင့် လုပ်ငန်းချဲ့ထွင်မှုကို အထောက်အပံ့ဖြစ်စေခြင်း
ချေးငွေလျှောက်ထားရန် လွယ်ကူမြန်ဆန်ခြင်း
စိုက်ပျိုးရေးလုပ်ငန်းများနှင့်ကိုက်ညီပြီး ထိရောက်မှုရှိသော ချေးငွေဖြစ်ခြင်း
ချေးငွေလျှောက်ထားရန်
- လုပ်ငန်းလိုင်စင်
- ကုမ္ပဏီမှတ်ပုံတင် (ကုမ္ပဏီဖြင့် ချေးငွေလျှောက်ထားပါက)
- မှတ်ပုံတင် မူရင်းနှင့်မိတ္တူ
- အိမ်ထောင်စုစာရင်း မူရင်းနှင့်မိတ္တူ
- ရပ်ကွက်ထောက်ခံစာ မူရင်း
- ဝင်ငွေရရှိသည့် အထောက်အထား
- ဝင်ငွေခွန်ပြေစာများ
- ဘဏ္ဍာရေးစာရင်းရှင်းတမ်းများ တင်ပြရပါမည်။
စိုက်ပျိုးရေးလုပ်ငန်းသုံးချေးငွေအတွက်
အသေးစိတ်အချက်အလက်နှင့် သတ်မှတ်ချက်များ
- ဆန်စပါး/ပြောင်း စိုက်ပျိုးသူ တောင်သူကြီးများ
- ပြည်ပပို့ကုန်လုပ်ငန်းရှင်များ၊ ကုန်သည်များ
- ဆန်/ပြောင်း စက်ပိုင်ရှင်များ
- ကန်ထရိုက်/လယ်ယာလုပ်ဆောင်သော ကုမ္ပဏီများအတွက် သင့်လျော်ပါသည်။
အတိုးနှုန်း* | ချေးငွေသက်တမ်း* | ချေးငွေပမာဏ* | ကနဦး ပေးသွင်းငွေ* | |
ကာလတို သီးနှံရာသီပေါ် ချေးငွေ (ဆန်စပါး) | ၁၃ % (အနည်းဆုံး) | အများဆုံး (၁၁) လ | အနည်းဆုံး – ကျပ်သိန်း (၅၀၀) အများဆုံး – ကျပ်သိန်း (၅,၀၀၀) | ၁% (အနည်းဆုံး ၂၅၀,၀၀၀ ကျပ်) |
ကာလတို သီးနှံရာသီပေါ် ချေးငွေ (ပြောင်း) | ၁၃ % (အနည်းဆုံး) | အများဆုံး (၁၁) လ | အနည်းဆုံး – ကျပ်သိန်း (၃၀၀) အများဆုံး – ကျပ်သိန်း (၃,၀၀၀) | ၁% (အနည်းဆုံး ၂၅၀,၀၀၀ ကျပ်) |
ပေးရန်ရှိ စိုက်ထုတ်ချေးငွေ | ၁၃ % (အနည်းဆုံး) | ချေးငွေဘောင်ချာတစ်ခုတွင် အများဆုံး ရက် (၁၈၀) | အနည်းဆုံး – ကျပ်သိန်း (၂၅၀) အများဆုံး – ကျပ်သိန်း (၅,၀၀၀) | ၁% (အနည်းဆုံး ၂၅၀,၀၀၀ ကျပ်) |
စိုက်ပျိုးမွေးမြူရေး သွင်းအားစု / ထွက်ကုန် အာမခံချေးငွေ | ၁၃% (အနည်းဆုံး) | အများဆုံး (၁) နှစ် | အနည်းဆုံး – ကျပ်သိန်း (၅,၀၀၀) အများဆုံး – ကျပ်သိန်း (၆၀,၀၀၀) | ၁% (အနည်းဆုံး ၂၅၀,၀၀၀ ကျပ်) |
ရရန်ရှိ ကြိုတင်ထုတ်ချေးငွေ | ၁၃% (အနည်းဆုံး) | ချေးငွေဘောင်ချာ တစ်ခုတွင် အများဆုံး ရက် (၁၈၀) | အနည်းဆုံး – ကျပ်သိန်း (၅,၀၀၀) အများဆုံး – ကျပ်သိန်း (၂၀,၀၀၀) | ၁% (အနည်းဆုံး ၂၅၀,၀၀၀ ကျပ်) |
အသေးစားနှင့် အလတ်စားစိုက်ပျိုးရေးလုပ်ငန်းသုံး ချေးငွေ | ၁၃% (အနည်းဆုံး) | အများဆုံး (၃) နှစ် | အနည်းဆုံး – သက်မှတ်ချက်မရှိ အများဆုံး – ကျပ်သိန်း (၁၀,၀၀၀) | ၁% (အနည်းဆုံး ၂၅၀,၀၀၀ ကျပ်) |
* ချေးငွေသက်တမ်းကာလအတွင်း အတိုးနှုန်းကို ရိုးမဘဏ်၏ဆုံးဖြတ်ချက်ဖြင့်သော်လည်းကောင်း၊ ဗဟိုဘဏ်မှ အတိုးနှုန်းထား ပြောင်းလဲခြင်းကြောင့်သော်လည်းကောင်း အချိန်မရွေး ပြောင်းလဲပြင်ဆင်မှုရှိနိုင်ပါသည်။
စိုက်ပျိုးရေးလုပ်ငန်းသုံးချေးငွေအကြောင်း
မေးလေ့ရှိသော မေးခွန်းများ
- SME Express ချေးငွေ
- ဖြန့်ချီရေးလုပ်ငန်းသုံးချေးငွေ
- ကုန်စည်စီးဆင်းမှုချေးငွေ
- ချေးငွေမှန်သူများ ရယူနိုင်သည့်ချေးငွေ
- လုပ်ငန်းသုံးစာရင်းပိုထုတ်ချေးငွေ
- လုပ်ငန်းသုံးချေးငွေ
- အငှားဝယ်ယူချေးငွေ
- SMART Credit Business
ထပ်မံသိရှိလိုပါက ရိုးမဘဏ် Customer Care Center ၉၆၆၂ သို့ ၀၉၇၉၆၆၂၉၆၆၂ သို့မဟုတ် အပြာရောင်အမှတ်အသားပါဝင်သော Yoma Bank Official Facebook Page သို့မဟုတ် အနီးဆုံး ရိုးမဘဏ်ခွဲ သို့ ဘဏ်ဖွင့်ချိန်အတွင်း သွားရောက်အကူအညီရယူနိုင်ပါသည်။