Flexi ခေါ်ယူအပ်ငွေစာရင်း
Business Banking > Accounts
Flexi ခေါ်ယူအပ်ငွေစာရင်း
Business Banking > Accounts
Flexi ခေါ်ယူအပ်ငွေစာရင်း အကြောင်း
အတိုးနှုန်း တစ်နှစ်လျှင် ၇.၀% အထိ ပေးအပ်သွားမည့် ခေါ်ယူအပ်ငွေစာရင်းဖြင့် လူကြီးမင်း အပ်နှံထားသောငွေကို လွယ်ကူစွာ စီမံခန့်ခွဲပြီး တိုးပွားစေလိုက်ပါ။ တစ်ဦးတည်းဖြစ်စေ၊ ပူးတွဲ ငွေစာရင်းဖွင့်ထားသူဖြစ်စေ၊ စီးပွားရေးလုပ်ငန်းသုံး ဖြစ်စေ စာရင်းရှင်စာရင်းမှ ရရှိသည့် အကျိုးခံစားမှုအတိုင်းရရှိနိုင်ပြီး အတိုးနှုန်းလည်း ရရှိခံစားနိုင်မည်ဖြစ်သည်။
Flexi ခေါ်ယူအပ်ငွေစာရင်းကို ဘာလို့ အသုံးပြုသင့်သလဲ။
အကျိုးခံစားခွင့်များ
တစ်နှစ်လျှင် ၇.၀% အထိ
အွန်လိုင်းမှတစ်ဆင့် စောင့်ကြည့်ထိန်းချုပ်ခြင်း
ငွေသွင်း၊ ငွေထုတ် လွယ်ကူစွာပြုလုပ်နိုင်ခြင်း
Flexi စာရင်းရှင်စာရင်းနှင့် ချိတ်ဆက်နိုင်ခြင်း
လစဉ် ဘဏ်စာရင်းရှင်းတမ်း
ငွေစုစာအုပ်
နေ့စဉ်အတိုးတွက်ချက်ခြင်းနှင့်လစဉ်အတိုးနှုန်းခံစားခွင့်
အတိုးနှုန်းသည်တစ်နေ့တာ၏ အဆုံးတွင် အနည်းဆုံးလက်ကျန်ငွေ မြန်မာကျပ်ငွေ တစ်သောင်းမှ စတင်ပြီး နေ့စဉ်အတိုးနှုန်းတွက်ချက်ပေးမည်ဖြစ်ပါသည်။ဤနေ့စဉ်ရရှိသောအတိုးများကိုလကုန်တွင်ပေးချေမည်ဖြစ်ပါသည်။အတိုးနှုန်းကို နေ့စဉ်တွက်ချက်ပြီး လစဉ်ပေးအပ်သွားမည်ဖြစ်သည်။
Flexi ခေါ်ယူအပ်ငွေစာရင်းဖွင့်ရန်
လိုအပ်ချက်များ
- ကနဦးအပ်နှံငွေကို မြန်မာကျပ် ၁၀၀,၀၀၀ သတ်မှတ်ထားပါသည်။
- အနည်းဆုံး လက်ကျန်ငွေ မြန်မာကျပ် ၁,၀၀၀ ထားရှိရပါမည်။
- အနည်းဆုံးအသက် ၁၈နှစ်ပြည့်ပြီးသူဖြစ်ရပါမည်။
- မြန်မာနိုင်ငံသားဖြစ်ပါက မှတ်ပုံတင်မူရင်း၊ နိုင်ငံခြားသားဖြစ်ပါက နိုင်ငံကူးလက်မှတ်မူရင်း တင်ပြရပါမည်။
သင်ဒါတွေသိပြီးပြီလား?
Flexi ခေါ်ယူအပ်ငွေစာရင်းအကြောင်း သိကောင်းစရာ
အပ်နှံငွေပမာဏ | နှစ်စဉ်အတိုးနှုန်း |
ကျပ်သိန်း (၂,၀၀၀) အောက် | ၆.၅၀% |
ကျပ်သိန်း (၂,၀၀၀) နှင့်အထက် | ၇.၀၀% |
- လစဉ်ဝန်ဆောင်ခ – ၁,၅၀၀ ကျပ်
လုပ်ငန်းသုံး Flexi ခေါ်ယူအပ်ငွေစာရင်း
မေးလေ့မေးထရှိသော မေးခွန်းများ
သင်နှင့် ကိုက်ညီသော အကောင့်ကို ရွေးချယ်ပါ။