Flexi Everyday စာရင်းရှင်စာရင်း

Business Banking > Accounts

Flexi Everyday စာရင်းရှင်စာရင်း

Business Banking > Accounts

Flexi Everyday စာရင်းရှင်စာရင်း အကြောင်း

မိမိစိတ်ကြိုက် ငွေကြေးစီမံခန့်ခွဲပြီး မိမိလုပ်ငန်းနှင့် လူနေမှုဘဝကို မြှင့်တင်လိုက်ပါ။

နိုင်ငံတကာနှင့် ပြည်တွင်းရှိ ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၊ ကုန်သည်များနှင့် ဆိုင်ပိုင်ရှင်များအတွက် သင့်တော်ပါသည်။

Flexi Everyday စာရင်းရှင်စာရင်း ကို ဘာလို့အသုံးပြုသင့်သလဲ။

အကျိုးခံစားခွင့်များ

title-border

ရိုးမဘဏ်ချက်လက်မှတ် အသုံးပြုနိုင်ခြင်း

ရိုးမဘဏ်မှထုတ်ဝေသော ချက်လက်မှတ်စာအုပ်ကို အသုံးပြုနိုင်ပါသည်။

MPU နှင့် MPU-Mastercard Debit Card

ရိုးမဘဏ်၏ Debit Card များအသုံးပြုပြီး ကမ္ဘာအနှံ့တွင် ငွေသားအသုံးမပြုပဲ စျေးဝယ်နိုင်ပါသည်။

အွန်လိုင်းမှ အကောင့်ဖွင့်နိုင်ခြင်း

ဘဏ်ခွဲသို့သွားစရာမလိုပဲ Yoma Bank Next Mobile Application မှတစ်ဆင့် လွယ်ကူစွာ အကောင့်ဖွင့်လှစ်နိုင်ပါသည်။

အခမဲ့ ငွေလွှဲနိုင်ခြင်း

Yoma Bank Next Mobile Application တွင် Flexi Everyday စာရင်းရှင်စာရင်းအကောင့်ကိုအသုံးပြုပြီး အကောင့်အချင်းချင်း အခမဲ့ငွေလွှဲနိုင်ပါသည်။

WaveMoney Wallet နှင့် ချိတ်ဆက်နိုင်ခြင်း

WavePay App သို့ လွယ်ကူစွာငွေလွှဲပြီး ရိုးမဘဏ်နှင့် WaveMoney တို့ပေးအပ်သော အကျိုးခံစားခွင့်များကို ရရှိနိုင်ပါသည်။

Note

အတိုးနှုန်း – နှစ်စဉ် ၀%

အကောင့်ဖွင့်ရန်

  • ကနဦးအပ်နှံငွေကို မြန်မာငွေကျပ် (၁၀၀,၀၀၀) သတ်မှတ်ထားပါသည်။
  • အနည်းဆုံး လက်ကျန်ငွေ မြန်မာငွေကျပ် (၁,၀၀၀) ထားရှိရပါမည်။
  • ကုမ္ပဏီဘုတ်အဖွဲ့ဝင်များ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်မူရင်း)
  • ကုမ္ပဏီမှတ်ပုံတင်လက်မှတ်
  • ကုမ္ပဏီဖွဲ့စည်းပုံ
  • ကုမ္ပဏီ Extract
  • ဘုတ်အဖွဲ့ အစည်းအဝေးမှတ်တမ်း

 

အသုံးပြုနိုင်သော အကောင့်အမျိုးအစားများ

  • တစ်ဦးချင်းအကောင့်
  • ပူးတွဲအကောင့်

 

requirement

Flexi Everyday စာရင်းရှင်စာရင်းအတွက်

အသေးစိတ်အချက်အလက်နှင့် သတ်မှတ်ချက်များ

title-border

  • ဝန်ဆောင်ခ – ၁,၅၀၀ ကျပ်
    (ဘဏ်စာရင်းဖွင့်လှစ်ထားသော်လည်း လွန်ခဲ့သော (၁) နှစ်အတွင်း ဘဏ်ဝန်ဆောင်မှုတစ်ခုခု အသုံးပြုထားခြင်းမရှိသော အပ်ငွေစာရင်းများကိုသာ လစဉ်ကောက်ခံပါသည်။)

Flexi Everyday စာရင်းရှင်စာရင်းအကြောင်း

မေးလေ့ရှိသော မေးခွန်းများ

title-border

နီးစပ်ရာ ရိုးမဘဏ် ဘဏ်ခွဲသို့ သွားရောက်ပြီး လူကြီးမင်း၏ ချက်လက်မှတ်စာအုပ် အသစ် ထုတ်ယူနိုင်ရန် အကူအညီရယူနိုင်ပါသည်။

Debit ကတ် ပျောက်သွားပါက ကျေးဇူးပြု၍ ကျွန်ုပ်တို့၏ Customer Care Center (9662) သို့ ခေါ်ဆိုပြီး လူကြီးမင်း၏အကောင့်ကို စိတ်ချလုံခြုံစေရန် အကူအညီရယူနိုင်ပါသည်။ ထို့နောက် နီးစပ်ရာ ရိုးမဘဏ် ဘဏ်ခွဲသို့ သွားရောက်ပြီး Debit ကတ်အသစ်ထုတ်ယူရန် ဆက်လက်လုပ်ဆောင်နိုင်ပါသည်။

Flexi Everyday အကောင့်သည် Current အကောင့်၏ အဆင့်မြှင့်ထားသော ဗားရှင်းဖြစ်ပြီး လက်လီနှင့် လုပ်ငန်းသုံး ဖောက်သည်များအတွက် ပိုမိုအကျိုးရှိသော ဝန်ဆောင်မှုများ ပေးအပ်ပါသည်။

နီးစပ်ရာ ရိုးမဘဏ် ဘဏ်ခွဲသို့ သွားရောက်ပြီး Flexi Everyday အကောင့်ဖွင့်ရန်နှင့် MasterCard Debit ကတ် ထုတ်ယူရန် လိုအပ်သည့်လုပ်ငန်းစဉ်များအတွက် အကူအညီရယူနိုင်ပါသည်။

အခြား ဘဏ်ဝန်ဆောင်မှု အမျိုးအစားများ