POS Payment

Business Banking > Digital Banking

POS Payment

Business Banking > Digital Banking

POS အသုံးပြု ဒစ်ဂျစ်တယ်ငွေပေးချေမှု

သင့်လုပ်ငန်းအတွက် POS Terminal ဖြင့် MPU, WavePay, Visa, Mastercard အပါအဝင် ဒစ်ဂျစ်တယ်ငွေပေးချေမှုများကို လွယ်ကူစွာလက်ခံနိုင်ပါသည်။ သုံးစွဲသူများအတွက် အဆင်ပြေမှုကို မြှင့်တင်စေပြီး၊ လုံခြုံ၍ ထိရောက်သော ငွေပေးချေမှုလုပ်ငန်းစဉ်များကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

သင့်လုပ်ငန်းအတွက် အကောင်းဆုံး ငွေပေးချေမှု စနစ်ကို ရွေးချယ်လိုက်ပါ

အချက်အလက်များနှင့် အကျိုးကျေးဇူးများ

title-border

ဒစ်ဂျစ်တယ်ငွေပေးချေမှုများ လွယ်ကူစွာ လက်ခံနိုင်ခြင်း

MPU, QR Payment, Visa, Mastercard တို့ဖြင့် ငွေပေးချေမှုများကို အဆင်ပြေလွယ်ကူစွာ လက်ခံနိုင်ပါသည်။

QR Payment (On POS) ဖြင့် ငွေပေးချေမှု လွယ်ကူစွာ ပြုလုပ်နိုင်ခြင်း

QR Payment စနစ်ကြောင့် WavePay, Yoma Bank Next Application နှင့် MMQR-Compatible App များကို အသုံးပြုကာ QR ကို Scan ဖတ်ပြီး ပိုမိုလွယ်ကူစွာ ငွေပေးချေမှုများ ပြုလုပ်နိုင်ပါသည်။

လုံခြုံမှုနှင့် အဆင်ပြေမှု

စီးပွားရေးလုပ်ငန်းရှင်များအတွက် လုံခြုံစိတ်ချစွာဖြင့် ငွေပေးချေမှုလုပ်ငန်းစဉ်များကို ပိုမိုလွယ်ကူစေပါသည်။

မှတ်ချက်

MMQR စမ်းသပ်ကာလ အတွင်း MMQR-Compatible Apps များဖြစ်သော AYA Pay, KBZ Pay, OK$ Pay ငွေလက်ခံနိုင်မည်ဖြစ်ပြီး စမ်းသပ်ကာလ ပြီးဆုံးသည့်အခါတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထားသည့် အခြား PAY APP များ ပါဝင်နိုင်မည်ဖြစ်ပြီး အမျိုးမျိုးသော ငွေပေးချေမှုနည်းလမ်းများကို ပိုမို ကျယ်ပြန့်စွာ လက်ခံနိုင်မည်ဖြစ်သည်။

Requirements

  • Merchant Contract စာချုပ် ချုပ်ရမည်။
  • Merchant Onboarding Form ဖြည့်ရမည်။
  • Flexi Everyday Account အကောင့်ဖွင့်ရမည်။
  • QR Payment အတွက် WavePay Merchant Account ဖွင့်ရမည်။
  • Personal/Corporate/SME အတွက် ဘဏ်အကောင့်ဖွင့်ရန် လိုအပ်သောစာရွက်စာတမ်းများပေးရမည်။
  • Know Your Merchant (KYM) လိုအပ်ချက်အရ လိုအပ်သော စာရွက်စာတမ်းများပေးရမည်။ ဥပမာ – Company License/ Business License/RCDC License
requirement

POS Payment

title-border

SMILE POS သည် ငွေပေးချေမှုလုပ်ငန်းစဉ်များကို ပိုမိုလွယ်ကူ မြန်ဆန်စေပြီး လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။ ဒီဂျစ်တယ်ငွေပေးချေမှုစနစ်များကို အသုံးပြုခြင်းဖြင့် သင့်လုပ်ငန်း ပိုမိုတိုးတက်အောင်မြင်မှုဆီသို့ တက်လှမ်းစေနိုင်ပါသည်။

POS Payment သည် MPU, QR Payment, Visa နှင့် Mastercard စသည့် ဒီဂျစ်တယ်ငွေပေးချေမှုနည်းလမ်းများကို တစ်ခုတည်းသော Point of Sale (POS) terminal ဖြင့် လွယ်ကူစွာလက်ခံစေနိုင်သည့်အပြင် QR Payment (On POS) ကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။
MMQR စမ်းသပ်ကာလအတွင်း WavePay နှင့် Yoma Bank Next အက်ပလီကေးရှင်းများအပြင် AYA PAY, KBZ PAY, OK$ PAY APP စသည့် အခြား Pay App များကို အသုံးပြုသူများအနေဖြင့် SMILE POS စက်ပေါ်ရှိ QR ကုဒ်ကို Scan လိုက်ရုံဖြင့်ငွေပေးချေမှုများ ဆောင်ရွက်နိုင်ပါသည်။ MMQR စမ်းသပ်ကာလပြီးဆုံးပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM) မှ ခွင့်ပြုထားသော အခြား Pay App များကိုလည်း အသုံးပြု၍ SMILE POS ဖြင့် ငွေပေးချေမှုများ ဆောင်ရွက်နိုင်တော့မည်ဖြစ်သည်။

POS

  • အရောင်းပြုလုပ်ခြင်း
  • အရောင်းပယ်ဖျက်ခြင်း
  • ပြန်အမ်းခြင်း
  • အရောင်းကိုခေတ္တခန ရပ်ဆိုင်းနိုင်ခြင်း
  • Slip များပြန်ထုတ်နိုင်ခြင်း
  • အရောင်းစာရင်းများ ညှိခြင်း
  • အနှစ်ချုပ်စာရင်းများပြုလုပ်ခြင်း
  • တစ်နေ့တာအရောင်းစာရင်းများပြန်ကြည့်နိုင်ခြင်း
  • POS မှတစ်ဆင့် MPU ကဒ်ကိုင်ဆောင်သူများ ငွေထုတ်ယူနိုင်ခြင်း

 

QR Payment

  • WavePay နှင့် Next APP Customer များသည် QR scan ဖတ်ပြီး ငွေပေးချေနိုင်ခြင်း။
  • Wave Status Check-Customer မှ ငွေပေးချေမှုကို POS ဘက်မှ အောင်မြင်ခြင်းရှိမရှိ ပြန်စစ်နိုင်ခြင်း။
  • MMQR လာသည့်အချိန်အတွင်းလည်း ပထမဦးစွာ စမ်းသပ်ကာလ အတွင်း Smile POS မှ ထွက်သည့်QR ကို AYA PAY, KBZ PAY နှင့် OK$ PAY APP တို့ဖြင့်လည်း QR Scan ဖတ်ပြီး ငွေပေးချေနိုင်ခြင်း။

 

Merchant Portal 

  • Real-Time transaction များ စစ်ဆေးခြင်း။
  • Merchant Settlement Report နှင့် Transaction Analysis Report များရယူခြင်း။

 

  • Card နှင့်ပတ်သက်သော ငွေပေးချေမှုများအတွက် မိနစ်၃၀ ခြားတစ်ခါ Settlement ပြုလုပ်ခြင်း၊ Same Day Settlement ပြုလုပ်ခြင်း နှင့် ငွေပေးချေမှုပြုလုပ်ပြီး နောက်တစ်ရက် (T+1) အဖြစ် Settlement ပြုလုပ်ခြင်းတို့ကို Yoma Bank Flexi Everyday Account သို့ Merchant Settlement ပြုလုပ်ပေးခြင်း။
  • Yoma Bank Flexi Everyday Account အတွင်းမှ ငွေသားများကို ကန့်သတ်ချက်မရှိ ထုတ်ယူနိုင်ခြင်း။
  • QR ဖြင့် ငွေပေးချေမှုများအတွက် Merchant ၏ WavePay Merchant App ထဲသို့ Transaction လုပ်ပြီးသည်နှင့် တပြိုင်နက်တည်း Real-Time Settlement ပြုလုပ်ပေးခြင်း။
  • Merchant Support Team မှ After Sales Service အနေဖြင့် လိုအပ်သော ၀န်ဆောင်မှုများပေးခြင်း။

POS Payment

Frequently Asked Questions

title-border

MPU Card ငွေပေးချေမှုများအတွက် သတ်မှတ်ချက်မှာ Transaction တစ်ကြောင်းလျှင် အများဆုံး သိန်း(၅၀) အထိ ဖြစ်ပါသည်။

Visa နှင့် Mastercard များအတွက် သတ်မှတ်ချက်မှာ သက်ဆိုင်ရာ Card Issuer (ကဒ်ထုတ်လုပ်သူ ဘဏ်)များ၏ သတ်မှတ်ချက်အတိုင်းသာ ဖြစ်ပါသည်။

POS Merchant ဖြစ်လာစေရန် Merchant Contract စာချုပ်ချုပ်ဆိုရပါမည်။
Merchant မှ ကျသင့်သော MDR% များကို Sale Person မှ ရှင်းပြပေးပါမည်(MPU, Visa, Mastercard, QR) စသည့် MDR % များကို စာချုပ်တွင်လည်း ထည့်သွင်းဖော်ပြပါမည်)။
Merchant Onboarding Form တွင် လိုအပ်သောအချက်အလက်များကို ဖြည့်ရပါမည်။
Yoma Flexi Everyday Account ဖွင့်ရန်လိုအပ်ပါသည်။ Personal (or) Coporate ပေါ်မည်ပြီး လိုအပ်သောစာရွက်စာတမ်းများကို တောင်းခံပါလိမ့်မည်။
Merchant Onboarding ပြုလုပ်ပြီး POS အဆင်သင့်ဖြစ်လျှင် Merchant ထံတွင် မည်သို့အသုံးပြုပုံပြုနည်း နှင့်တကွ လက်တွေ့ Training ပေးပြီး လာရောက်တပ်ဆင်ပေးပါမည်။
POS စက်အတွက် Merchant ဘက်မှ မည်သည့်ကုန်ကျစားရိတ်မျှ ပေးဆောင်ရန် မလိုအပ်ပါ။

MPU Card ဖြင့်ရောင်းချသော အရောင်း Transaction များအတွက် မိနစ် ၃၀ တစ်ခါ Settlement (သို့မဟုတ်) Same Day Settlement ဖြစ်သည့် နေ့စဉ် ည ၁၁ နာရီ တွင် Settlement လုပ်ပေးခြင်း ဝန်ဆောင်မှုတို့ကို Merchant စိတ်ကြိုက် ရွေးချယ်နိုင်ပါသည်။ Merchant ရွေးချယ်ထားသော Settlement အမျိုးအစားပေါ်မူတည်ပြီး ကျသင့်သော MDR % ကိုနှုတ်ပြီး အသားတင်ပမာဏကို Merchant ၏ Yoma Bank Flexi Everyday Account ထဲသို့ထည့်သွင်းပေးပါမည်။
Visa နှင့် Mastercard ရောင်းချမှုများအတွက် အရောင်းပြုလုပ်ထားသော Transaction များကို Merchant ဘက်မှ POS Terminal ပေါ်တွင် Settlement ပြုပြုလုပ်အပြီး နောက်တစ်နေ့ရုံးဖွင့်ရက် (T+1) နေ့ တွင် Merchant ၏ Yoma Bank Flexi Everyday Account အတွင်းသို့ ကျသင့်သော MDR % များကိုနှုတ်ပြီး ထည့်သွင်းပေးပါမည်။

QR Payment အရောင်းများအတွက် Merchant အတွက် Account ဖွင့်ထားသော WavePay Merchant App ထဲသို့ အရောင်းပြုလုပ်အောင်မြင်ပြီးသည်နှင့်တပြိုင်နက်တည်း ကျသင့်သော MDR% ကိုနှုတ်ပြီး Real-Time ထည့်သွင်းပေးပါမည်။ ထို့နောက် Merchant မှ ထို Merchant App နှင့် ချိတ်ဆက်ထားသော Yoma Bank Flexi Everyday သို့ လည်း အချိန်မရွေး လွှဲပြောင်းနိုင်ပါသည်။

Merchant သည် Yoma Mobile Banking, Yoma Bank Next App တို့ကို အသုံးပြုပြီး Settlement Amount အား စစ်ဆေးနိုင်ပါသည်။
Merchant များအနေနှင့် Flexi Everyday Account အတွင်းရှိ ငွေကို နီးစပ်ရာဘဏ်ခွဲတွင် အကန့်အသတ်မရှိ ထုတ်ယူနိုင်ပါသည်။ Real-Time Settlement ပြုလုပ်သော QR Transaction များအတွက်လည်း WavePay Merchant App မှတစ်ဆင့် လည်း တိုက်ရိုက်ကြည့်နိုင်ပြီး လိုအပ်သောReport များကိုလည်းထုတ်ယူနိုင်ပါသည်။
(မှတ်ချက်။ ။ T+1 ပြုလုပ်ပေးသော Settlement များအတွက် Business Working Day (ရုံးဖွင့်ရက်) များတွင်သာ Settlement ပြုလုပ်ပြီး Saturday, Sunday နှင့် Public Holiday များတွင် Settlement ပြုလုပ်မပေးပါ။ ထိုသို့ပိတ်ရက်များအတွက် နောက်တစ်နေ့ရုံးဖွင့်ရက်တွင် ပိတ်ရက်များအတွက်ပါပေါင်းပြီး Settlement ပြုလုပ်ပေးပါမည်။)

လိုအပ်သော Paper Roll များကို ထောက်ပံ့ပေးခြင်း၊
POS စက်တွင်ထည့်သွင်းအသုံးပြုမည့် Sim Card နှင့် Sim Data များကို Merchant ၏ ဆိုင်တည်နေရာပေါ်မူတည်ပြီး ထောက်ပံ့ပေးခြင်းနှင့်
Merchant အတွက် Product Training, POS စက်အသုံးပြုနည်းများ နှင့် WavePay Merchant App အသုံးပြုနည်းများ ထပ်မံလိုအပ်ပါက လည်း Merchant Support Team မှ ပံ့ပိုးပေးပါမည်။
Merchant များအနေဖြင့် မိမိတို့၏ Transaction များကို Merchant Portal ပေါ်တွင် Real-Time အနေဖြင့်လည်းကောင်း Settlement Report, Transaction Analysis Report များကိုလည်း ရယူ ကြည့်ရှုနိုင်ပါသည်။ Merchant ဘက်မှ မည်သည့်အခကြေးငွေမျှပေးဆောင်ရန်မလိုပဲ After Sales Support များကို ရယူနိုင်ပါသည်။
Merchant အတွက် အခက်အခဲများကြုံတွေ့လာရပါက အကူအညီပေးရန် Merchant Support Team အနေနှင့် ရုံးချိန်အတွင်း ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
24/7 အတွက်လည်း Yoma Bank Customer Care Center သို့လည်း ဆက်သွယ်နိုင်ပါသည်။ Yoma Bank Facebook Page Messenger တွင်လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အခြား ဘဏ်ဝန်ဆောင်မှု အမျိုးအစားများ