ယခုအချိန်တွင် customer များကိုပံ့ပိုးကူညီပေးခြင်းသည် ကျွန်ုပ်တို့ ရိုးမဘဏ် ၏ ရည်ရွယ်ချက်ဖြစ်သော ပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် မြန်မာနိုင်ငံတော်ကို တည်ဆောက်ရန် ဟူသည့် ဆောင်ပုဒ်၏ ပင်မ အစိတ်အပိုင်းဖြစ်သည်။ ယင်းရည်ရွယ်ချက်ကို အားဖြည့်သည့်အနေဖြင့် ယခုလတ်တလောအခြေအနေ၏ သက်ရောက်မှုကို ခံစားရသော Customer များအတွက် ကျွန်ုပ်တို့၏ ပံ့ပိုးမှုကို တိုးချဲ့လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ကိုရိုနာဗိုင်းရပ်စ် အခြေအနေများနှင့် ဆက်စပ်နေသော သတင်းအချက်အလက်များကို သေချာစွာ စောင့်ကြည့်လျက် ရှိပါသည်။

ကျွန်ုပ်တို့၏ Customer များနှင့် ဝန်ထမ်းများအား အမြဲဦးစာပေး ဆောင်ရွက်ခြင်း

Customer များ နှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးနှင့် လူနေမှု ဘ၀ သာယာရေး သည် ကျွန်ုပ်တို့ဆုံးဖြတ်ချက်ချမှတ် သည့် လုပ်ငန်းစဉ်အားလုံး၏ အရေးကြီးဆုံး အစိတ်အပိုင်းဖြစ်ပါသည်။ ရိုးမဘဏ်အနေဖြင့် ပြည်တွင်းနှင့် ကမ္ဘာလုံးဆိုင်ရာအခြေအနေများကို သေချာစွာ လေ့လာစောင့်ကြည့်နေပြီး COVID-19 ကြောင့် သက်ရောက်မှု အနည်းဆုံးဖြစ်စေရန် လိုအပ်သော ပြင်ဆင်မှုများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ Customer များနှင့် ဝန်ထမ်းများအားလုံး ဘေးကင်းရေးအတွက် ပိုမိုသေချာစေရန် အောက်ပါလုပ်ဆောင်ချက်များကို ဆောင်ရွက် လျက်ရှိပါသည်။

  • ရိုးမဘဏ်တွင် လုပ်ငန်းများ ပုံမှန်လည်ပတ်နေစဉ် Customer များနှင့် ဝန်ထမ်းများ ဘေးကင်း လုံခြုံရေး ရှိစေရန်နှင့် ကာကွယ်နိုင်ရန် လိုအပ်သော အရေးကြီး မူဝါဒများကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ချက်ရှိပါသည်။ ယင်းလုပ်ဆောင်ချက်အဆင့်များတွင် ရိုးမဘဏ်သည် ဝန်ထမ်းများနှင့် Customer များအားလုံးအတွက် သန့်ရှင်းပြီး ဘေးကင်းသော ပတ်ဝန်းကျင်ကို သေချာစွာ ဖန်တီးပေးနိုင်ရန် ရုံးချုပ်နှင့် ဘဏ်ခွဲများတွင် ဝန်ထမ်း များ နှင့် Customer များအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်သန့်ဆေးရည်များ ထားရှိပေးခြင်း၊ မျက်နှာဖုံးကာများ‌ ဝေငှခြင်းတို့ ပါဝင်ပါသည်။ မိမိတို့၏ ကာကွယ်ရေးလုပ်ငန်းစဉ်များကို အသေးစိတ်ပိုမို သိရှိလိုပါက ဤနေရာတွင် နှိပ်ပြီး ဖတ်ရှုနိုင်ပါသည်။
  • COVID-19 သက်ရောက်မှုကြောင့် ငွေကြေးစိန်ခေါ်မှုများနှင့် ကြုံတွေ့နိုင်ဖွယ်ရှိသော Customer များအ တွက် အထောက်အပံ့ပေးနိုင်ရန် ကျွန်တော်တို့ ပြင်ဆင် ဆောင်ရွက် နေပြီး လာမည့် လများအတွင်း လိုအပ်နေသော Customer များကို ကူညီပံ့ပိုးမှုများ လုပ်ဆောင်သွားပါမည်။
  • ကျွန်ုပ်တို့အနေဖြင့် လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရေး စီမံချက်ကိုလည်း ရေးဆွဲထားပြီး ဖြစ်ကာ အခြေအနေ ပိုမိုဆိုးရွားလာပါက မိမိတို့ Customer များအား ဆက်လက်ပံ့ပိုးနိုင်ရန်နှင့် လုပ်ငန်း များ မည်သို့ ဆက်လက် လည်ပတ်နိုင်ရန် စသည့် ရှင်းလင်းတိကျသော လုပ်ငန်းစဉ်များနှင့် ပေါ်လစီများကို ဝန်ထမ်းအားလုံးသို့ အသိပေးသွားမည် ဖြစ်ပါသည်။

လူမှုဆိုင်ရာအကွာအဝေးထားရှိခြင်းကို ကျင့်သုံးခြင်းနှင့် ဘဏ်ခွဲများသို့ သွားရောက်မှုကို ကန့်သတ်ခြင်း

ကျွန်ုပ်တို့၏ ဘဏ်ခွဲများအားလုံးသည် ပုံမှန် ဘဏ်ဖွင့်ချိန်အတိုင်း Customer များအား ဝန်ဆောင်မှုပေး လျက်ရှိပါသည်။ သို့ပါသော်လည်း Customer များအနေဖြင့် လူမှုဆိုင်ရာအကွာအဝေးထားရှိခြင်းကို ကျင့်သုံးနိုင်ရန် ၂၄ နာရီ ဝန်ဆောင်မှုရရှိနိုင်သည့် ATM များတွင် ငွေထုတ်ယူခြင်း၊ ငွေပို့ငွေလက်ခံ ကိစ္စရပ်များအတွက် ရိုးမဘဏ်၏ ဒီဂျစ်တယ်ဘဏ်လုပ်ငန်းကို အသုံးပြုခြင်း စသည့်လုပ်ဆောင်ချက်များ ပိုမိုပြုလုပ်ကြရန် အားပေးလိုပါသည်။ ရိုးမဘဏ်၏ ဒီဂျစ်တယ် ဘဏ်လုပ်ငန်းဝန်ဆောင်မှုမှတစ်ဆင့် ငွေကြေးလုပ်ဆောင်ချက်များ၊ စာရင်းလက်ကျန် များကို ကြည့်ရှုစစ်ဆေးနိုင်ပြီး ငွေလွှဲပြောင်းခြင်း၊ ငွေပေးချေခြင်း တို့ကိုလည်း ပြုလုပ်နိုင်မည်ဖြစ်သည်။ ရိုးမဘဏ်၏ အွန်လိုင်းမိုဘိုင်းလ် ဘဏ်ဝန်ဆောင်မှုကို ဤနေရာတွင် ရှာဖွေဖတ်ရှုနိုင်ပါသည်။ အသေးစိတ် ပိုမိုသိရှိလိုပါက ရိုးမဘဏ် Call Center 9662 (or) 097 9662 9662 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

သတင်းအမှား နှင့် လိမ်လည်မှုများကို ရှောင်ရှားနိုင်ရန် နိုးနိုးကြားကြားနေပါ

COVID-19 နှင့်ပတ်သက်သော အီးမေးလ်၊ ဖုန်းနှင့် လူမှုကွန်ရက် စသည့်မီဒီယာများမှတစ်ဆင့် လိမ်လည်မှုများ၊ သတင်းအတုအယောင်များရှိနိုင်သဖြင့် သတိနှင့် စောင့်ကြည့် ရန် ရိုးမဘဏ်၏ Customer များကို အကြံပြုလိုပါသည်။ ရိုးမဘဏ်ဝန်ထမ်းများသည် Customer များထံမှ မိုဘိုင်းဘဏ်လုပ်ငန်း စကားဝှက်၊ တစ်ခါသုံးလျှို့ဝှက်နံပါတ်၊ PIN နံပါတ်နှင့် လုံခြုံရေးမေးခွန်းများ စသည့် လျှို့ဝှက်အချက်အလက်များကို မည်သည့်အခါမှ တောင်းခံမည် မဟုတ်ကြောင်း သတိပြုစေလိုပါသည်။ အကယ်၍ ယင်းသို့ တောင်းခံမှုကို ကြုံတွေ့ရပါက Yoma Bank Call Center 9662 သို့မဟုတ် 097 9662 9662 သို့လည်းကောင်း Yoma Bank Official Facebook page သို့လည်းကောင်း ချက်ချင်းဆက်သွယ်ပေးစေလိုပါသည်။

COVID-19 နှင့် ပတ်သက်ပြီး ရိုးမဘဏ်စီမံခန့်ခွဲမှုအဖွဲ့၏ ကတိကဝတ်ကြေညာချက်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

ကမ္ဘာလုံးဆိုင်ရာ ရောဂါဖြစ်ပွားနေသော အချိန်တွင် ရိုးမဘဏ်သည် Customer များ၊ ဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုများ ၏ လုံခြုံရေးကို ကာကွယ်ရန် နှင့် COVID-19 ထိခိုက်သက်ရောက်မှုအနည်းဆုံးဖြစ်ရေးအတွက် ရုံးတွင်းရုံးပြင် နှစ်ခုစလုံးတွင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ပါသည်။

  • Customer များနှင့် ဝန်ထမ်းများအား တစ်ကိုယ်ရေသန့်ရှင်းမှုကို ပိုမိုအလေးထားရန် အကြံပေးခဲ့ပြီး ရိုးမဘဏ် ရုံးနေရာများတွင် တစ်ကိုယ်ရေသန့်ရှင်းမှုပစ္စည်းများဖြစ်သည့် လက်သန့်ဆေးရည်ထားရှိ ပေးခြင်း၊ မျက်နှာဖုံးကာများ ဝေငှပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။
  • ရုံးတွင်းနေရာများ၊ ရုံးခန်းများနှင့် ဘဏ်ခွဲများတွင် သန့်ရှင်းမှုရှိစေရန် မကြာခဏ သန့်ရှင်းရေး ပြု လုပ်ပေးခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။
  • အသိပညာပေး စာစောင်များနှင့် နောက်ဆုံးရသတင်းများကို Customer များနှင့် ဝန်ထမ်းများသို့ ဆက်သွယ်ရေးနည်းလမ်းပေါင်းစုံဖြင့် အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိပါသည်။
  • ကူးစက်ရောဂါနှင့်ပတ်သက်၍ ခရီးသွားလာရေးမူဝါဒကိုလည်း တင်းကျပ်စွာ ချမှတ်ထားပြီး ပြင်ပနေရာ များသို့ သွားရောက်ခြင်းကို အနည်းဆုံးသို့ လျှော့ချခြင်း သို့မဟုတ် အဖွဲ့လိုက်အစည်းအဝေးများကို လျှော့ချခြင်း၊ ပြည်တွင်းပြည်ပ ခရီးသွားလာမှုများကိုလည်း တင်းကျပ်စွာ တားမြစ်ခြင်းတို့ ဆောင်ရွက် လျက်ရှိပါသည်။
  • ဝန်ထမ်းများအား ၂၁ ရက်ကြာ ဆေးခွင့်ကို လစာပြည့်ဖြင့် ခံစားခွင့်ပေးထားပြီး ဝန်ထမ်းသည် မိမိကိုယ်ကို နေမကောင်းသည်ဟု သံသယရှိပါက မိမိတစ်ယောက်တည်း သီးခြားနေထိုင်ခြင်း ပြုလုပ်ရန်အတွက် အကြံပြုထားပါသည်။

COVID-19 နှင့်ပတ်သက်၍ ထပ်မံသိရှိလိုပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော နောက်ဆုံးရ ထုတ်ပြန်ချက်များ၊ လမ်းညွှန်ချက်များကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်

ရိုးမဘဏ် Customer များသည် ရိုးမဘဏ် မိုဘိုင်းအပ်ပလီကေးရှင်း ကို အသုံးပြု၍ ဖြစ်စေ၊ မြန်မာနိုင်ငံတစ်ဝန်းရှိ ရိုးမဘဏ် ATM များတွင် ဖြစ်စေ ငွေကြေးလုပ်ဆောင်ချက်များပြုလုပ်ခြင်း၊ ငွေပေးချေခြင်းနှင့် သတင်းအချက်အလက်များ ရယူခြင်းတို့ ပြုလုပ်နိုင်ပါသည်။

Please click here for English version.

မေးလေ့မေးထရှိသော မေးခွန်းများ

ရိုးမဘဏ်အနေနဲ့ မိမိတို့ရဲ့ Customer တွေကို ဝန်ဆောင်မှုပေးနိုင်အောင် ပုံမှန်အတိုင်း ဘဏ်ခွဲတွေကို ဖွင့်လှစ်ထားမှာ ဖြစ်ပါတယ်။ မိမိတို့ Customer တွေနဲ့ ဝန်ထမ်းတွေအတွက် လုံခြုံဘေးကင်း တဲ့ ပတ်ဝန်းကျင် ဖြစ်စေဖို့ ဘဏ်ခွဲတွေမှာ social distancing ပြုလုပ်ခြင်း၊ လက်ဆေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်းတွေကို ဆောင်ရွက်နေပါတယ်။
ဟုတ်ကဲ့ ရပါတယ်။ ဘဏ်လုပ်ငန်းဝန်ဆောင်မှု ရယူဖို့အတွက် အနီးဆုံးရိုးမဘဏ်ခွဲကို သွားရောက်နိုင်သလို မိုဘိုင်းအပလီကေးရှင်းကတစ်ဆင့်လည်း ဒီဂျစ်တယ် ဝန်ဆောင်မှုတွေ ရယူ နိုင်ပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းရှိ ရိုးမဘဏ် ဘဏ်ခွဲတွေမှာ တပ်ဆင်ထားတဲ့ ဘယ် ATM ကနေ မဆို ငွေထုတ်ယူနိုင်ပါတယ်။ အနီးဆုံး ဘဏ်ခွဲကို သိရှိချင်တယ်ဆိုရင် ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ်။
ပြင်ပကို ထွက်ပြီး သွားလာတာမျိုး မလုပ်ချင်ဘူးဆိုရင်တော့ ရိုးမဘဏ်ရဲ့ မိုဘိုင်းအပလီကေးရှင်းကို အသုံးပြုဖို့ တိုက်တွန်းချင်ပါတယ်။ ရိုးမဘဏ်ရဲ့ ဒီဂျစ်တယ်ဝန်ဆောင်မှုတွေနဲ့အတူ ငွေကြေးလုပ်ဆောင်ချက်နဲ့ စာရင်းလက်ကျန်ကို စစ်ဆေးခြင်း၊ ငွေလွှဲပြောင်းခြင်း၊ ငွေပေးချေခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ ရိုးမဘဏ်ရဲ့ အွန်လိုင်းနဲ့ မိုဘိုင်း ဘဏ်ဝန်ဆောင်မှုအကြောင်းတွေကို ဒီနေရာမှာ အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။ ရိုးမဘဏ် ဝန်ဆောင်မှုအကြောင်း မေးမြန်းလိုတယ်ဆိုရင် Yoma Bank တရားဝင် Facebook စာမျက်နှာ (သို့မဟုတ်) Yoma Bank Call Center ၉၆၆၂ (သို့မဟုတ်) ၀၉၇ ၉၆၆၂ ၉၆၆၂ သို့ နေ့စဉ် ၂၄ နာရီ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ရိုးမဘဏ်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေနဲ့အညီ ချေးငွေအရင်း ပြန်လည်ပေးဆပ်ခြင်း ဆိုင်းငံ့မှုအစီအစဉ်ကို အများဆုံး ၆ လအထိ ဆောင်ရွက်ပေးနေပါတယ်။ ချေးငွေ ရယူခဲ့တဲ့ ဘဏ်ခွဲကို ဆက်သွယ်နိုင်တဲ့အပြင် အသေးစိတ်အချက်အလက်တွေကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။ *သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအကျုံးဝင်ပါသည်။
ဟုတ်ကဲ့ ရိုးမဘဏ်မှာ အပ်နှံထားတဲ့ စုငွေတွေကို အပြည့်အဝစိတ်ချနိုင်ပါတယ်။ ရိုးမဘဏ်ဟာ လုပ်ငန်းလည်ပတ်ရင်းနှီးငွေ လုံလောက်မှုရှိပြီး မြန်မာနိုင်ငံရဲ့ အတိုးတက်ဆုံးဘဏ်တွေထဲက တစ်ခု အပါအဝင်ဖြစ်ပါတယ်။ Customer များအားလုံးအား ပံ့ပိုးကူညီခြင်းသည် ရိုးမဘဏ်၏ ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ ဒါ့ပြင် ဘဏ်လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နိုင်စေဖို့ လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရေးစီမံကိန်းကိုလည်း အကောင်အထည်ဖော်လျက်ရှိပါတယ်။ လက်ရှိ ပြင်ပ ဈေးကွက်အခြေအနေတွေ တည်ငြိမ်မှု မရှိပေမဲ့ ရိုးမဘဏ်ရဲ့ တိုးတက်နေတဲ့ ငွေကြေးလည်ပတ်မှု၊ ရင်းနှီးငွေ ပမာဏအဆင့်နဲ့ မိမိတို့၏ ဆုံးရှုံးနိုင်မှုအန္တရာယ် နည်းပါးမှုတွေ ကြောင့် ငွေကြေးလည်ပတ်မှုအန္တရာယ် နဲ့ ကြုံတွေ့နိုင်ဖို့ အခွင့်အလမ်းနည်းပါးပါတယ်။
ရိုးမဘဏ်က ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေကို ပုံမှန်အတိုင်း ဆက်လက်ပေးအပ်သွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အခုလို အချိန်ကာလမှာ အခက်အခဲရှိနိုင်တဲ့ မိမိတို့ Customer တွေကို လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေ ပေးအပ်နေပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ Coronavirus ကူးစက်ပြန့်ပွားမှု အခြေအနေတွေ၊ သတင်းအချက်အလက်တွေကို မျက်ခြေမပြတ် သေချာစွာ စောင့်ကြည့်နေပြီး ဗဟိုဘဏ်အပါအဝင် ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ လမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက်နေပါတယ်။
သက်ရောက် ထိခိုက်မှု မရှိပါဘူး။ ရိုးမဘဏ် ချေးငွေကို ပုံမှန်အတိုင်း ဆက်လက်လျှောက်ထားနိုင်ပါတယ်။ ချေးငွေလျှောက်ထားမှုဟာ ရိုးမဘဏ်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တို့နဲ့ ပြည့်စုံရပါမယ်။ ဒါပေမဲ့ လက်ရှိအခြေအနေတွေကြောင့် ချေးငွေ အတည်ပြုရန် ကြည့်ရှုစစ်ဆေးရာမှာ သွား‌ရေးလာ‌ရေး အခက်အခဲ ရှိနေတာမို့ ချေးငွေ ခွင့်ပြုလုပ်ငန်းစဉ်ကတော့ အရင်ကထက် အချိန်အနည်းငယ် ပိုကြာနိုင်ပါတယ်။
ဝန်ဆောင်ခတွေအပေါ်မှာတော့ လတ်တလော သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး။ တစ်စုံတစ်ခု ပြောင်းလဲမှုတွေရှိရင်လည်း အချိန်နဲ့တစ်ပြေးညီ အသိပေးကြေညာသွားပါ့မယ်။
ကပ်ရောဂါကြောင့် စီးပွားရေးအခက်အခဲကြုံနေတဲ့ ရိုးမဘဏ် Customer တွေအနေနဲ့ ချေးငွေအရင်း ပြန်လည်ပေးဆပ်မှု ၆ လအထိ ဆိုင်းငံ့ခြင်းအစီအစဉ်ကို လျှောက်ထားနိုင်ပါတယ်။ အသေးစိတ်ပိုမိုသိရှိလိုတယ်ဆိုရင် ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ပုံမှန်အတိုင်း ချေးငွေပြန်ဆပ်လိုသူ Customer တွေအနေနဲ့လည်း ဆက်လက်ပေးဆပ်နိုင်ပါတယ်။
ဆိုင်းငံ့ထားတဲ့ ချေးငွေအတွက် အတိုးကိုတော့ ဆက်လက်ကောက်ခံသွားမှာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဆိုင်းငံထားတဲ့ချေးငွေတွေဟာ ဆိုင်းငံ့ကာလပြီးဆုံးတဲ့အခါ ကျန်ရှိတဲ့ချေးငွေ‌နဲ့အတူ ဆက်လက်ပေးချေရမှာ ဖြစ်ပါတယ်။ အသေးစိတ်ကို ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ်။
Customer နဲ့ ဝန်ထမ်းတွေ ဘေးကင်းလုံခြုံစေရေးနှင့် လူမှုဘဝသာယာရေးအတွက် ရိုးမဘဏ်က အားသွန်ခွန်စိုက် လုပ်ဆောင်နေပါတယ်။ COVID-19 ရောဂါနဲ့ပတ်သက်တဲ့ ပြည်တွင်းပြည်ပ အခြေအနေတွေအားလုံးကို တစ်စိုက်မတ်မတ် စောင့်ကြည့်နေပြီး ရိုးမဘဏ်ရဲ့ လုပ်ငန်းတွေအပေါ် COVID-19 သက်ရောက်မှု လျော့ပါးသက်သာစေဖို့ တက်တက်ကြွကြွ ဆောင်ရွက်နေပါတယ်။
ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေဖြစ်တဲ့ ဝန်ထမ်းတွေကို တစ်ကိုယ်ရေသန့်ရှင်းမှု အလေ့အထတွေ ကျင့်သုံးစေခြင်း၊ ရုံးတွင်းရုံးပြင် နေရာတွေမှာ သန့်ရှင်းရေးလုပ်ငန်းစဉ်ကို ပိုမိုအားထည့်လုပ်ဆောင်ခြင်း၊ သက်ကြီးဝန်ထမ်းတွေနဲ့ ကျန်းမာရေးအားနည်းတဲ့ ဝန်ထမ်းတွေကို နေအိမ်မှသာ အလုပ်လုပ်စေခြင်း၊ ဝန်ထမ်းတွေအတွက် ငွေရေးကြေးရေး ထောက်ပံ့မှုတွေ ပေးအပ်ခြင်း စတဲ့ လုပ်ဆောင်မှုတွေကို ဆောင်ရွက်လျက်ရှိပါတယ်။
ရိုးမဘဏ် Customer တွေအတွက် ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်နဲ့အညီ အတိုးနှုန်းတွေကို ချက်ချင်းပြင်ဆင် လျှော့ချသတ်မှတ်ပေးခဲ့ပါတယ်။ ဒါ့ပြင် COVID-19 ကြောင့် အခက်အခဲ ဖြစ်ပေါ်နေတဲ့ Customer များ ကို ဘဏ္ဍာရေးကူညီထောက်ပံ့ပေးနိုင်ဖို့ ချေးငွေအရင်းပြန်ဆပ်မှု ဆိုင်းငံ့ခြင်းအစီအစဥ်ကိုလည်း စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။
COVID-19 နဲ့ ပတ်သက်တဲ့ အီးမေးလ်၊ ဖုန်းနဲ့ လူမှုကွန်ရက် မီဒီယာ တွေကတစ်ဆင့် လိမ်လည်မှုတွေ၊ သတင်းအတုအယောင်တွေရှိနိုင်တဲ့အတွက် သတိနဲ့ စောင့်ကြည့်ပါ။ ရိုးမဘဏ်ဝန်ထမ်းတွေအနေနဲ့ Customer ထံမှ မိုဘိုင်းဘဏ်လုပ်ငန်း စကားဝှက်၊ တစ်ခါသုံးလျှို့ဝှက်နံပါတ်၊ PIN နံပါတ်နဲ့ လုံခြုံရေးမေးခွန်းတွေ စတဲ့ လျှို့ဝှက်အချက်အလက်တွေကို ဘယ်သောအခါမှ တောင်းခံမှာမဟုတ်ကြောင်း သတိပြုစေလိုပါတယ်။ အကယ်လို့ ထိုသို့ တောင်းခံမှုကို ကြုံတွေ့ရပါက Yoma Bank Call Center 9662 သို့မဟုတ် 097 9662 9662 သို့မဟုတ် Yoma Bank Official Facebook Page သို့ ချက်ချင်းဆက်သွယ်ပေးပါ။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ဖော်ပြပါ ကျန်းမာရေးဌာနတွေကို ချက်ချင်း ဆက်သွယ်ပါ။
ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ (၀၆၇-၃၄၃၁၄၃၂၊ ၀၆၇- ၃၄၃၁၄၃၄၊ ၀၉-၄၂၉၂၂၈၉၉၁၊ ၀၉-၄၅၉၁၄၉၄၇၇)
ပြည်သူ့ကျန်းမာရေးအရေးပေါ်တုံ့ပြန်ရေးဌာန (၀၆၇-၃၄၂၀၂၆၈)
ရန်ကုန်လေဆိပ် ကျန်းမာရေး စောင့်ကြည့်ထိန်းသိမ်းရေးဌာနစိတ် (၀၉-၇၀၀၀၈၃၈၃၃)
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန (၀၉-၄၄၉၀၀၁၂၆၁၊ ၀၉-၇၉၄၅၁၀၀၅၇)
မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန (၀၉-၂၀၀၀၃၄၄၊ ၀၉-၄၃၀၉၉၅၂၆)

Please click here for English version.