အသိပေးကြေညာခြင်း

22 April 2025

ချစ်ခင်လေးစားရပါသော ရိုးမဘဏ် Customer များအားလုံး မင်္ဂလာပါ။

ရိုးမဘဏ်၏ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဖွင့်လှစ်ထားသောဘဏ်ခွဲများတွင် ပုံမှန်အတိုင်း ရယူနိုင်ပါသည်။ ထို့အပြင် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၂) ရက်နေ့မှ စတင်၍ မန္တလေး၊ ပျော်ဘွယ်နှင့် နေပြည်တော် အစရှိသည့် ငလျင်ဒဏ်သင့်ဒေသများတွင်လည်း အောက်ဖော်ပြပါ ဘဏ်ခွဲများမှ ငွေသွင်း/ငွေထုတ်ခြင်းနှင့် အရေးကြီးသော ဘဏ်ဝန်ဆောင်မှုများကို ရယူနိုင်ပါသည်။ ထပ်မံဖွင့်လှစ်သွားမည့် ဘဏ်ခွဲများကိုလည်း အချိန်နှင့်တစ်ပြေးညီ အသိပေးဖော်ပြပေးသွားမည်ဖြစ်ပါသည်။

📍 မန္တလေးမြို့တွင် ဖွင့်လှစ်မည့် ဘဏ်ခွဲ

၁။ ၇၈ လမ်းဘဏ်ခွဲ
အမှတ် (အေ-၆ မှ အေ-၈)၊ ၇၈ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

၂။ ၃၅ လမ်း (မဟာနွယ်စင်) ဘဏ်ခွဲ
အမှတ်(က/၅)၊ ၃၅ လမ်း၊ ၇၀ လမ်းနှင့် ၇၁လမ်းကြား၊ သီရိရိပ်သာ၊ မဟာနွယ်စဉ်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

၃။ ဆိုင်းတန်းဘဏ်ခွဲ
အမှတ် (၁၄/၁၈၇)၊ ဘုရင့်နောင်လမ်းမကြီး၊ (၂၆/B) လမ်း၊ (၈၇) လမ်းနှင့် (၈၈) လမ်းကြား၊ သီရိမာလာအရှေ့ရပ်၊ အောင်မြေသာဇံမြို့နယ်၊ မန္တလေးမြို့။

၄။ မန်းမြို့ဈေးဘဏ်ခွဲ
အမှတ် (၃၅၂)၊ ၈၄ လမ်း၊ ၃၉-၄၀ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

📍 ပျော်ဘွယ်မြို့တွင် ဖွင့်လှစ်မည့် ဘဏ်ခွဲ


ပျော်ဘွယ်ဘဏ်ခွဲ
အမှတ် (၂၃၄)၊ ရန်ကုန်-မန္တလေးလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၊ မြင်းဘက်ရပ်ကွက်၊ ပျော်ဘွယ်မြို့။

📍 နေပြည်တော်တွင် ဖွင့်လှစ်မည့် ဘဏ်ခွဲ

ပျဉ်းမနားဘဏ်ခွဲ
အမှတ် (၈/၂၃)၊ ဗိုလ်တောက်ထိန်လမ်း၊ ရန်အောင်(၁) ရပ်ကွက်၊ ပျဉ်းမနားမြို့။

လူကြီးမင်းအနေဖြင့် ဝန်ဆောင်မှုရယူနိုင်သော အနီးဆုံး ဖွင့်လှစ်ထားသည့် ဘဏ်ခွဲအချက်အလက်များကို သိရှိလိုပါက –

Yoma Bank Customer Care Center – ၉၆၆၂ (သို့) ၀၉၇၉၆၆၂၉၆၆၂

ATM & Branch Locations – http://ymbank.co/locations