အကြောင်းအမျိုးမျိုးကြောင့် ATM ကတ် ပျောက်ဆုံး/ပျက်စီးမှုတွေ ရှိလာပါက အောက်ပါအချက်တွေအတိုင်း အမြန်ဆုံးဆောင်ရွက်ကြဖို့ တိုက်တွန်းချင်ပါတယ်။
ATM ကတ် ပျောက်ဆုံး/ပျက်စီးခဲ့ရင်…..
✅ သိသိချင်း ရိုးမဘဏ်ရဲ့ 24/7 Customer Care Center ၉၆၆၂ (သို့မဟုတ်) ၀၉၇၉၆၆၂၉၆၆၂ ကို ချက်ချင်းခေါ်ဆိုပြီး ATM ကတ် အသုံးပြုခွင့်ကို ပိတ်ပါ။
✅ ဘဏ်ဖွင့်ရက် ဖြစ်ပါက နီးစပ်ရာ ရိုးမဘဏ် ဘဏ်ခွဲ သို့ သွားရောက်ပြီး မှတ်ပုံတင်မူရင်းနဲ့ ATM ကတ်အသစ် ပြန်လည်လျှောက်ထားပါ။
ဒီအချက်တွေအတိုင်း ဆောင်ရွက်မှသာ မိမိ ATM ကတ်ကို အခြားသူများအနေဖြင့် အလွဲသုံးစားပြုလုပ်ခြင်းမှ အချိန်မီ ရှောင်ကြဉ်နိုင်မှာဖြစ်ပါတယ်။
Yoma Bank 24/7 Customer Care Center – ၉၆၆၂ (သို့မဟုတ်) ၀၉၇၉၆၆၂၉၆၆၂
Yoma Bank ATMs & Branches – https://ymbank.co/locations