အစီအစဉ် အသေးစိတ်
“လက်တွဲရာသက်ပန်” အစီအစဉ်ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့မှ (၁၆) ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး Sedona Hotel မှ ၂ယောက်စာ Hi-Tea Set ကို ကံထူးရှင် (၅) ဦး ရွေးချယ်ပေးသွားမည် ဖြစ်သည့်အပြင် ပါဝင်သူအားလုံးကို ရိုးမဘဏ်မှ ချစ်ခြင်းမေတ္တာသင်္ကေတ အဖြစ် Yoma Bank Next Mobile Application ထဲသို့ “လက်တွဲရာသက်ပန် Rewards” ၁,၅၀၀ ကျပ် ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။
စည်းမျဉ်းသတ်မှတ်ချက်များ
- ဤအစီအစဉ်တွင် ပါဝင်ရန်အတွက် Yoma Bank Facebook Page တွင်ကြေညာထားသော ပိုစ့်ကို Public Setting ဖြင့် Like and Share ပြုလုပ်ရပါမည်။
- ရာသက်ပန်လက်တွဲသွားမည့် အမြဲအတူတူရှိချင်တဲ့ ချစ်ရသူလက်တွဲဖော် (မိသားစု၊ သူငယ်ချင်း၊ အိမ်မွေးတိရစ္ဆာန်၊ ပစ္စည်း ဒါမှမဟုတ် အစားအစာ) ရဲ့ ဓာတ်ပုံ တင်ပြီး၊ #လက်တွဲရာသက်ပန် #လက်တွဲရာသက်ပန်ရိုးမဘဏ် Hashtag တွေနဲ့တကွ ချစ်တဲ့ မြတ်နိုးတဲ့ အကြောင်းပါတဲ့ Caption ရေးသားပြီး ပိုစ့်တင်ရပါမည်။
- အဆိုပါ ပိုစ့်ကို Screenshot ရိုက်ပြီး Yoma Bank ၏ မူရင်းပိုစ့်အောက်တွင် ကောမန့်ပေးရပါမည်။
- ချစ်ခြင်းမေတ္တာသင်္ကေတ အဖြစ်ပေးအပ်သွားမည့် “လက်တွဲရာသက်ပန် Rewards” ၁,၅၀၀ ကျပ်ကို လက်ခံနိုင်ရန် Flexi Everyday Account ရှိရန် လိုအပ်ပါသည်။
- Flexi Everyday Account မရှိသူများလည်း အစီအစဉ်တွင်ပါဝင်နိုင်ပြီး “လက်တွဲရာသက်ပန် Rewards” အဖြစ်ပေးပို့မည့် အခြားသူ၏ Flexi Everyday စာရင်းကို Yoma Bank Facebook Messenger တွင် ပေးပို့ရပါမည်။
- ပါဝင်နိုင်သည့် အကြိမ်အရေအတွက်ကန့်သတ်ထားခြင်းမရှိသော်လည်း Flexi Everyday Account တစ်ခုလျှင် Cash Rewards တစ်ကြိမ်သာ ရရှိနိုင်မည်ဖြစ်ပါသည်။
- “လက်တွဲရာသက်ပန်” အစီအစဉ်မှ ရရှိလာသော အချစ်သင်္ကေတ Cash Rewards များကို 14 Feb 2025 တွင် သက်ဆိုင်ရာ Flexi Everyday Account ထဲသို့ “လက်တွဲရာသက်ပန် Rewards” အမည်ဖြင့် ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။
- အဆိုပါနေ့တွင် “လက်တွဲရာသက်ပန် Rewards”ရရှိနိုင်ရန်အတွက် 11 Feb 2025 မတိုင်မီ အချက်အလက်များ ပေးပို့ရပါမည်။ 11 Feb 2025 ကျော်လွန်ပြီးမှ ပါဝင်လာသော အကောင့်ပိုင်ရှင် များသည် 19 Feb 2025 မှသာ “လက်တွဲရာသက်ပန် Rewards”ရရှိနိုင်မည်ဖြစ်ပါသည်။
- Hi-Tea Set Winner များထဲမှ ကံထူးရှင်သည် ရန်ကုန်ဧရိယာအပြင်ဘက်ဖြစ်ကာ သွားရောက်စားသုံးရန်အတွက် အဆင်မပြေပါက Hi-Tea Set နှင့် တူညီသောငွေပမာဏကို ရရှိနိုင်ပါသည်။
- အစီအစဉ်အသေးစိတ်ကို စုံစမ်းမေးမြန်းလိုပါက ရိုးမဘဏ်၏ Official Facebook Page Message Box (သို့) Customer Care Center 9662/097 9662 9662 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
- ဤအစီအစဉ်နှင့်ပတ်သက်၍ အငြင်းပွားဖွယ်တစ်စုံတစ်ရာဖြစ်ပေါ်ခဲ့ပါက ရိုးမဘဏ်၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပါသည်။