The applications for the Loan Deferral Program closed on 30th June 2020.
ရိုးမဘဏ်သည် ကျင့်ဝတ်မှန်ကန်ရိုးမဘဏ် ဟူသည့် ဆောင်ပုဒ်နှင့်အညီ COVID-19 ကပ်ရောဂါကြောင့် စိန်ခေါ်မှုတွေကြုံလာနိုင်သည့် စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေအရင်းပြန်ဆပ်မှု ဆိုင်းငံ့ပေးမည့် အစီအစဉ်ကတစ်ဆင့် ငွေကြေးဆိုင်ရာကူညီမှုများဆောင်ရွက်ပေး လျက်ရှိပါသည်။ အဆိုပါအစီအစဉ်မှာ ချေးငွေပုံစံ ပြောင်းလဲခြင်း သို့မဟုတ် လစဉ်အရစ်ကျ ချေးငွေအရင်း ပြန်လည်ပေးဆပ် ရမည့် ငွေကို ခြောက်လအထိ ဆိုင်းငံ့ရပ်ဆိုင်းပေးထားမည့် သဘောတူညီချက် ဖြစ်ပါသည်။
ချေးငွေပုံစံပြောင်းလဲခြင်းကို လုပ်ငန်းရှင်များနှင့် တစ်ဦးချင်း Customer များ အားလုံး လျှောက်ထားနိုင်ပါသည်။ ချေးငွေဆိုင်းငံ့မှုအစီအစဉ်သည် စိန်ခေါ်မှုများ များပြားနေသည့် ယခုကာလတွင် လုပ်ငန်းများ အထူးသဖြင့် အသေးစားနှင့်အလတ်စားလုပ်ငန်းများနှင့် မိသားစုများ၏ လုပ်ငန်းဆိုင်ရာ ငွေကြေးအခက်အခဲများကို ကူညီဖြေလျှော့ပေးရန် ရည်ရွယ်ပြီး ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစတင်ကာ ဇွန်လ (၃၀) ရက်နေ့နောက်ဆုံးထားလက်ခံပေးခဲ့ပြီးဖြစ်ပါသည်။
*သက်ဆိုင်ရာ စည်းမျဉ်းသတ်မှတ်ချက်များ အကျုံးဝင်ပါသည်။
ယခုအစီအစဉ်အတွက် စည်းကမ်း သတ်မှတ်ချက်အပြည့်အစုံကိုသိရှိရန် ဤနေရာတွင် နှိပ်ပါ။
In the spirit of the Responsible Bank, we are providing financial assistance through our financial relief programme to businesses that may be facing challenges affected by COVID-19. The Financial relief programme will be via moratorium that allows Yoma Bank customers to defer loan repayment up to six months for monthly instalment payments, or the restructuring of loans and financing.
The restructuring treatment is available to Businesses as well as Personal customers. The programme was introduced on 1st April 2020 and the application was open until 30th June 2020, to help ease the financial burden of businesses particularly SMEs and households during this challenging period.
*Terms and conditions apply.
Please click here to see terms and conditions of the program.