The heart of Yoma Bank is our people. These are some of the stories behind the amazing team members that have helped define Yoma Bank and continue to shape its future.
menu
ရိုးမဘဏ်၏ ဝန်ထမ်းများနှင့် တွေ့ဆုံလိုက်ပါ


ကျွန်ုပ်တို့အကြောင်း

ရိုးမဘဏ်၏ အသည်းနှလုံးမှာ ဘဏ်၏ ဝန်ထမ်းများပင်ဖြစ်ပါသည်။ ရိုးမဘဏ်၏ အနှစ်သာရကို အဓိပ္ပာယ်သတ်မှတ်ပေးပြီး ဘဏ်၏ အနာဂတ်ကို ကူညီပုံဖော်ပေးခဲ့ကြသည့် အဖွဲ့ဝင်များ၏ အကြောင်းအရာအချို့ကို အောက်တွင်ကြည့်ရှုနိုင်ပါသည်။


ဦးရဲနောင် (Manager, Cash Management Department)

keyboard_arrow_down

လုပ်ငန်းခွင်အောင်မြင်မှု မိသားစုဘဝ ပျော်ရွှင်မှု ကျန်းမာရေးကောင်းမွန်မှု အမြဲလန်းဆန်း တက်ကြွနေမှု အဖွဲ့အစည်းလိုက်လုပ်ဆောင်မှု တယောက်နဲ့တယောက်ကိုယ်ချင်းစာမှု ခေါင်းဆောင်နိုင်မှုစွမ်းရည် ပင်ကိုယ်အရည်အသွေးမြင့်မားမှု ဒါတွေ အကုန်လုံး ပြည့်စုံဖို့အတွက်တော့ Work life Balance က အရမ်းကို အရေးပါပါတယ်။ ရိုးမဘဏ်ရဲ့ဆောင်ပုဒ်ဖြစ်တဲ့ One Dream One Vision One Team ရဲ့အကောင်းဆုံး အကျိုးသက်ရောက်မှုကတော့ Work life Balance ပါပဲ။ လုပ်ငန်းခွင်ပျော်ရွှင်လာတာနဲ့အမျှ ဝန်ထမ်းရဲ့ စွမ်းဆောင်ရည်တိုးတက်လာမယ်။ စွမ်းဆောင်ရည်တိုးတက်လာတာနဲ့အမျှ လုပ်ငန်းပြီးမြောက်မှု ပိုမြန်ဆန်လာမယ်။ အထူးသဖြင့် Service ပေးတဲ့ ဘဏ်လုပ်ငန်းအနေနဲ့ ဝန်ထမ်းရဲ့ ပျော်ရွှင်မှု ရလဒ်ဟာ သူဝန်ဆောင်မှုပေးတဲ့ Customer အထိပါ အကျိုးသက်ရောက်မှုရှိပါတယ်။

ဒေါ်နန်းလောင်ဝ်ခမ်း (Head of Administration Department)

keyboard_arrow_down




ရိုးမဘဏ်မှာ အလုပ်လုပ်ဝင်တာ ၁၃ နှစ်ကျော်ရှိပါပြီ။ ဘဏ်လုပ်ငန်းဖြစ်တဲ့အတွက် တိတိကျကျ လုပ်ဆောင်မှုတွေ ရှိသလို တစ်ခါတလေမှာ လုပ်ငန်းအရ Flexible လုပ်ကိုင်ရတာလည်း ရှိပါတယ်။ ရိုးမဘဏ်က Teamwork ကောင်းတဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး ကျွန်မအနေနဲ့ကလည်း Teamwork နဲ့ အလုပ်လုပ်ရတာကို ကြိုက်နှစ်သက်ပါတယ်။ ပြီးတော့ တစ်ဦးချင်းစီ တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ အလုပ်လုပ်ရတာကိုလည်း သဘောကျပါတယ်။

ရိုးမဘဏ်မှာ လုပ်ခဲ့ရတဲ့သက်တမ်းအတွင်းမှာ တွေ့ရတဲ့အတွေ့အကြုံတွေဆိုရင် ၂၀၀၃-၂၀၀၄ ခုနှစ် Bank Crisis ဖြစ်တုန်းက ဒီလိုအဆိုးဆုံးအခြေအနေမှာ ဘယ်လိုအကောင်းဆုံးဖြေရှင်းမလဲ ဆိုတဲ့ အတွေ့အကြုံကောင်းကို ရခဲ့ပါတယ်။ ကျွန်မအနေနဲ့ နယ်မြို့ပေါင်းစုံမှာ အလုပ်လုပ်ခဲ့တာကြောင့် စီးပွားရေးလုပ်ငန်းပေါင်းစုံကို လေ့လာခွင့်ရတယ်။ ဒေသရဲ့ Culture မျိုးစုံကို သိခွင့်ရတယ်။ ဒါကြောင့် Problem Solving လုပ်တဲ့အခါ၊ Communication လုပ်တဲ့အခါ လွယ်ကူသွား တယ်။ ဒီလိုမျိုးအတွေ့အကြုံတွေက ပိုရင့်ကျက်လာစေသလို မိတ်ဆွေကောင်းတွေလည်း အများကြီးရစေပါတယ်။

Admin အလုပ်ဆိုတာ Business ကို ကောင်းကောင်းလုပ်နိုင်ဖို့ Service ကို Support လုပ်ပေးရတဲ့အလုပ်ဖြစ်ပါတယ်။ အဓိကကတော့ Finance Department အတွက်လည်း စာရင်းပိုင်းတွေမှာ ကူညီပံ့ပိုးပေးပါတယ်။ Service ပေးတဲ့အခါ Internal ရော External ပါ ပေးရတာ ဖြစ်ပါတယ်။ အဲဒီမှာ စိန်ခေါ်မှုတွေ ရှိတယ်။ လူတွေနဲ့ စကားတွေ ပြောရတယ်။ အဲဒါတွေကို နှစ်သက်ပါတယ်။

အခုဆိုရင် ရိုးမဘဏ်ဟာ ဒီဂျစ်တယ်ဘက်ကို အသွင်ကူးပြောင်းနိုင်ဖို့ ကြိုးစားအားထုတ်နေပြီး အဲဒီခရီးလမ်းမှာလည်း ကျွန်မအနေနဲ့ ပါဝင်ရတာကို တကယ်ဂုဏ်ယူမိပါတယ်။

ဒေါ်မေသူလတ် (Deputy Head of Credit Administration Department)

keyboard_arrow_down

ရိုးမဘဏ်မှာ အလုပ်လုပ်ရတာ နှစ်သက်ရတဲ့အကြောင်းရင်းကတော့ ရိုးမဘဏ်ဟာ မြန်မာနိုင်ငံမှာ Digital Bank တစ်ခုအဖြစ် ရပ်တည်နိုင်ဖို့ ကြိုးစားနေပြီး နိုင်ငံတကာအတွေ့အကြုံရှိတဲ့ ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့ ပူးပေါင်းပြီး စနစ်တကျလုပ်ဆောင်နေပါတယ်။
ရိုးမဘဏ်မှာ ပုံမှန်ငွေသွင်း၊ ငွေထုတ်၊ ချေးငွေလုပ်ငန်းတွေအပြင် အခြားသောဘဏ်တွေမှာ မရှိသေးတဲ့ ဘဏ် ဝန်ဆောင်မှုအသစ်အသစ်တွေကို ကျွမ်းကျင်ပညာရှင်တွေရဲ့ အကူအညီနဲ့ ဆန်းသစ်တီထွင်နိုင်တာကြောင့် ထပ်မံလေ့လာသင်ယူမှုတွေလည်း ပြုလုပ်နိုင်ပါတယ်။ ဒါ့ပြင် မိမိရဲ့ ကြိုးစားမှုပေါ် မူတည်ပြီး အသိအမှတ်ပြုခံရတာ၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ရင်းနှီးစွာနဲ့ တတ်ကျွမ်းနားလည်ထားတဲ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေပေးတာကြောင့် ရိုးမဘဏ်နဲ့ လက်တွဲအလုပ်လုပ်ကိုင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။


ဦးဇာနည်ထွန်း (Deputy Head of Corporate Banking, Sales & Service Division)

keyboard_arrow_down



ရိုးမဘဏ်မှာ အလုပ်လုပ်တဲ့သက်တမ်းတစ်လျှောက်မှာ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ကျွန်တော့်အတွက် တကယ်ကို အရေးကြီးပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ရပ်ကို ရရှိအောင် ထိန်းထားနိုင်တာဟာ ကျွန်တော့်အောင်မြင်မှုတွေထဲမှာ အဓိကကျပါတယ်။ Corporate Sale ပိုင်းမှာ အလုပ်လုပ်နေရတဲ့အတွက် ယုံကြည်မှုက အလွန်ကို အရေးကြီးပါတယ်။ လုပ်ငန်းတွေကို ထိထိရောက်ရောက် လုပ်နိုင်ဖို့ ကျွန်တော်တို့တစ်ဦးအလုပ်ကို တစ်ဦး ယုံကြည်မှုရှိရမှာ ဖြစ်ပါတယ်။ ဒါ့ပြင် ရည်မှန်းထားတဲ့ ရည်မှန်းချက်ကို ပြည့်မီအောင် အတူတကွ ကြိုးစား အားထုတ်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် ကောင်းတဲ့ လုပ်ဖော်ကိုင်ဖက်တွေရှိခြင်းက အရေးကြီးပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကောင်းမွန်နဲ့ ဆက်ဆံရေးတစ်ရပ်ကို တည်ဆောက်နိုင်ခြင်းက Teamwork ကောင်းကောင်း တစ်ခု ရရှိစေပါတယ်။ အားလုံးဟာ ငယ်ရွယ်တက်ကြွပြီး အလုပ်ကို ကြိုးစားလုပ်ဆောင်ကြတာကြောင့် ကျွန်တော့်အနေနဲ့ သူတို့နဲ့ အတူ အလုပ်လုပ်ခွင့်ရခြင်းကို အများကြီးဂုဏ်ယူမိပါတယ်။

ဒေါ်ကျော့ရွှေရည်သွေး (Recruitment Manager, Human Resources Department)

keyboard_arrow_down


ဒီတစ်ပတ်မှာတော့ ရိုးမဘဏ်ရဲ့ Human Resources Department မှာ Recruitment Manager အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မကျော့ရွှေရည်သွေးကတော့ ရိုးမဘဏ် ဝန်ထမ်းတွေကို motivate ဖြစ်စေတဲ့အရာတွေကို အခုလိုပြောကြားခဲ့ပါတယ်။ ရိုးမဘဏ်မှာ performance base စနစ်ကို ကျင့်သုံးတဲ့အတွက် ကိုယ်ကြိုးစားရင် ကြိုးစားသလောက် လစာတွေရာထူးတွေအဆင့်ဆင့်တိုးနိုင်ပါတယ်။ အသစ်စတင်ဝင်ရောက်တဲ့ ဝန်ထမ်းတွေအနေနဲ့လည်း အစမ်းခန့်ကာလအတွင်းမှာ ရှိနေပါစေ performance ကောင်းရင် annual performance bonus ကို ခံစားခွင့်ရှိပါတယ်။ ရိုးမဘဏ်ရဲ့ Work Place မှလည်း လူတိုင်းဟာ တန်းတူအခွင့်အရေးတွေကို ခံစားခွင့်ရှိပါတယ်။ Chief level officers တွေကလည်း Open Door Policy ကို ကျင့်သုံးတဲ့အတွက် သူတို့နဲ့ အချိန်မရွေးပြောဆိုဆွေးနွေးနိုင်ပါတယ်။

ရိုးမဘဏ်မှာလိုအပ်နေတဲ့ skill set တွေက ကျယ်ပြန့်ပါတယ်။ Job Description တွေမှာ လိုအပ်တဲ့ skill set တွေကို ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။

ရိုးမဘဏ်ရဲ့ working environment ကို နှစ်သက်လို့ဖြစ်စေ ၊ ရိုးမဘဏ်မှာ လိုအပ်နေတဲ့ skill set တွေကို ပိုင်ဆိုင်ထားလို့ဖြစ်စေ ရိုးမဘဏ်မှာ အလုပ်လျှောက်ချင်တယ်ဆိုရင် အလုပ်ခေါ်ယူနေတဲ့ position တွေအားလုံးကို ရိုးမဘဏ် website နဲ့ JobNet မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ [email protected] ကိုလည်း e-mail ပေးပို့လျှောက်ထားနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။