menu

အုပ်ချုပ်ရေးဘုတ်အဖွဲ့

ဒါရိုက်တာ ဘုတ်အဖွဲ့နှင့် ဘဏ်၏ ဆပ်(ဘ်)ကော်မတီဝင်များသည် ဘဏ်၏ အုပ်ချုပ်မှုပိုင်းဆိုင်ရာ၊ ဦးဆောင်မှုပိုင်းဆိုင်ရာနှင့် နည်းဗျူဟာဆိုင်ရာလုပ်ထုံးလုပ်နည်းများ အတွက်တာဝန်ရှိသည်။ ဒါရိုက်တာဘုတ်အဖွဲ့သည် နှစ်စဉ်ကျင်းပသော အထွေထွေအစည်းအဝေးနှင့်အတူ တစ်လလျှင်တစ်ကြိမ် အစည်းအဝေးပြုလုပ်မည်ဖြစ်သည်။

ရိုးမဘဏ်၏ ကော်ပိုရိတ်အုပ်ချုပ်မှုဆိုင်ရာ မူဘောင်အားရေးဆွဲရာတွင် အဓိကအချက်များမှာ -

တာဝန်ခံမှု - ကျွန်ုပ်တို့၏မူဝါဒများသည် ရှယ်ယာရှင်များအားတာဝန်ခံမှုရှိစေပြီး ဘဏ်၏ ဘုတ်အဖွဲ့ကို နည်းဗျုဟာမြောက်ရည်မှန်းချက်များချမှတ်ခြင်းနှင့် ဘဏ်၏စီမံခန့်ခွဲမှုများကို စောင့်ကြည့်ခြင်းတို့အတွက် လမ်းညွှန်ပေးခြင်း။

မျှတမှု - ရှယ်ယာရှင်များအားလုံး၏အခွင့်အရေးကို ဗဟိုဘဏ်၏ညွှန်ကြားချက်များ၊ အုပ်ချုပ်ရေးဆိုင်ရာဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တန်းတူညီမျှစွာ ရရှိစေခြင်း။

ပွင့်လင်းမြင်သာမှု - ဆုံးဖြတ်ချက်ချခြင်း လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် သက်ဆိုင်သည့်သတင်းအချက်အလက်များကို တိကျစွာဖော်ပြခြင်း။

တာဝန်ဝတ္တရား - ဗဟိုဘဏ်၏ညွှန်ကြားချက်များ၊ တည်ဆဲဥပဒေများ နှင့် ဘဏ်လုပ်ငန်းဆိုင်ရာစည်းမျဉ်းများကိုလိုက်နာခြင်း။ 

ဘုတ်အဖွဲ့ဝင်များမှာ -

  • ဦးသိမ်းဝေ @ Serge Pun  (ဥက္ကဌ)
  • ဦးမြတ်သင်းအောင် (ဒါရိုက်တာ)
  • ဦးထွန်းမြတ် (လွတ်လပ်သောအလုပ်အမှုဆောင်ဒါရိုက်တာ)
  • ဦးကြည်အေး (ဒါရိုက်တာ)
  • Mr. Melvyn Pun (အလုပ်အမှုဆောင်မဟုတ်သောဒါရိုက်တာ)
  • Mr. Dean Cleland (အမှုဆောင်ဒါရိုက်တာ)
  • ဒေါ်အေးအေးစိုး (အမှုဆောင်ဒါရိုက်တာ)
ဆပ်(ဘ်) ကော်မတီများ

ဒါရိုက်တာဘုတ်အဖွဲ့၏ ညွှန်ကြားမှုအရ သက်ဆိုင်ရာ စီးပွားရေး လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ရန် Audit ကော်မတီ၊ Procurement ကော်မတီ နှင့် Risk Oversight ကော်မတီ တို့ကို ဖွဲ့စည်းခဲ့ပါသည်။


Risk Oversight ကော်မတီ
  • Mr. Melvyn Pun (ဥက္ကဌ)
  • ဦးထွန်းမြတ် (အဖွဲ့ဝင်)
  • ဦးကြည်အေး (အဖွဲ့ဝင်)
  • ဒေါ်အေးအေးစိုး (အဖွဲ့ဝင်)

Audit ကော်မတီ
  • ဦးထွန်းမြတ် (ဥက္ကဌ)
  • ဦးကြည်အေး (အဖွဲ့ဝင်)
အမှုဆောင်အရာရှိချုပ်၏လမ်းညွှန်စီမံခန့်ခွဲမှုအောက်တွင် Senior Management အဖွဲ့ဝင်များသည်ဘဏ်၏လည်ပတ်မှုနှင့်စီမံခန့်ခွဲမှုအတွက်တာဝန်ရှိသည်။ ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် ထိရောက်မှုရှိစေရန် အောက်ပါဆပ်(ဘ်) ကော်မတီများကို ဖွဲ့စည်းခဲ့သည်။


  • Leadership Committee
  • Asset & Liability Committee
  • Credit Committee 
  • Product Committee 
  • NPL Committee  


နှစ်ပတ်လည်အထွေထွေအစည်းအဝေး (AGM) အသိပေးခြင်း

ရိုးမဘဏ်၏ အုပ်ချုပ်မှုဆိုင်ရာ မူဘောင်နှင့်အညီ နှစ်ပတ်လည် အထွေထွေအစည်းအဝေးကိုနှစ်စဉ် ကျင်းပသည်။ ရိုးမဘဏ် ၂၅ ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် အစုရှယ်ရာဝင်များ၊ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များ နှင့် ပြင်ပ စာရင်းစစ်များနှင့်ကျင်းပခဲ့သည်။

 

Related Products

Related Products