menu

ကုမ္ပဏီအချက်အလက်နှင့် လုပ်ငန်းဆိုင်ရာအကျဉ်း

ရိုးမဘဏ်သည် ၁၉၉၃ ခုနှစ် ဩဂုတ်လတွင် ပထမဉီးဆုံးဘဏ်ခွဲကိုဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံတွင်အကြီးမားဆုံးဘဏ်လုပ်ငန်းတစ်ခု ဖြစ်လာစေရန်အတွက် ဘဏ်ခွဲများ ဆက်လက်၍တိုးချဲ့ဖွင့်လှစ်ခဲ့ကာ တစ်ဉီးချင်းအတွက်သော်လည်းကောင်း၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက်သော်လည်းကောင်း၊ ကော်ပိုရိတ်လုပ်ငန်းများအတွက်သော်လည်းကောင်း မိမိတို့၏ ဖောက်သည်များလိုအပ်သည့် ဘဏ်ဝန်ဆောင်မှုများကို အရည်အသွေးပြည့်ဝစွာ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

ရိုးမဘဏ်သည် တန်ဖိုးအားဖြင့် မြန်မာနိုင်ငံ၏ထိပ်တန်းဘဏ် ၅ ဘဏ်စာရင်းတွင်ပါဝင်နေပြီး ဝန်ထမ်းပေါင်း ၃,၀၀၀ ကျော်ရှိကာ မြန်မာနိုင်ငံတစ်ဝန်းတွင် ဘဏ်ခွဲပေါင်း ၈၀ ကျော်ဖြင့် လုပ်ငန်းလည်ပတ်နေသည့် ဘဏ်လုပ်ငန်းစုတစ်ခုဖြစ်ပါသည်။ တစ်ဉီးချင်း၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများနှင့် ကော်ပိုရိတ်လုပ်ငန်းများ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်လည်ပတ်နိုင်ရန် လိုအပ်သည့် ငွေကြေးဆိုင်ရာပံ့ပိုးမှုများ ပေးနိုင်ရန်အတွက် ချေးငွေအမျိုးမျိုး၊ စီးပွားရေးဆိုင်ရာ ဝန်ဆောင်မှုများနှင့် အပ်ငွေစာရင်းဝန်ဆောင်မှုများကို ပေးလျက်ရှိပါသည်။ 

ရိုးမဘဏ်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပါဝင်သည့် ပထမဉီးဆုံးပြည်တွင်းဘဏ်လုပ်ငန်းဖြစ်သောကြောင့် ကောင်းမွန်သော ကော်ပိုရိတ်အုပ်ချုပ်မှုရှိခြင်းနှင့် ပွင့်လင်းမြင်သာမှုရှိခြင်းတို့ကို အမြဲတစေထိန်းသိမ်းကြိုးပမ်းလျက်ရှိပါသည်။ မြန်မာနိုင်ငံရှိမိသားစုများနှင့် လုပ်ငန်းများ၏လိုအပ်ချက်ကို ငွေကြေးထောက်ပံ့ပေးခြင်းဖြင့်  “ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော် တည်ဆောက်ရန်” ဟူသောရိုးမဘဏ်၏ ရည်မှန်းချက်ကို ဖြည့်ဆည်းနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။ 

ရိုးမဘဏ်သည် ကော်ပိုရိတ်အုပ်ချုပ်မှုဆိုင်ရာ တာဝန်နှင့်ဝတ္တရားများကိုကျေပွန်၍ ဘဏ်နှင့် ဘဏ်၏ရှယ်ယာရှင်များ၏အကျိုးစီးပွားကို အကောင်းဆုံး ဖြည့်ဆည်းပေးလျက်ရှိကာ ဘဏ်တွင်းကျင့်သုံးနေသည့် မူဝါဒများသည်လည်း စီးပွားရေးဆိုင်ရာကျင့်ဝတ်စံချိန်စံနှုန်း အမြင့်ဆုံးထင်ဟပ်လျက်ရှိနေစေရန် အစဉ်တစိုက် ကြိုးပမ်းလျက်ရှိပါသည်။ ထို့အပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန်ကြားချက်များ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအပါအဝင် အစိုးရမှချမှတ်ပေးထားသည့် နည်းဉပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် အစဉ်အမြဲ ကိုက်ညီမှုရှိစေရန် ကြိုးပမ်းလျက်ရှိပါသည်။

မိမိတို့အနေဖြင့် ကောင်းမွန်သော အုပ်ချုပ်မှုပုံစံရှိခြင်းသည် နေ့စဉ်လုပ်ငန်းလည်ပတ်ရာတွင် အစဉ်ထည့်သွင်းတန်ဖိုးထားသည့် ပွင့်လင်းမြင်သာမှု၊ မျှတမှု၊ ငွေကြေးဆိုင်ရာ တည်ငြိမ်မှု၊ လုပ်ငန်းတိုးတက်မှု တို့မှတစ်ဆင့် customer များအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ခြင်း တို့အပေါ်တွင် အခြေခံသည်ဟု ယုံကြည်ပါသည်။ 



ကော်ပိုရိတ်အုပ်ချုပ်ပုံ ထုတ်ပြန်ချက်

ရိုးမဘဏ်တွင် ကော်ပိုရိတ်အုပ်ချုပ်မှုသည် အစုရှယ်ယာရှင်များ၏ ယုံကြည်မှု ကိုဆက်လက်ထိန်းသိမ်းရန်နှင့် ရှယ်ယာရှင်များအား ပိုမိုမြင့်မားသည့် တန်ဖိုးများပေးရာတွင် မရှိမဖြစ်လိုအပ်သည်ဟုသတ်မှတ်ထားပါသည်။ ဘဏ်ရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် ဆက်လက် တိုးတက်မှုများ ရှိနေစေရေး တို့တွင် ကော်ပိုရိတ်အုပ်ချုပ်မှု၏ အရေးပါပုံကို ရှယ်ယာရှင်များနှင့်ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်များသည်လည်း ကောင်းစွာ နားလည်အသိမှတ်ပြု ထားပါသည်။ စီးပွားရေး လုပ်ထုံးလုပ်နည်းများ၏ အခြေခံကျသော အစိတ်အပိုင်းတစ်ရပ် အနေဖြင့် ကော်ပိုရိတ် အုပ်ချုပ်မှုဆိုင်ရာ မူဝါဒသည် ရှေ့ဆက် လုပ်ကိုင်ရမည့် လုပ်ငန်းများနှင့် ဆုံးဖြတ်ချက်များကို ရှင်းလင်းပြတ်သားစေသည်။ 

ရိုးမဘဏ်သည် ကော်ပိုရိတ်အုပ်ချုပ်မှုဆိုင်ရာ တာဝန်နှင့်ဝတ္တရားများကို ကျေပွန်၍ ဘဏ်နှင့်ဘဏ်၏ရှယ်ယာရှင်များ၏အကျိုးစီးပွားကို အကောင်းဆုံး ဖြည့်ဆည်းပေးရင်း ဘဏ်တွင်းကျင့်သုံးနေသည့် မူဝါဒများသည်လည်း စီးပွားရေးဆိုင်ရာကျင့်ဝတ်စံချိန်စံနှုန်း အမြင့်ဆုံးထင်ဟပ်လျက်ရှိနေစေရန် အစဉ်တစိုက်ကြိုးပမ်းလျက်ရှိပါသည်။ ထို့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြားချက်များ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအပါအဝင် အစိုးရမှချမှတ်ပေးထားသည့် နည်းဉပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် အစဉ်အမြဲ ကိုက်ညီမှုရှိစေရန်ကြိုးပမ်းလျက် ရှိပါသည်။

Related Products

Related Products