menu

လက်ခံနိုင်သော ဆုံးရှုံးနိုင်ခြေ

ရိုးမဘဏ်သည် သိရှိပြီးလက်ခံနိုင်သော ဆုံးရှုံးနိုင်ခြေဆိုင်ရာ ဖော်ပြချက်ကို အကောင်အထည်ဖော်ထားပြီး ဖြစ်ပါသည်။ ထို ‌ဖော်ပြချက်မှာ ဘဏ်အတွက်နည်းဗျူဟာဆိုင်ရာများနှင့် ခန့်မှန်းစရိတ်များဆိုင်ရာ ရည်မှန်းချက်များချမှတ်ရာတွင်လည်းကောင်း၊ ထုတ်ကုန်အသစ်များနှင့် ဝန်ဆောင်မှုအသစ်များကို ရွေးချယ်ခြင်းနှင့် ဈေးကွက်အတွင်းသို့ ဝင်ရောက်ရာ၌ အကဲဖြတ်ရာတွင်လည်းကောင်း အကူအညီဖြစ်စေပါသည်။ ထို့ပြင် ဘဏ်၏နည်းဗျူဟာဆိုင်ရာရည်မှန်းချက်များနှင့် ဆုံးရှုံးနိုင်ခြေများအားသိရှိခြင်း၊လက်ခံနိုင်ခြင်း၊ ကြိုတင်သတိပေးမှုအဆင့်များကို ပြည့်မီခြင်း စသည့်လက်ခံနိုင်သည့် ဆုံးရှုံးနိုင်ခြေအမျိုးအစားနှင့် ပမာဏတို့ပါ အပါအဝင်ဖြစ်ပါသည်။

သိရှိပြီးလက်ခံနိုင်သောဆုံးရှုံးနိုင်ခြေဆိုင်ရာဖော်ပြချက်သည် ချေးငွေရေးရာ ဆုံးရှုံးနိုင်ခြေများ၊ လုပ်ငန်းလည်ပတ်မှု ရေးရာ၊ ငွေဖြစ်လွယ်မှုရေးရာဆုံးရှုံးနိုင်ခြေများအပြင် အဓိကကျသောဆုံးရှုံးနိုင်ခြေများအားညွှန်ပြချက်များနှင့် ဆုံးရှုံးနိုင်ခြေဧရိယာများတွင် ဖြစ်ပေါ်လာနိုင်သည့် သတ်မှတ်ထားသော ပြောင်းလဲချက်များ စသည်တို့ကိုလည်း ထည့်သွင်းထားပါသည်။ 

အဓိကကျသော ဆုံးရှုံးနိုင်ခြေများအား ညွှန်ပြချက်များနှင့် ဆုံးရှုံးနိုင်ခြေ ဧရိယာများတွင် ဖြစ်ပေါ်လာနိုင်သည့် သတ်မှတ်ထားသော ပြောင်းလဲချက်များတို့ ပါဝင်သော သိရှိပြီး လက်ခံနိုင်သော ဆုံးရှုံးနိုင်ခြေဆိုင်ရာ ဖော်ပြချက်ကို ဒါရိုက်တာအဖွဲ့မှ ဆန်းစစ်ခွင့်ပြုပြီး ဖြစ်သည်။ ထိုညွှန်ပြချက်များအပြင် စည်းမျဉ်းချမှတ်သူများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများမှ လိုအပ်ချက်များနှင့် ဘဏ်၏ရည်မှန်းချက်များတို့နှင့်အညီ ဘဏ်လုပ်ငန်းတစ်ခုလုံး၏ အခြား လက်ခံနိုင်သော ဆုံးရှုံးနိုင်ခြေများကိုလည်း ဖော်ထုတ်ထားပြီး နေ့စဉ်၊ လစဉ်၊ သုံးလတစ်ကြိမ်၊ နှစ်စဉ် စသဖြင့် ဆက်လက်လေ့လာ စောင့်ကြည့်သွားမည် ဖြစ်သည်။ 



အဓိကကျသော ဆုံးရှုံးနိုင်ခြေများ နှင့် ဤ ဆုံးရှုံးနိုင်ခြေများအား မည်သို့ စီမံခန့်ခွဲမည်နည်း ?

အဓိကကျသော ဆုံးရှုံးနိုင်ခြေများ အဓိပ္ပါယ်ဖွင့်ဆိုချက်  ဤဆုံးရှုံးနိုင်ခြေများကို စီမံခန့်ခွဲမှု
ချေးငွေရေးရာ ဆုံးရှုံးနိုင်ခြေများ ဘဏ်မှချေးငွေ ချေးယူသူမှ ဘဏ္ဍာရေးပိုင်းဆိုင်ရာ စည်းမျည်းစည်းကမ်:များ နှင့် တာဝန်ဝတ္တရားများအား ဆောင်ရွက်ရန်ပျက်ပြားခြင်းမှ ဖြစ်ပေါ်လာနိုင်သော ဆုံးရှုံးနိုင်ခြေများ ကိုဆိုလိုပါသည်။  ဤ ချေးငွေရေးရာ ဆုံးရှုံးနိုင်ခြေများအား လေ့လာစောင့်ကြည့်၍ ချမှတ်ထားသော အဓိကကျသည့် မူဝါဒများနှင့်ကန့်သတ်ချက်များ အား ဒါရိုက်တာအဖွဲ့မှခွင့်ပြုထားပြီးဖြစ်သည်။ ဤသို့ချေးငွေ ချေးပေးရာတွင် တစ်ဦးတစ်ယောက်အ‌ပေါ်တွင်လည်းကောင်း၊ အဖွဲ့စုတစ်စု အ‌ပေါ်တွင်လည်းကောင်း၊ လုပ်ငန်းနယ်ပယ်တစ်ခု အ‌ပေါ်တွင်လည်းကောင်း သတ်မှတ်ထားသော ကန့်သတ်ချက်များအလိုက် လက်ခံနိုင်သော ဆုံးရှုံးနိုင်ခြေများကို အဆင့်လိုက်ခွဲခြားထားပါသည်။
လုပ်ငန်းလည်ပတ်ရေးရာ ဆုံးရှုံးနိုင်ခြေများဘဏ်တွင်း၏ လုပ်ဆောင်ချက်များ၊ ၀န်ထမ်းများ နှင့် စနစ် (System) များ၏ ချို့ယွင်းချက်များကြောင့် (သို့) ဘဏ်၏ပြင်ပရှိ ဖြစ်ရပ်ကြောင့် ပေါ်ပေါက်လာနိုင်သော ဆုံးရှုံးနိုင်ခြေများ ကိုဆိုလိုပါသည်။ကြီးမားသောဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုတွင် လိုအပ်သော အကြောင်းအားလျော်စွာ ချင့်ချိန်စီမံခန့်ခွဲနိုင်ခြင်းနှင့်  ဘဏ်၏သိရှိပြီး လက်ခံနိုင်သော ဆုံးရှုံးနိုင်ခြေ သတ်မှတ်ချက်များအတွင်းတွင် ကုန်ကျစရိတ်များနှင့် ဆုံးရှုံးနိုင်ခြေများကို မျှတစွာ ဆောင်ရွက်ရပါသည်။
ငွေဖြစ်လွယ်မှုရေးရာ ဆုံးရှုံးနိုင်ခြေများကာလတိုအတွင်းပေးဆပ်ရန်ရှိသော ကြွေးမြီ:များနှင့် တာဝန်ဝတ္တရားများကို  ဖြည့်ဆည်းနိုင်ခြင်း မရှိခြင်းမှ ပေါ်ပေါက်လာနိုင်သော ဆုံးရှုံးနိုင်ခြေများ ကိုဆိုလိုပါသည်။Asset liability management (ALM) မူဝါဒကိုဒါရိုက်တာအဖွဲ့မှ  ခွင့်ပြုထားပြီးဖြစ်သည်။ ရိုးမဘဏ်သာမက မည်သည့်ဘဏ္ဍာရေး အဖွဲ့အစည်းမဆို သက်‌ရောက်နိုင်သည့် ငွေဖြစ်လွယ်မှုရေးရာ ဆုံးရှုံးနိုင်ခြေများအားဖြေရင်းရန် ငွေဖြစ်လွယ်မှုရေးရာ ကန့်သတ်ချက်များ ထားရှိခြင်းအားဖြင့် ကာကွယ်ထားပြီးဖြစ်သည်။ ထို့အပြင် အရေးပေါ် ရန်ပုံငွေ အစီအစဉ်များ (Contingent Funding Plan)လည်း ပြင်ဆင်ထားပါသည်။  ဒါရိုက်တာအဖွဲ့ ၏ ခွင့်ပြုထားသော ALM မူဝါဒရှိ သတ်မှတ်ချက်များနှင့် CBM မှ လိုအပ်ချက်များနှင့်လည်း ကိုက်ညီအောင် အထူးသတိပြု  စောင့်ကြည့် လေ့လာလျက်ရှိပါသည်။