menu

 ဆုံးရှုံးနိုင်ခြေအပေါ်ခံယူချက်

ရိုးမဘဏ်၏ Risk Philosophy (ဆုံးရှုံးနိုင်ခြေအပေါ်ခံယူချက်) သည် ကျင့်ဝတ်မှန်ကန် ရိုးမဘဏ် “The Responsible Bank” ဟူသောဆောင်ပုဒ်ကို အခြေခံ၍ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံ၏စီးပွားရေးကို တစ်ဖက်တစ်လမ်းမှထောက်ပံ့ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင် ကူညီခြင်း၊ ပြည်တွင်းရှိစွန့်ဦးတီထွင်သူများ လုပ်ငန်းစတင်တည်ထောင်ခြင်းအား ကူညီထောက်ပံ့ခြင်း၊ တောင်သူလယ်သမားများနှင့် ကျေးလက်နေပြည်သူများအတွက် ဘဏ်ဝန်ဆောင်မှုများ ပိုမိုကျယ်ပြန့်စွာဆောင်ရွက်ပေးခြင်း စသည်တို့မှ ပေါ်ပေါက်လာသော Risk (ဆုံးရှုံးနိုင်ခြေ) များကို လက်ခံ၍ စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိပါသည်။


ဆုံးရှုံးနိုင်ခြေများကိုစီမံခန့်ခွဲခြင်း

ရိုးမဘဏ်၏ ဆုံးရှုံးနိုင်ခြေများကို စီမံခန့်ခွဲခြင်း မူဘောင်မှာ အောက်ပါ ပုံအတိုင်းဖြစ်ပါသည်။ ဆုံးရှုံးနိုင်ခြေများ စီမံခန့်ခွဲ မှုအဖွဲ့နှင့်အတူ သက်ဆိုင်ရာဌာနများနှင့် ဘဏ်ခွဲများပူးပေါင်း၍ ဆုံးရှုံးနိုင်ခြေများကို ဖော်ထုတ်ခြင်း၊ အကဲဖြတ်ခြင်း၊ ထိန်းချုပ်မှုများကို အကဲဖြတ်ခြင်းများကို လုပ်ဆောင်လျက်ရှိပါသည်။


ဆုံးရှုံးနိုင်ခြေများကိုအုပ်ချုပ်မှုစနစ်

ထိရောက်သော ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုစနစ်သည် ထိရောက်သော အုပ်ချုပ်မှုပုံစံမှ စတင်ပါသည်။ ရိုးမဘဏ်တွင် ခိုင်မာသော စီမံခန့်ခွဲပုံစနစ်များကို လိုက်နာကျင့်သုံးလျက်ရှိပါသည်။  Board of Directors (ဒါရိုက်တာ အဖွဲ့ဝင်များ)မှလည်း  ဘဏ်၏ စီမံခန့်ခွဲမှုစနစ်ကို ကြီးကြပ်၍ ဘဏ်၏ လုပ်ငန်းစဉ်များသည်

  • ရိုးမဘဏ်၏ မဟာဗျူဟာဆိုင်ရာရည်ရွယ်ချက်များနှင့် ကိုက်ညီမှု ရှိစေရန်
  • အရေးပါသော ဆုံးရှုံးနိုင်ခြေများကို ဖော်ထုတ်ခြင်း၊ အကဲဖြတ်ခြင်း၊ လျှော့ချခြင်းစသည့် ထိန်းချုပ်မှုများ အခြေခံမူဘောင် တို့နှင့်ထိရောက်စွာဆောင်ရွက်လျက်ရှိပြီး
  • ဘဏ်၏ Risk appetite (လက်ခံနိုင်သော ဆုံးရှုံးနိုင်ခြေဘောင်)အတွင်းတွင် လည်ပတ်နေမှု ရှိစေရန် စသည်တို့ကို ကြီးကြပ်စောင့်ကြည့်လျက်ရှိပါသည်။

ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုကော်မတီ မှ ဆုံးရှုံးနိုင်ခြေများစီမံခန့်ခွဲသည့်မူဘောင်အား ကြီးကြပ်၍ ချေးငွေရေးရာ၊ ‌ဈေးကွက်ရေးရာ၊ ငွေဖြစ်လွယ်မှုဆုံးရှုံးနိုင်ခြေများ နှင့် လုပ်ငန်းလည်ပတ်မှုရေးရာ၊ စီးပွား‌ရေးရာ ဆုံးရှုံးနိုင်ခြေများကို အထူးသတိပြုကြီးကြပ်ကွပ်ကဲပြီး ဘဏ်၏ ဒါရိုက်တာအဖွဲ့အား ကူညီပံ့ပိုးပေးပါသည်။

ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု ကော်မတီ မှ ဆုံးရှုံးနိုင်ခြေများကိုစီမံခန့်ခွဲခြင်း နှင့် ပတ်သက်၍ အောက်ပါကော်မတီများသို့ တာဝန်များခွဲဝေချမှတ်ထားပါသည်။

  • အလုပ်အမှုဆောင် ချေးငွေကော်မတီ Executive Credit Committee (ECC)
  • ပေးရန် တာဝန်နှင့် ရပိုင်ခွင့်များ စီမံခန့်ခွဲရေးကော်မတီ Asset-Liability Committee (ALCO)
  • ထုတ်ကုန်ကော်မတီ Product Committee

အမှုဆောင်အရာရှိချုပ် နှင့် ဆုံးရှုံးနိုင်ခြေများစီမံခန့်ခွဲရေးဆိုင်ရာအရာရှိချုပ် တို့သည် ဒါရိုက်တာအဖွဲ့နှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုကော်မတီတို့ အတည်ပြုထားသော ဘဏ်၏ဆုံးရှုံးနိုင်သော အန္တရာယ်များနှင့် ပတ်သက်သည့် မူဝါဒများနှင့် လမ်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်တာဝန်ယူပါသည်။


အလုပ်အမှုဆောင် ချေးငွေကော်မတီ

အလုပ်အမှုဆောင်ချေးငွေကော်မတီ၏ လုပ်ပိုင်ခွင့်မှာ ဘုတ်အဖွဲ့ကိုယ်စားဘဏ်၏ ချေးငွေဆိုင်ရာ ဆောင်ရွက်ချက်များကိုကြီးကြပ်ရန် ဖြစ်သည်။ သင့်လျော်သောချေးငွေဆိုင်ရာ ဆုံးရှုံးနိုင်ခြေ မူဝါဒများ၊ အာမခံစံချိန်စံညွှန်းများ၊ ဆုံးရှုံးနိုင်ခြေတိုင်းတာမှုနှင့် ခွင့်ပြုချက် ကန့်သတ်မှုတို့ကို အကောင်အထည်ဖော်ပြီး လိုက်နာကျင့်သုံးရန် အလုပ်အမှုဆောင်ချေးငွေကော်မတီ တွင်တာဝန်ရှိသည်။ အလုပ်အမှုဆောင် ချေးငွေ ကော်မတီသည် သတ်မှတ်ထားသည့် ဆုံးရှုံးနိုင်ခြေမူဘောင်နှင့် ကိုက်ညီမှုရှိစေရန်  ချေးငွေမူဝါဒများနှင့် ဆုံးရှုံးနိုင်ခြေဆိုင်ရာ ကိုယ်ရေးအချက်အလက်များ၏ လိုက်နာမှုကိုစစ်ဆေးသည်။ ချေးငွေ လျှောက်ထားမှုကို ချေးငွေဆုံးရှုံးနိုင်ခြေ အကဲဖြတ်သော အာဏာပိုင်အဖွဲ့၏ခွင့်ပြုချက်အရ စိစစ်ပြီး အတည်ပြုမည်ဖြစ်သည်။ ပမာဏနည်းသော ချေးငွေများကို အတည်ပြုပေးသည့်လုပ်ပိုင်ခွင့်များကို လုပ်ငန်းဌာနအသီးသီးမှ တာဝန်ခံများ၊ ချေးငွေ သို့မဟုတ် ဆုံးရှုံးနိုင်ခြေ သို့မဟုတ်  အသေးစားချေးငွေ ကော်မတီ သို့မဟုတ် ဌာနဒုတာဝန်ခံများအား အခွင့်အာဏာလွှဲပြောင်း ပေးအပ်ခြင်းတွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အတိုင်း လုပ်ပိုင်ခွင့် ပေးအပ်ထားပြီး ဖြစ်သည်။ ချေးငွေတစ်ခု၏ အရည်အသွေးသည် ခိုင်မာပြီး အတည်ပြုထားသော ချေးငွေ ဆုံးရှုံးနိုင်ခြေ ဖော်ပြချက်နှင့် ကိုက်ညီမှုရှိစေရန် အလုပ်အမှုဆောင် ချေးငွေကော်မတီ သည် ချေးငွေဆုံးရှုံးနိုင်ခြေ ရှိ မရှိ စောင့်ကြည့်လေ့လာရေး အစီရင်ခံစာကို အခါအားလျော်စွာ ပြန်လည်သုံးသပ်လိမ့်မည်။ ထို့အပြင် အလုပ်အမှုဆောင်ချေးငွေကော်မတီ သည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ စည်းမျဉ်းများ၊ သက်ဆိုင်ရာဥပဒေများနှင့် ရိုးမဘဏ် ၏  အခြားဥပဒေဆိုင်ရာ တာဝန်ဝတ္တရားများသို့မဟုတ် သဘောတူညီချက်များကို လိုက်နာမှုရှိစေရန် သေချာဆောင်ရွက်လျက်ရှိသည်။ အလုပ်အမှုဆောင်ချေးငွေကော်မတီ ၏လုပ်ဆောင်ချက်တွင် - ချေးငွေထုတ်ပေးခြင်း မဟာဗျူဟာကိုပြန်လည်သုံးသပ်ခြင်း၊ လိုအပ်ပါက အပြောင်းအလဲများကို အကြံပြုခြင်းနှင့် ဆုံးရှုံးနိုင်ခြေ ကြီးကြပ်ရေး ကော်မတီသို့တင်ပြခြင်း မပြုမီ ချေးငွေထုတ်ကုန်များနှင့် အစီအစဉ်များကို ပြန်လည်သုံးသပ်ခြင်းတို့ပါဝင်သည်။


ပေးရန် တာဝန်နှင့် ရပိုင်ခွင့်များ စီမံခန့်ခွဲရေးကော်မတီ

ပေးရန်တာဝန်နှင့် ရပိုင်ခွင့်များ စီမံခန့်ခွဲရေးကော်မတီ၏ လုပ်ပိုင်ခွင့်မှာ Asset-Liability Management (ALM) မူဝါဒကို အကောင်အထည်ဖော်ရန်နှင့် ၎င်းတွင် ဖော်ပြထားသော ဆုံးရှုံးနိုင်ခြေ အန္တရာယ်များကို ကြီးကြပ်ရန်ဖြစ်သည်။ ALM သည် ဖော်ပြပါ အဓိကလုပ်ဆောင်ချက်များနှင့် ဆုံးရှုံးနိုင်ခြေများ အကျုုံးဝင်ပါသည်။  အရင်းအနှီးလုံလောက်မှု၊ ငွေဖြစ်လွယ်မှု၊ အတိုးနှုန်းအန္တရာယ်၊ နိုင်ငံခြားငွေလဲလှယ်မှု၊ အခြားစျေးကွက် ဆုံးရှုံးနိုင်ခြေများကို ဖော်ပြသည်။ ALCO သည် အဓိက မဟာဗျူဟာကျသော အခန်းကဏ္ဍဖြစ်သော ဘဏ်၏ လက်ကျန်ငွေစာရင်း၏ ဖွဲ့စည်းပုံကို စီမံခန့်ခွဲခြင်း၊ ဘဏ်လုပ်ငန်း ထုတ်ကုန်အားလုံးအတွက်စျေးနှုန်းသတ်မှတ်ခြင်း နှင့် စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များကို ထောက်ပံ့ရန်ငွေကြေး လုံလောက်မှုရှိခြင်းနှင့် ဘဏ်ရှိ အခြားဆက်စပ်သော တာဝန်ဝတ္တရားများနှင့်ဥပဒေအရ ချမှတ်ထားသော သက်ဆိုင်ရာ စည်းမျဉ်းများ ပါဝင်သည်။


ထုတ်ကုန်ကော်မတီ

ထုတ်ကုန် ကော်မတီ၏လုပ်ပိုင်ခွင့်မှာ ပစ္စည်းနှင့် ဝန်ဆောင်မှုအသစ်များ ထုတ်လုပ်ရာတွင် ထုတ်ကုန်၏ မူဝါဒ၊ လက်ခံနိုင်သော ဆုံးရှုံးနိုင်ခြေနှင့် ဈေးကွက်၏ ဝယ်လိုအားနှင့်အညီ ထုတ်လုပ်စေနိုင်ရန်ဖြစ်သည်။ ကော်မတီသည် ထုတ်ကုန်၏ လုပ်ဆောင်ချက်ကို ပြန်လည်ဆန်းစစ်ရုံသာမက လက်ရှိ ထုတ်ကုန်များအတွက် လိုအပ်သော ပြုပြင်မွမ်းမံခြင်းများကိုလည်းပြန်လည် ထည့်သွင်းစဉ်းစားပါသည်။


ကာကွယ်ရေးလိုင်း(၃)လိုင်း

ဆုံးရှုံးနိုင်ခြေများကို စီမံခန့်ခွဲခြင်းသည် ဘဏ်ရှိဝန်ထမ်းတိုင်း၏ တာဝန်ဖြစ်ပါသည်။ Corporate governance စနစ်မှအကောင်အထည်ဖော်ဖွဲ့စည်းထားသော ကာကွယ်ရေးလိုင်း (၃)လိုင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ဌာန/ဘဏ်ခွဲများ (ဆုံးရှုံးနိုင်ခြေကာကွယ်ရေးပထမလိုင်း) သည် အချိန်နှင့် တစ်ပြေးညီ လုပ်ငန်းလည်ပတ်မှုပိုင်းဆိုင်ရာတို့ကို အာရုံစိုက်၍ ဆောင်ရွက်ခြင်း၊ ဆုံးရှုံးနိုင်ခြေများကို စီမံခန့်ခွဲမှုဆိုင်ရာ ခိုင်မာသော လုပ်ထုံးလုပ်နည်းများကို ဘဏ်၏ လုပ်ငန်းဆောင်တာများတွင် ထည့်သွင်းခြင်းတို့ကို ဆောင်ရွက်ရန် တာဝန်ရှိပါသည်။ ဌာန/ဘဏ်ခွဲများသည် လုပ်ငန်း လည်ပတ်မှုများတွင် ဆုံးရှုံးနိုင်ခြေအား စီမံခန့်ခွဲနိုင်သည့် စွမ်းဆောင်ရည်များကိုလည်းလေ့လာစောင့်ကြည့်ရန် နှင့် ထိ‌ရောက်မှု ရှိစေရန် တာဝန်ရှိပါသည်။