သဘာဝ ပတ်ဝန်းကျင်နှင့် မြန်မာနိုင်ငံသား အားလုံး၏ အခွင့်အရေးကို ကာကွယ်ပေးရန် ရိုးမဘဏ်က တစ်စိုက်မတ်မတ် ကြိုးပမ်း အားထုတ်နေပါသည်

သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ မူဝါဒ 


ရိုးမဘဏ်၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ မူဝါဒအတိုင်း သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ပြီး မြန်မာနိုင်ငံသားအားလုံး၏ အသက်မွေးဝမ်းကျောင်းနှင့် အခွင့်အရေးများကို ထိန်းသိမ်းစောင့်ရှောက်ရန် ကျွနု်ပ်တို့ ကြိုးပမ်းလျက်ရှိပါသည်။ ရိုးမဘဏ်၏ လုပ်ငန်းဆောင်တာများအားလုံးကို သဘာဝပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံချိန်စံညွှန်းများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ရိုးမဘဏ်၏ တွဲဖက်လုပ်ငန်းပါတနာများကိုလည်း အလားတူဆောင်ရွက်ရန် အားပေးကူညီပေးနေပါသည်။ အမြတ်အစွန်းနှင့် တာဝန်ခံမှုတို့သည် တစ်သီးတစ်ခြားစီမဟုတ်ဘဲ ယင်းတို့ကို အတူတကွဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍကို ပိုမိုကောင်းမွန်စေနိုင်မည်ဟုလည်း ရိုးမဘဏ်က ယုံကြည်ပါသည်။

အသေးစိတ် သိရှိလိုပါက လိုက်နာရမည့် ညွှန်ကြားချက်များကို ဤနေရာတွင် download ရယူပါ။.