ဒေါ်ခင်မူမူမြင့်

Chief Consumer Banking Officer

Team info icon

Position

Chief Consumer Banking Officer

ကိုယ်ရေးအချက်အလက်


ဒေါ်ခင်မူမူမြင့်သည် ကုန်သွယ်မှုဆိုင်ရာ ဘဏ်လုပ်ငန်း၊ ဗျူဟာမြောက် မိတ်ဖက်မှု၊ ကော်ပိုရေးရှင်း ဖွံ့ဖြိုးတိုးတက်မှု၊ ထုတ်ကုန် ဖွံ့ဖြိုးတိုးတက်မှု၊ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု၊ Fortune 100 နှင့် ပုဂ္ဂလိကပိုင် ကုမ္ပဏီများအတွက်  မဟာဗျူဟာမြောက် မိတ်ဖက်မှု၊ ကော်ပိုရေးရှင်း အုပ်ချုပ်မှုနှင့် စက်မှုလုပ်ငန်း အမျိုးမျိုးမှ ပုဂ္ဂလိက ကုမ္ပဏီများအတွက် ပြန်လည်ပြုပြင်ခြင်းနှင့် ပြောင်းလဲခြင်းအတွက် နှစ်ပေါင်း (၂၀) ကျော် အတွေ့အကြုံရှိသော အောင်မြင်သည့် အကြီးတန်း အမှုဆောင်တစ်ဦး ဖြစ်သည်။  သူမသည် Chief Consumer Banking Officer ရာထူးဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ရိုးမဘဏ်ခွဲပေါင်း (၈၀) ကျော်မှ ဘဏ်ဝန်ထမ်း‌ပေါင်း (၂,၀၀၀) ကျော်ကို ဦးဆောင်နေသူ ဖြစ်ပါသည်။ လက်ရှိရာထူး မတိုင်မီတွင် သူမသည် Chief Business Banking Officer ရာထူးဖြင့် ရိုးမဘဏ်သည် မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းများအတွက် အရေးပါသည့် ဘဏ်တစ်ခုဖြစ်လာစေရန် မဟာဗျူဟာရေးဆွဲရာတွင် အဓိက လုပ်ဆောင်ခဲ့ပါသည်။ ထို့ပြင် ရိုးမဘဏ်၏ ကူးသန်းရောင်းဝယ်ရေးနှင့် အပြည်ပြည်ဆိုင်ရာဘဏ်လုပ်ငန်းဌာနခွဲကို တည်ထောင်ရာတွင် ပါဝင်ခဲ့ပြီး၊ ဆက်စပ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ဘဏ်တွင် လုပ်ငန်းခွဲများစွာကို အောင်မြင်စွာ စတင်တည်ထောင်ရာတွင်လည်း တစ်တပ်တစ်အား ပါဝင်ခဲ့ပါသည်။ ထိုမတိုင်မီက သူမသည် ထင်ရှားသော အမေရိကန် အဖွဲ့အစည်းများဖြစ်သည့် Freddie Mac, World Bank, Citi Group, JP Morgan နှင့် Prudential Insurance နှင့် အခြား ပြည်တွင်းလုပ်ငန်းစုကြီးများတွင်လည်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။