ဦးကြည်အေး
အမှုဆောင် ဒါရိုက်တာ
Position
အမှုဆောင် ဒါရိုက်တာ
ပြန်လည်ရွေးကောက်တင်မြှောက်သည့်နေ့ရက်
ဇူလိုင်လ ၂၀၂၃
ဒါရိုက်တာရာထူးအဖြစ် အခြား စာရင်းဝင် ကုမ္ပဏီများတွင် တာဝန်ထမ်းဆောင်လျက်ရှိမှုများ
First Myanmar Investment Public Company Limited (Myanmar)
ကုမ္ပဏီတွင် အကျိုးအမြတ်ပါဝင်မှု
FMI မှတစ်ဆင့် တိုက်ရိုက်မဟုတ်သော အကျိုးအမြတ်ပါဝင်မှု **
ကိုယ်ရေးအချက်အလက်
ဦးကြည်အေးသည် ဘဏ်လုပ်ငန်းဆိုင်ရာ အသက်မွေးမှုကို ၁၉၆၀ ပြည့်နှစ်တွင် စတင်ခဲ့ပြီး ၁၉၆၅ ခုနှစ်တွင် ပြည်သူပိုင်ဖြစ်သွားသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် (၂၅) နှစ်တာကာလအတွင်း Chief Accountant ရာထူးဖြင့် ၁၉၈၇ ခုနှစ် မှ ၁၉၈၉ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး အမှုဆောင်ဒါရိုက်တာအဖြစ် ၁၉၈၉ ခုနှစ် မှ ၁၉၉၁ ခုနှစ် အထိ တာဝန်ယူခဲ့ပါသည်။ မြန်မာ့စီးပွားရေးဘဏ်၏ Managing Director အဖြစ် ၁၉၉၁ ခုနှစ်တွင် ခန့်အပ်ခြင်းခံရသည်။ ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Governor အဖြစ် ၁၉၉၂ ခုနှစ်မှ ၁၉၉၈ ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် တာဝန်မှအငြိမ်းစားယူခဲ့ပါသည်။
ရိုးမဘဏ်တွင် Special Counsel to the Chairman အဖြစ် ၂၀၀၀ ပြည့်နှစ်မှ စတင်၍ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ်မှ B. Com နှင့် B.L ဘွဲ့များရရှိခဲ့ပါသည်။ The Economic Institute in Boulder, Colorado, USA မှ Diploma in World Banking and Finance ကိုရရှိထားသည့်အပြင် Certified Public Accountant တစ်ဦးလည်း ဖြစ်ပါသည်။
** အသေးစိတ် အချက်အလက်များအတွက် FMI 2022 နှစ်ပတ်လည်အစီရင်ခံစာ၊ စာမျက်နှာ ၁၂ တွင် ဖတ်ရှုပါရန်။