menu
အတိုးနှုန်းအမြင့်ဆုံးဖြင့် ငွေအပ်နှံပြီး လူကြီးမင်း၏ အရင်းအနှီးကို တိုးပွားစေလိုက်ပါ

စီးပွားရေးလုပ်ငန်းသုံး စာရင်းသေအပ်ငွေစာရင်

ရိုးမဘဏ်၏ စီးပွားရေးလုပ်ငန်းသုံး စာရင်းသေအပ်ငွေစာရင်းသည် လူကြီးမင်း၏ ငွေအရင်းအနှီးကို အလုံခြုံဆုံး နည်းလမ်းကတစ်ဆင့် အထိရောက်ဆုံးတိုးပွားစေမည်ဖြစ်ပါသည်။ လတစ်လအတွင်း ကြိုက်နှစ်သက်ရာ အချိန် တွင် လုံခြုံသည့် ရေရှည်အပ်နှံငွေထားရှိရုံဖြင့် အတိုးနှုန်းအမြင့်ဆုံးကို ခံစားနိုင်မည်ဖြစ်ပါသည်။


အမြင့်မားဆုံး အတိုးနှုန်း 
အများဆုံးနှစ်စဉ်အတိုးနှုန်းများကို ရယူလိုက်ပါ။ 


စိတ်ကြိုက် အပ်ငွေကာလ
ရက် ၃၀ မှ ရက်ပေါင်း ၃၆၀ အထိ အပ်ငွေထားရှိမည့်ကာလအမျိုးအစားထဲမှ လူကြီးမင်း၏ လုပ်ငန်းနှင့် အကိုက်ညီဆုံး ကာလကို ရွေးချယ်နိုင်ပါသည်။ 


အကန့်အသတ်မရှိ ငွေသွင်းငွေထုတ်နိုင်ခြင်း
ရိုးမဘဏ်ဖွင့်ချိန်အတွင်း ငွေသွင်း၊ငွေထုတ်ခြင်းများကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ 
ဆောင်ရွက်နိုင်ပါသည်။ 


ရိုးမဘဏ်စာအုပ်
လူကြီးမင်းအပ်ငွေစာရင်းရှိ ငွေသွင်းငွေထုတ်ကို စောင့်ကြည့်ရန် ဘဏ်စာအုပ်ရရှိမည်ဖြစ်သည်။ 


ရိုးမဘဏ်အသိအမှတ်ပြု ချက်လက်မှတ်စာအုပ်
ငွေသားမဲ့ ငွေပေးချေခြင်းနှင့် ငွေထုတ်ခြင်းများကို လွယ်ကူစွာဆောင်ရွက်နိုင်ပါမည်။ 


အတိုးနှုန်းများ
အပ်နှံသည့်ကာလ နှစ်စဉ်အတိုးနှုန်း
၃၀ ရက် ၈.၅ %
၉၀ ရက်၉.၂၅ % 
၁၈၀ ရက် ၉.၅၀ %
 ၂၇၀ ရက် ၉.၇၅ %
 ၃၆၅ ရက် ၁၀ %



စီးပွားရေးလုပ်ငန်းသုံးစာရင်းသေအပ်ငွေစာရင်းဖွင့်ရန် လိုအပ်ချက်များ

  • မှတ်ပုံတင်မူရင်း (သို့) နိုင်ငံကူးလက်မှတ် မူရင်း
  • ကုမ္ပဏီမှတ်ပုံတင်လက်မှတ်မိတ္တူ
  • အသင်းအဖွဲ့မှတ်တမ်း
  • ကုန်သွယ်စီးပွားလက်မှတ်
  • ဖောင် (၆)
  • ဘုတ်အဖွဲ့ဝင်ဒါရိုက်တာများ၏ အစည်းအဝေးဆုံးဖြတ်ချက်များ
  • သွင်းကုန်ပို့ကုန်လိုင်စင်
  • မိတ်ဆက်ပေးသူ ၂ ဦး၏ ကိုယ်ရေးအချက်အလက်၊ အမည်နှင့် လက်မှတ်များ