လုပ်ငန်းသုံးနိုင်ငံခြားငွေစာရင်း

Business Banking > Accounts

လုပ်ငန်းသုံးနိုင်ငံခြားငွေစာရင်း

Business Banking > Accounts

လုပ်ငန်းသုံးနိုင်ငံခြားငွေစာရင်း အကြောင်း

ရိုးမဘဏ်၏နိုင်ငံခြားငွေစာရင်းဖြင့်  ယုံကြည်စိတ်ချရသော နိုင်ငံတကာ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ရယူနိုင်မည်ဖြစ်ပြီး နိုင်ငံခြားငွေကြေးလုပ်ငန်းများနှင့် နိုင်ငံတကာ ငွေပေးချေမှုများ ဆောင်ရွက်ခြင်း သို့မဟုတ် သွင်းကုန်၊ထုတ်ကုန်လုပ်ငန်းများအတွက်  ထိရောက်သည့် အထောက်အပံ့ကောင်းများ ရရှိနိုင်မည်ဖြစ်ပါသည်။ တစ်ဦးချင်း၊ ကုမ္ပဏီ သို့မဟုတ် ပူးတွဲအကောင့်များ ဖွင့်လှစ်နိုင်ပါသည်။

လုပ်ငန်းသုံး နိုင်ငံခြားငွေစာရင်း ကို ဘာလို့ အသုံးပြုသင့်သလဲ။

အားသာချက်များ

title-border

နိုင်ငံတကာငွေကြေးမျိုးစုံဖြင့် အပ်ငွေစာရင်းဖွင့်နိုင်ခြင်း
(အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ၊ ထိုင်းဘတ်၊ တရုတ်ယွမ်)

ငွေထုတ် ငွေသွင်းခြင်း*
*(တစ်ပတ်လျှင် အများဆုံး နှစ်ကြိမ် ထုတ်ယူနိုင်ပြီး တစ်ကြိမ်လျှင် အများဆုံး ဒေါ်လာ ၅,၀၀၀ အထိ ထုတ်ယူနိုင်ပါသည်။)

နိုင်ငံတကာငွေလွှဲပြောင်းမှု တိုက်ရိုက်လက်ခံနိုင်ခြင်း

လစဉ်ဘဏ်စာရင်းရှင်းတမ်း ရယူနိုင်ခြင်း

လုပ်ငန်းသုံး နိုင်ငံခြားငွေစာရင်းလျှောက်ထားရန်
လိုအပ်ချက်များ

  • ကုမ္ပဏီရှိ လုပ်ပိုင်ခွင့်အပ်နှင်းခံထားရသော ပုဂ္ဂိုလ်၏ မှတ်ပုံတင် သို့မဟုတ် နိုင်ငံကူးလက်မှတ်
  • နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူဖြစ်ပါက သက်တမ်းရှိသေးသော စီးပွားရေးဗီဇာ စာမျက်နှာ
  • ပတ်စ်ပို့ ဓာတ်ပုံ
  • ကုမ္ပဏီ၏ ဥက္ကဋ္ဌ သို့မဟုတ် အမှုဆောင်ဒါရိုက်တာ၏ လက်မှတ်နှင့်တံဆိပ်တုံးပါရှိသော ကုမ္ပဏီခေါင်းစီးနှင့် လျှောက်လွှာ
  • ဘုတ်အဖွဲ့ဒါရိုက်တာများ၏ အစည်းအဝေးမှတ်တမ်းနှင့် အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း (ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ၏ စာရင်းတွင်ပါရှိသော ၇၅%ထက်ပိုသည့် လူပုဂ္ဂိုလ်များ၏ လက်မှတ်များနှင့် ကုမ္ပဏီခေါင်းစီးပါရှိရမည်။)
  • ကုမ္ပဏီမှတ်ပုံတင်လက်မှတ်
  • ကုမ္ပဏီမှတ်တမ်း (ဥပမာ- ဒါရိုက်တာများစာရင်း၊ အရာရှိများစာရင်း၊ အစုရှယ်ယာနှင့် လိပ်စာ စသည်ဖြင့်)
  • သွင်းကုန်/ပို့ကုန် လိုင်စင် (သွင်းကုန်/ပို့ကုန် ကုမ္ပဏီဖြစ်ပါက)
requirement

သင်ဒါတွေသိပြီးပြီလား? 

လုပ်ငန်းသုံး နိုင်ငံခြားငွေစာရင်းအကြောင်း သိကောင်းစရာ 

title-border

လျှောက်ထားနိုင်သည့် နိုင်ငံတကာငွေကြေးများ - အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ

  • စာရင်းထဲသို့ ငွေထည့်သွင်းပါက ထည့်သွင်းငွေ ပမာဏ၏ ၀.၃ % ဝန်ဆောင်ခ ကောက်ခံပါမည်။
  • စာရင်းမှ ငွေထုတ်ယူပါက လုပ်ဆောင်ချက်တစ်ကြိမ် ပြုလုပ်တိုင်း တစ်ဒေါ်လာ ကောက်ခံပါမည်။

လုပ်ငန်းသုံး နိုင်ငံခြားငွေစာရင်း

မေးလေ့မေးထရှိသော မေးခွန်းများ

title-border

လုပ်ငန်းသုံး ငွေစာရင်းအမျိုးအစားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ထပ်မံသိရှိလိုပါက ရိုးမဘဏ် Customer Care Center  ၉၆၆၂ သို့ ၀၉၇၉၆၆၂၉၆၆၂ သို့မဟုတ် အပြာရောင်အမှတ်အသားပါဝင်သော Yoma Bank official facebook page သို့မဟုတ် အနီးဆုံး ရိုးမဘဏ်ခွဲသို့ ဘဏ်ဖွင့်ချိန်အတွင်း သွားရောက် အကူအညီရယူနိုင်ပါသည်။

တခြား ဘဏ်ဝန်ဆောင်မှုအမျိုးအစားများ