menu

Flexi ခေါ်ယူအပ်ငွေစာရင်း 

အတိုးနှုန်း ၆% p.a. မှ စတင်ပေးအပ်သွားမည့် ခေါ်ယူအပ်ငွေစာရင်းဖြင့် လူကြီးမင်း အပ်နှံထားသောငွေကို လွယ်ကူစွာ စီမံခန့်ခွဲပြီး တိုးပွားစေလိုက်ပါ။ တစ်ဦးတည်းဖြစ်စေ၊ ပူးတွဲ ငွေစာရင်းဖွင့်ထားသူဖြစ်စေ၊ စီးပွားရေးလုပ်ငန်းသုံး ဖြစ်စေ စာရင်းရှင်စာရင်းမှ ရရှိသည့် အကျိုးခံစားမှုအတိုင်းရရှိနိုင်ပြီး အတိုးနှုန်းလည်း ရရှိခံစားနိုင်မည်ဖြစ်သည်။  
မှတ်ချက်: လူပုဂ္ဂိုလ်စာရင်း အတွက်သာ ပူးတွဲစာရင်း ဖွင့်လှစ်နိုင်ပါသည်။



အကျိုးခံစားခွင့်များ

အတိုးနှုန်းခံစားခွင့်
မြန်မာကျပ်ငွေ တစ်သောင်းမှ စတင်ပြီး နေ့စဉ်အတိုးနှုန်း တွက်ချက်ပေးမည် ဖြစ်ပါသည်။

အကန့်အသတ်မရှိ ငွေသွင်းငွေထုတ်နိုင်ခြင်း
ရိုးမဘဏ် ဖွင့်ချိန်အတွင်း ငွေသွင်း၊ ငွေထုတ်ခြင်းများကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ  ဆောင်ရွက်နိုင်ပါသည်။ ငွေသွင်းမှုများကို ဘဏ်ခွဲများတွင်သာ ဆောင်ရွက်နိုင်ပါသည်။ ATM စက်များကို သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း အသုံးပြုနိုင်ပါသည်။

အွန်လိုင်းမှတစ်ဆင့် စောင့်ကြည့်ထိန်းချုပ်ခြင်း 
Flexi ခေါ်ယူအပ်ငွေစာရင်း အားအသုံးပြု၍ ရိုးမဘဏ်နှင့် အခြားပြည်တွင်း ဘဏ်အကောင့်များသို့ ငွေလွှဲနိုင်ပါသည်။ Flexi ခေါ်ယူအပ်ငွေစာရင်း နှင့် Flexi Everyday စာရင်းရှင်စာရင်း အချင်းချင်းသို့ ဘဏ်ခွဲမှဖြစ်စေ၊ Online Banking မှဖြစ်စေ၊ Yoma Bank Mobile Banking Application မှဖြစ်စေ ငွေလွှဲခြင်း ပြုလုပ်နိုင်ပါသည်။ 

စာရင်းရှင်စာရင်းနှင့် ချိတ်ဆက်နိုင်ခြင်း
စာရင်းပိုထုတ်ချေးငွေယူထားပါက Flexi ခေါ်ယူအပ်ငွေစာရင်းမှ စာရင်းရှင်စာရင်းသို့ အလိုအလျောက် ငွေလွှဲနိုင်ပါသည် (Flexi ခေါ်ယူအပ်ငွေစာရင်း မှ စာရင်းရှင်သို့ လွှဲနိုင်ပြီး စာရင်းရှင်မှ Flexi ခေါ်ယူအပ်ငွေစာရင်း သို့ ငွေလွှဲခြင်း မပြုလုပ်နိုင်ပါ)။  

လစဉ် ဘဏ်စာရင်းရှင်းတမ်း
နေ့စဉ် ငွေစာရင်းအသုံးပြုမှုနှင့် ငွေစာရင်း အဝင်အထွက်များ၏ အသေးစိတ်ဘဏ်စာရင်းရှင်းတမ်းကို ရယူနိုင်ပါသည်။ 

ငွေစုစာအုပ် 
ငွေစုစာအုပ်ကို တောင်းဆိုချက်အရ ထုတ်ပေးနိုင်ပါသည်။

*အတိုးနှုန်းကို နေ့စဉ်တွက်ချက်ပြီး လစဉ်ပေးအပ်သွားမည်ဖြစ်သည်။



အတိုးနှုန်းများ

အပ်နှံငွေပမာဏ နှစ်စဉ်အတိုးနှုန်း
ကျပ်သိန်း ၅,၀၀၀ အထိ ၆% 
ကျပ်သိန်း ၅,၀၀၀ အထက်မှ ကျပ်သိန်း ၁၀,၀၀၀ အထိ
၆.၅%
ကျပ်သိန်း ၁၀,၀၀၀အထက်၇.၅%



Flexi ခေါ်ယူအပ်ငွေစာရင်း ဖွင့်ရန် လိုအပ်ချက်များ

  • ကနဦးအပ်နှံငွေကို  မြန်မာကျပ် ၁၀၀,၀၀၀ သတ်မှတ်ထားပါသည်။
  • အနည်းဆုံး လက်ကျန်ငွေ မြန်မာကျပ် ၁,၀၀၀ ထားရှိရပါမည်။
  • အနည်းဆုံးအသက် ၁၈နှစ်ပြည့်ပြီးသူဖြစ်ရပါမည်။
  • အထောက်အထားအဖြစ် မှတ်ပုံတင်မူရင်း (သို့) နိုင်ငံကူးလက်မှတ်မူရင်း တင်ပြရပါမည်။ 


ဝန်ဆောင်ခနှင့် နှုန်းထားများ

  • လစဉ်ဝန်ဆောင်ခ - ၁,၅၀၀ ကျပ်
(ဘဏ်စာရင်း ဖွင့်လှစ်ထားသော်လည်း လွန်ခဲ့သော (၁) နှစ်အတွင်း ငွေသွင်း/ငွေထုတ်/ငွေပေးချေခြင်း/ငွေလွှဲခြင်း ဆောင်ရွက်ထားခြင်း မရှိသော အပ်ငွေစာရင်းများကိုသာ ကောက်ခံပါသည်။)