Flexi Everyday စာရင်းရှင်စာရင်း
ရိုးမဘဏ်၏ Flexi Everyday စာရင်းရှင်စာရင်း ကို အသုံးပြုပြီး တစ်ဦးတည်းဖြစ်စေ၊ ပူးတွဲ ငွေစာရင်းဖွင့်ထားသူဖြစ်စေ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို အပြည့်အဝ ရရှိနိုင်မည် ဖြစ်ပါသည်။
မှတ်ချက်: လူပုဂ္ဂိုလ်စာရင်း အတွက်သာ ပူးတွဲစာရင်း ဖွင့်လှစ်နိုင်ပါသည်။
အကျိုးခံစားခွင့်များ
အကန့်အသတ်မရှိ ငွေသွင်းငွေထုတ်နိုင်ခြင်း
ရိုးမဘဏ်ဖွင့်ချိန်အတွင်း ငွေသွင်း၊ငွေထုတ်ခြင်းများကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဆောင်ရွက်နိုင်ပါသည်။ ATM စက်များကို သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း အသုံးပြုနိုင်ပါသည်။
Flexi စာရင်းရှင်စာရင်း မှ ငွေလွှဲနိုင်ခြင်း
Flexi Everyday စာရင်းရှင်စာရင်း မှ ရိုးမဘဏ်နှင့် အခြားပြည်တွင်း ဘဏ်အကောင့်များသို့ ငွေလွှဲနိုင်ပါသည်။ Flexi Everyday စာရင်းရှင်စာရင်း နှင့်
Flexi ခေါ်ယူအပ်ငွေစာရင်း အချင်းချင်းသို့ ဘဏ်ခွဲ မှဖြစ်စေ၊
Online Banking မှဖြစ်စေ၊ Yoma Bank
Mobile Banking Application မှဖြစ်စေ ငွေလွှဲခြင်းပြုလုပ်နိုင်ပါသည်။
လစဉ် ဘဏ်စာရင်းရှင်းတမ်း
နေ့စဉ် ငွေစာရင်းအသုံးပြုမှုနှင့် ငွေစာရင်းအဝင်အထွက်များ၏ အသေးစိတ်ဘဏ်စာရင်းရှင်းတမ်းကို ရယူနိုင်ပါသည်။
MPU Debit Card
ဘဏ်တွင် ငွေစာရင်း ဖွင့်လှစ်ပြီးပါက MPU Debit Card အခမဲ့ထုတ်ပေးပါမည်။
Flexi Everyday ချက်လက်မှတ်စာအုပ်
Flexi Everyday ချက်လက်မှတ်စာအုပ်ဖြင့် ငွေထုတ်၊ ငွေပေးချေ၊ ငွေလွှဲခြင်းများကို ချက်ချင်းလွယ်ကူစွာ ပြုလုပ်နိုင်သည်။ ချက်လက်မှတ် စာအုပ်ရယူရန် ဘဏ်ခွဲတွင် မေးမြန်းရယူနိုင်ပါသည်။
Wave Money နှင့် ချိတ်ဆက်ခြင်း
Flexi Everyday စာရင်းရှင်စာရင်းဖွင့်ရန် လိုအပ်ချက်များ
- ကနဦးအပ်နှံငွေကို မြန်မာကျပ် ၁၀၀,၀၀၀ သတ်မှတ်ထားပါသည်။
- အနည်းဆုံး လက်ကျန်ငွေ မြန်မာကျပ် ၁,၀၀၀ ထားရှိရပါမည်။
- အနည်းဆုံးအသက် ၁၈နှစ်ပြည့်ပြီးသူ ဖြစ်ရပါမည်။
- အထောက်အထားအဖြစ် မှတ်ပုံတင်မူရင်း (သို့) နိုင်ငံကူးလက်မှတ်မူရင်း တင်ပြရပါမည်။
ဝန်ဆောင်ခနှင့် နှုန်းထားများ
- လစဉ်ဝန်ဆောင်ခ - ၁,၅၀၀ ကျပ်
(ဘဏ်စာရင်း ဖွင့်လှစ်ထားသော်လည်း လွန်ခဲ့သော (၁) နှစ်အတွင်း ငွေသွင်း/ငွေထုတ်/ငွေပေးချေခြင်း/ငွေလွှဲခြင်း ဆောင်ရွက်ထားခြင်း မရှိသော အပ်ငွေစာရင်းများကိုသာ ကောက်ခံပါသည်။)
ပရိုမိုးရှင်းများ
လူကြီးမင်း၏ Flexi Everyday MPU Debit Card နှင့် ရနိုင်သည့် ပရိုမိုးရှင်းများကို
ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။