စိုက်ပျိုးရေးလုပ်ငန်းသုံးချေးငွေ
Business Banking > Loans
စိုက်ပျိုးရေးလုပ်ငန်းသုံးချေးငွေ
Business Banking > Loans
စိုက်ပျိုးရေးလုပ်ငန်းသုံးချေးငွေ အကြောင်း
ရိုးမဘဏ်၏ စိုက်ပျိုးရေးလုပ်ငန်းသုံးချေးငွေသည် စိုက်ပျိုးရေးကဏ္ဍ၏လိုအပ်ချက်များကို ဖြည့်ဆည်းရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းများ အဆင့်မြှင့်တင်နိုင်စေရန် ပံ့ပိုးပေးနေသော ချေးငွေအမျိုးအစားဖြစ်ပါသည်။
စိုက်ပျိုးရေးလုပ်ငန်းသုံးချေးငွေ အမျိုးအစား ၆ မျိုးမှာ ကာလတို သီးနှံရာသီပေါ်ချေးငွေ(ဆန်စပါး)၊ ကာလတို သီးနှံရာသီပေါ်ချေးငွေ(ပြောင်း)၊ ပေးရန်ရှိ စိုက်ထုတ်ချေးငွေ၊ စိုက်ပျိုးမွေးမြူရေးသွင်းအားစု/ထွက်ကုန် အာမခံချေးငွေ၊ ရရန်ရှိ ကြိုတင်ထုတ်ချေးငွေနှင့် အသေးစားနှင့်အလတ်စား စိုက်ပျိုးရေးလုပ်ငန်းသုံးချေးငွေတို့ ဖြစ်ပါသည်။
စိုက်ပျိုးရေးလုပ်ငန်းသုံးချေးငွေကို ဘာကြောင့်ရွေးချယ်သင့်သလဲ။
အကျိုးခံစားခွင့်များ


လုပ်ငန်းငွေကြေးလည်ပတ်မှုကို တိုးတက်စေခြင်း

လုပ်ငန်းတိုးတက်မှုနှင့် လုပ်ငန်းချဲ့ထွင်မှုကို အထောက်အပံ့ဖြစ်စေခြင်း

ချေးငွေလျှောက်ထားရန် လွယ်ကူမြန်ဆန်ခြင်း

စိုက်ပျိုးရေးလုပ်ငန်းများနှင့်ကိုက်ညီပြီး ထိရောက်မှုရှိသော ချေးငွေဖြစ်ခြင်း
ချေးငွေလျှောက်ထားရန်
- လုပ်ငန်းလိုင်စင်
- ကုမ္ပဏီမှတ်ပုံတင် (ကုမ္ပဏီဖြင့် ချေးငွေလျှောက်ထားပါက)
- မှတ်ပုံတင် မူရင်းနှင့်မိတ္တူ
- အိမ်ထောင်စုစာရင်း မူရင်းနှင့်မိတ္တူ
- ရပ်ကွက်ထောက်ခံစာ မူရင်း
- ဝင်ငွေရရှိသည့် အထောက်အထား
- ဝင်ငွေခွန်ပြေစာများ
- ဘဏ္ဍာရေးစာရင်းရှင်းတမ်းများ တင်ပြရပါမည်။

စိုက်ပျိုးရေးလုပ်ငန်းသုံးချေးငွေအတွက်
အသေးစိတ်အချက်အလက်နှင့် သတ်မှတ်ချက်များ

- ဆန်စပါး/ပြောင်း စိုက်ပျိုးသူ တောင်သူကြီးများ
- ပြည်ပပို့ကုန်လုပ်ငန်းရှင်များ၊ ကုန်သည်များ
- ဆန်/ပြောင်း စက်ပိုင်ရှင်များ
- ကန်ထရိုက်/လယ်ယာလုပ်ဆောင်သော ကုမ္ပဏီများအတွက် သင့်လျော်ပါသည်။
| အတိုးနှုန်း* | ချေးငွေသက်တမ်း* | ချေးငွေပမာဏ* | ကနဦး ပေးသွင်းငွေ* | |
| ကာလတို သီးနှံရာသီပေါ် ချေးငွေ (ဆန်စပါး) | ၁၃ % (အနည်းဆုံး) | အများဆုံး (၁၁) လ | အနည်းဆုံး – ကျပ်သိန်း (၅၀၀) အများဆုံး – ကျပ်သိန်း (၅,၀၀၀) | ၁% (အနည်းဆုံး ၂၅၀,၀၀၀ ကျပ်) |
| ကာလတို သီးနှံရာသီပေါ် ချေးငွေ (ပြောင်း) | ၁၃ % (အနည်းဆုံး) | အများဆုံး (၁၁) လ | အနည်းဆုံး – ကျပ်သိန်း (၃၀၀) အများဆုံး – ကျပ်သိန်း (၃,၀၀၀) | ၁% (အနည်းဆုံး ၂၅၀,၀၀၀ ကျပ်) |
| ပေးရန်ရှိ စိုက်ထုတ်ချေးငွေ | ၁၃ % (အနည်းဆုံး) | ချေးငွေဘောင်ချာတစ်ခုတွင် အများဆုံး ရက် (၁၈၀) | အနည်းဆုံး – ကျပ်သိန်း (၂၅၀) အများဆုံး – ကျပ်သိန်း (၅,၀၀၀) | ၁% (အနည်းဆုံး ၂၅၀,၀၀၀ ကျပ်) |
| စိုက်ပျိုးမွေးမြူရေး သွင်းအားစု / ထွက်ကုန် အာမခံချေးငွေ | ၁၃% (အနည်းဆုံး) | အများဆုံး (၁) နှစ် | အနည်းဆုံး – ကျပ်သိန်း (၅,၀၀၀) အများဆုံး – ကျပ်သိန်း (၆၀,၀၀၀) | ၁% (အနည်းဆုံး ၂၅၀,၀၀၀ ကျပ်) |
| ရရန်ရှိ ကြိုတင်ထုတ်ချေးငွေ | ၁၃% (အနည်းဆုံး) | ချေးငွေဘောင်ချာ တစ်ခုတွင် အများဆုံး ရက် (၁၈၀) | အနည်းဆုံး – ကျပ်သိန်း (၅,၀၀၀) အများဆုံး – ကျပ်သိန်း (၂၀,၀၀၀) | ၁% (အနည်းဆုံး ၂၅၀,၀၀၀ ကျပ်) |
| အသေးစားနှင့် အလတ်စားစိုက်ပျိုးရေးလုပ်ငန်းသုံး ချေးငွေ | ၁၃% (အနည်းဆုံး) | အများဆုံး (၃) နှစ် | အနည်းဆုံး – သက်မှတ်ချက်မရှိ အများဆုံး – ကျပ်သိန်း (၁၀,၀၀၀) | ၁% (အနည်းဆုံး ၂၅၀,၀၀၀ ကျပ်) |
* ချေးငွေသက်တမ်းကာလအတွင်း အတိုးနှုန်းကို ရိုးမဘဏ်၏ဆုံးဖြတ်ချက်ဖြင့်သော်လည်းကောင်း၊ ဗဟိုဘဏ်မှ အတိုးနှုန်းထား ပြောင်းလဲခြင်းကြောင့်သော်လည်းကောင်း အချိန်မရွေး ပြောင်းလဲပြင်ဆင်မှုရှိနိုင်ပါသည်။
စိုက်ပျိုးရေးလုပ်ငန်းသုံးချေးငွေအကြောင်း
မေးလေ့ရှိသော မေးခွန်းများ

- SME Express ချေးငွေ
- ဖြန့်ချီရေးလုပ်ငန်းသုံးချေးငွေ
- ကုန်စည်စီးဆင်းမှုချေးငွေ
- ချေးငွေမှန်သူများ ရယူနိုင်သည့်ချေးငွေ
- လုပ်ငန်းသုံးစာရင်းပိုထုတ်ချေးငွေ
- လုပ်ငန်းသုံးချေးငွေ
- အငှားဝယ်ယူချေးငွေ
- SMART Credit Business
ထပ်မံသိရှိလိုပါက ရိုးမဘဏ် Customer Care Center ၉၆၆၂ သို့ ၀၉၇၉၆၆၂၉၆၆၂ သို့မဟုတ် အပြာရောင်အမှတ်အသားပါဝင်သော Yoma Bank Official Facebook Page သို့မဟုတ် အနီးဆုံး ရိုးမဘဏ်ခွဲ သို့ ဘဏ်ဖွင့်ချိန်အတွင်း သွားရောက်အကူအညီရယူနိုင်ပါသည်။
အခြား ဘဏ်ဝန်ဆောင်မှု အမျိုးအစားများ

လုပ်ငန်းသုံး စာရင်းပိုထုတ်ချေးငွေ

လုပ်ငန်းသုံးချေးငွေ



BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal