လုပ်ငန်းသုံးချေးငွေ
Business Banking > Loans
လုပ်ငန်းသုံးချေးငွေ
Business Banking > Loans
လုပ်ငန်းသုံးချေးငွေအကြောင်း
ရိုးမဘဏ်၏ လုပ်ငန်းသုံးချေးငွေသည် လုပ်ငန်းသုံးပစ္စည်းဝယ်ယူခြင်း၊ ကာလရှည်လုပ်ငန်းချဲ့ထွင်မှုအစီအစဉ်များနှင့် အထွေထွေလုပ်ငန်းလည်ပတ်ရင်းနှီးငွေ စသည့် စီးပွားရေးလုပ်ငန်းဆောင်တာအမျိုးမျိုးအတွက် ငွေကြေးထောက်ပံ့ပေးသည့် ချေးငွေအမျိုးအစားဖြစ်ပါသည်။
လပေါင်း ၃၆ လ အထိ ပုံသေအတိုးနှုန်းသာပေးဆောင်ရသောကြောင့် လုပ်ငန်းအတွက်လိုအပ်သောရင်းနှီးငွေကို လွယ်ကူရိုးရှင်းစွာရယူနိုင်မည့် ချေးငွေအမျိုးအစားဖြစ်ပါသည်။
လုပ်ငန်းသုံးချေးငွေကို ဘာကြောင့်ရွေးချယ်သင့်သလဲ။
အကျိုးခံစားခွင့်များ


ပုံသေအတိုးနှုန်းရှိခြင်း

ချေးငွေသက်တမ်းရှည်ခြင်း
ချေးငွေလျှောက်ထားရန်
- လုပ်ငန်းလိုင်စင်
- ဝင်ငွေခွန်ပြေစာများ
- ဘဏ္ဍာရေးစာရင်းရှင်းတမ်းများ
- တစ်နှစ်စာ ဘဏ်စာရင်းရှင်းတမ်း
- ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက် (သို့) ဘုတ်အဖွဲ့အစည်းအဝေးမှတ်တမ်း
- အရောင်းစာရင်းအကျဉ်းချုပ်နှင့် အရောင်းဘောင်ချာများ (သို့) အဝယ်စာရင်းအကျဉ်းချုပ်နှင့် အဝယ်ဘောင်ချာများ

နီးစပ်ရာ ဘဏ်ခွဲသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
လုပ်ငန်းသုံးချေးငွေအတွက်
အသေးစိတ်အချက်အလက်နှင့် သတ်မှတ်ချက်များ

| ကာလရှည်ချေးငွေသက်တမ်း* | အတိုးနှုန်း** | ဝန်ဆောင်ခ | သက်တမ်းတိုးကြေး |
| အများဆုံး ၃ နှစ်အထိ* | တစ်နှစ်လျှင် ၁၃% မှ ၁၅%** | ၁% (အနည်းဆုံး ၂၅၀,၀၀၀ ကျပ်) | ၁% (အနည်းဆုံး ၃၀၀,၀၀၀ ကျပ်) |
**နှုန်းထားများ ပြောင်းလဲမှုရှိနိုင်ပါသည်။
* ချေးငွေသက်တမ်းကို နှစ်စဉ် ပြန်လည်သုံးသပ်သွားပါမည်။
** အတိုးနှုန်းကို နေ့စဉ်တွက်ချက်ပြီး လစဉ်ကောက်ခံသွားပါမည်။
လုပ်ငန်းသုံးချေးငွေအကြောင်း
မေးလေ့ရှိသော မေးခွန်းများ

- SME Express ချေးငွေ
- ဖြန့်ချီရေးလုပ်ငန်းသုံးချေးငွေ
- ကုန်စည်စီးဆင်းမှုချေးငွေ
- ချေးငွေမှန်သူများ ရယူနိုင်သည့်ချေးငွေ
- လုပ်ငန်းသုံးစာရင်းပိုထုတ်ချေးငွေ
- လုပ်ငန်းသုံးချေးငွေ
- အငှားဝယ်ယူချေးငွေ
- SMART Credit Business
ထပ်မံသိရှိလိုပါက ရိုးမဘဏ် Customer Care Center ၉၆၆၂ သို့ ၀၉၇၉၆၆၂၉၆၆၂ သို့မဟုတ် အပြာရောင်အမှတ်အသားပါဝင်သော Yoma Bank Official Facebook Page သို့မဟုတ် အနီးဆုံး ရိုးမဘဏ်ခွဲ သို့ ဘဏ်ဖွင့်ချိန်အတွင်း သွားရောက်အကူအညီရယူနိုင်ပါသည်။
အခြား ဘဏ်ဝန်ဆောင်မှု အမျိုးအစားများ

လုပ်ငန်းသုံး စာရင်းပိုထုတ်ချေးငွေ

SME Business Loan



BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal