မေးလေ့မေးထရှိသော မေးခွန်းများ
ရိုးမဘဏ်၏ အပ်ငွေအကောင့်များ၊ ချေးငွေများ၊ ဒီဂျစ်တယ် ဘဏ်ဝန်ဆောင်မှုများ နှင့် လုံခြုံရေးဆိုင်ရာ သိသင့် သိထိုက်သည်များနှင့် ပတ်သက်ပြီး ဖော်ပြထားသော FAQ များမှတစ်ဆင့် လေ့လာနိုင်ပါသည်။ Customer များ၏ လိုအပ်ချက်များကို ကူညီပေးနိုင်ဖို့ ရိုးမဘဏ်မှ အသင့်ရှိနေပါသည်။
Digital Banking | Accounts | Loans | General Help | Security Tips |
Digital Banking
Yoma Bank Mobile Banking Application (သို့) Online Banking အသုံးပြုရန် မည်သို့ဆောင်ရွက်ရမည်နည်း။
keyboard_arrow_downရိုးမဘဏ် Mobile Banking Application နှင့် Online Banking လျှောက်ထားရန်အတွက် နီးစပ်ရာရိုးမဘဏ်ခွဲသို့ မှတ်ပုံတင်မူရင်းနှင့်တကွ သွားရောက်လျှောက်ထားနိုင်ပါသည်။
Yoma Bank Mobile Banking Application ကို စတင်အသုံးပြုရန် မည်သို့ပြုလုပ်ရမည်နည်း။
keyboard_arrow_down- အဆင့် ၁) ရိုးမဘဏ်မှ ပေးပို့ထားသော SMS မှာ ပါဝင်သည့် User ID (သို့) Username ကိုဖြည့်သွင်းပါ။
- အဆင့် ၂) ရိုးမဘဏ်မှ ပေးပို့ထားသော SMS မှာ ပါဝင်သည့် password ကိုဖြည့်သွင်းပြီး Login ဝင်ပါ။
- အဆင့် ၃) Password အသစ် သတ်မှတ်ပေးပါ။
- အဆင့် ၄) SMS ဖြင့်လက်ခံရရှိသော One Time Password (OTP) ကို ၅ မိနစ်အတွင်း ဖြည့်သွင်းပေးပါ။
- အဆင့် ၅) PIN သို့ Pattern ကို ရွေးချယ်သတ်မှတ်ပါ။
- အဆင့် ၆) Face ID သို့ Fingerprint ကို မိမိနှစ်သက်သလို ရွေးချယ်သတ်မှတ်ပါ။
- အဆင့် ၇) အားလုံးပြီးဆုံးပါက ရိုးမဘဏ် Mobile Banking Application ကို စတင်အသုံးပြုနိုင်ပြီဖြစ်ပါသည်။
လိုအပ်ပါက ဖော်ပြထားသည့် video တွင် လေ့လာနိုင်ပါသည်။ သို့မဟုတ် ရိုးမဘဏ် Customer Care Center ၉၆၆၂ သို့ ၀၉၇၉၆၆၂၉၆၆၂ သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
Yoma Bank Mobile Banking Application (သို့) Online Bankingအတွက် Login password မေ့သွားပါက မည်သို့ဆောင်ရွက်ရမည်နည်း။
keyboard_arrow_down- အဆင့် ၁) ရိုးမဘဏ်မှ ပေးပို့ထားသော SMS မှာပါဝင်သည့် User ID သို့ Username သို့မဟုတ် အကောင့်လျှောက်ထားစဉ်က သတ်မှတ်ထားခဲ့သည့် ဖုန်းနံပါတ်ကို ဖြည့်သွင်းပါ။
- အဆင့် ၂) "I forgot my password" ကို နှိပ်ပါ။
- အဆင့် ၃) Forgot password စာမျက်နှာရောက်သည့်အခါ
- Login or username နေရာတွင် ပထမဆုံး စာမျက်နှာတွင် ဖြည့်သွင်းခဲ့သည့် Login ID ပေါ်နေမည်ဖြစ်သည်။
- ACCOUNT NUMBER နေရာတွင် မိမိရိုးမဘဏ်အကောင့်တစ်ခုဖြည့်သွင်းပါ။
- မွေးနေ့သက္ကရာဇ် ဖြည့်သွင်းပါ။
- ဖုန်းနံပါတ်နေရာတွင် မိမိအကောင့်လျှောက်ထားစဉ်က ပေးထားခဲ့သော နံပါတ်ကို '၉' သို့ '၀၉' မှစ၍ ဖြည့်သွင်းပါ။
- Email address နေရာတွင် အကောင့်လျှေက်ထားစဉ်က ပေးထားခဲ့သော Email (မရှိလျှင် မထည့်လဲရသည်) ဖြည့်သွင်းပါ။ ပြီးလျှင် NEXT ကိုရွေးချယ်ပါ။ - အဆင့် ၄) SMS password နေရာတွင် လက်ခံရရှိသော One Time Password (OTP) ကိုဖြည့်သွင်းပါ။ ပြီးလျှင် Next ကိုရွေးချယ်ပါ။
- အဆင့် ၅) Set New Password နေရာတွင် မိမိသတ်မှတ်လိုသည့် Password အသစ်ပြန်လည်သတ်မှတ်ပေးပါ။
- အဆင့် ၆) PIN သို့ Pattern ကိုရွေးချယ်သတ်မှတ်ပါ။
- အဆင့် ၇) Face ID သို့ Fingerprint ကို မိမိနှစ်သက်သလိုရွေးချယ်သတ်မှတ်ပါ။
- အဆင့် ၈) အားလုံးပြီးဆုံးပါက ရိုးမဘဏ် Mobile Banking Application ကိုစတင်အသုံးပြုနိုင်ပြီဖြစ်ပါသည်။
လိုအပ်ပါက ဖော်ပြထားသော video တွင်လေ့လာနိုင်ပါသည်။ သို့မဟုတ် ရိုးမဘဏ် Customer Care Center ၉၆၆၂ သို့ ၀၉၇၉၆၆၂၉၆၆၂ သို့ ဆက်သွယ်နိုင်ပါသည်။
မိမိကိုယ်ပိုင် ရိုးမဘဏ် အကောင့်အချင်းချင်း လွှဲပြောင်းမှုအတွက် Yoma Bank Mobile Banking Application (သို့) Online Banking တို့ကို အသုံးပြုပြီး မည်သို့ ဆောင်ရွက်ရပါမည်နည်း။
keyboard_arrow_down- အဆင့် ၁) Yoma Bank Mobile Banking Application (သို့) Online Banking ကို Login ဝင်ပါ။
- အဆင့် ၂) Main Menu ရှိ own account transfer ကိုရွေးချယ်ပါ။
- အဆင့် ၃) လွှဲပြောင်းပေးလိုသည့် အကောင့်ကို ရွေးချယ်ပါ။
- အဆင့် ၄) လွှဲပြောင်းလိုသည့် ငွေပမာဏကိုထည့်သွင်းပါ။ ပြီးလျှင် Send ကိုနှိပ်ပါ။
- အဆင့် ၅) ပြီးလျှင် confirm ကိုရွေးချယ်လိုက်ပါက ငွေလွှဲပြောင်းမှု အောင်မြင်ပြီဖြစ်ပါသည်။
လိုအပ်ပါက ဖော်ပြထားသော video တွင် လေ့လာနိုင်ပါသည်။ သို့မဟုတ် ရိုးမဘဏ် Customer Care Center ၉၆၆၂ သို့ ၀၉၇၉၆၆၂၉၆၆၂ သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည််။
မိမိ ရိုးမဘဏ်အကောင့်မှ အခြား ရိုးမဘဏ်အကောင့်တစ်ခုကို မည်သို့ လွှဲပြောင်းနိုင်သနည်း။
keyboard_arrow_down- အဆင့် ၁) Yoma Bank Mobile Banking Application (သို့) Online Banking ကို Login ဝင်ပါ။
- အဆင့် ၂) Main Menu ရှိ send money ကိုရွေးချယ်ပါ။
- အဆင့် ၃) ငွေလက်ခံမည့်သူ ကိုရွေးချယ်ပါ။ (ယခင်လွှဲပြောင်းဖူးသူမဟုတ်ပါက နာမည်၊ အကောင့်နံပါတ်တို့ ဖြည့်သွင်းပြီး လက်ခံသူအသစ်စာရင်းသွင်းပေးပါ။)
- အဆင့် ၄) လွှဲပြောင်းပေးလိုသည့် ပမာဏကို ထည့်သွင်းပါ။
- အဆင့် ၅) ငွေလွှဲပေးပို့သည့်အကြောင်းအရာ (လိုအပ်ပါက)
- အဆင့် ၆) ငွေလွှဲပေးမည့် မိမိအကောင့်ကိုရွေးချယ်ပါ။
- အဆင့် ၇) လွှဲပြောင်းမည့် အချိန်ကိုရွေးချယ်ပြီး Send ကိုနှိပ်ပါ။
- အဆင့် ၈) ငွေလွှဲလက်ခံမည့်အကောင့်နံပါတ်နှင့် ငွေပမာဏကို ပြန်လည်စစ်ဆေးပါ။
- အဆင့် ၉) ပြီးလျှင် Sign ကိုရွေးချယ်ပါ။ (PIN နံပါတ် အတည်ပြုပေးရမည်) ပြီးလျှင် OK ကိုနှိပ်ပါ။
လိုအပ်ပါက ဖော်ပြထားသော video တွင်လေ့လာနိုင်ပါသည််။ သို့မဟုတ် ရိုးမဘဏ် Customer Care Center ၉၆၆၂ သို့ ၀၉၇၉၆၆၂၉၆၆၂ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Yoma Bank Mobile Banking Application (သို့) Online Banking အသုံးပြုစဉ် Lock ကျသွားသည့်အတွက် မည်သို့ဆောင်ရွက်ရမည်နည်း။
keyboard_arrow_downရိုးမဘဏ် Customer Care Center ၉၆၆၂ သို့ ၀၉၇၉၆၆၂၉၆၆၂ သို့မဟုတ် အပြာရောင်အမှတ်အသားပါဝင်သော Yoma Bank official facebook page သို့မဟုတ် အနီးဆုံးရိုးမဘဏ်ခွဲသို့ ဘဏ်ဖွင့်ချိန်အတွင်း သွားရောက် အကူအညီ ရယူနိုင်ပါသည်။
မိမိ ငွေစာရင်းရှင်းတမ်း (Bank Statement) ကို Yoma Bank Mobile Banking Application (သို့) Online Banking ကနေ မည်သို့ရယူရမည်နည်း။
keyboard_arrow_down- အဆင့် ၁) Yoma Bank Mobile Banking Application (သို့) Online Banking ကို Login ဝင်ပါ။
- အဆင့် ၂) Main Menu ရှိ Accounts ကိုရွေးချယ်ပါ။
- အဆင့် ၃) Account details အောက်ရှိ မျှားကိုနှိပ်ပါ။
- အဆင့် ၄) Statements ကိုရွေးချယ်ပါ။
- အဆင့် ၅) မိမိ စာရင်းရှင်းတမ်းရယူလိုသည့် ယခင်လ အားရွေးချယ်ပါ။
- အဆင့် ၆) ပြီးလျှင် မိမိစစ်ဆေးလိုသည့် စာရင်းရှင်းတမ်းကို အွန်လိုင်းမှတစ်ဆင့် စစ်ဆေးနိုင်ပြီဖြစ်ပါသည်။
လိုအပ်ပါက အနီးဆုံး ရိုးမဘဏ်ခွဲသို့ ဘဏ်ဖွင့်ချိန်အတွင်း သွားရောက်အကူအညီ ရယူနိုင်ပါသည်။
မိမိ ကိုယ်ပိုင်အချက်အလက်များကို Yoma Bank Mobile Banking Application (သို့) Online Bankingတို့မှတစ်ဆင့် ပြောင်းလဲနိုင်ပါသလား။
keyboard_arrow_downမရပါဘူး။ အကယ်၍ ဆောင်ရွက်ချင်ပါက အနီးဆုံး ရိုးမဘဏ်ခွဲသို့ ဘဏ်ဖွင့်ချိန်အတွင်း သွားရောက်ဆောင်ရွက်ရမည် ဖြစ်ပါသည်။
Accounts
လုပ်ငန်းသုံး ငွေစာရင်းအမျိုးအစား မည်မျှရှိသနည်း။
keyboard_arrow_downလုပ်ငန်းသုံး ငွေစာရင်းအမျိုးအစားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ထပ်မံသိရှိလိုပါက ရိုးမဘဏ် Customer Care Center ၉၆၆၂ သို့ ၀၉၇၉၆၆၂၉၆၆၂ သို့မဟုတ် အပြာရောင်အမှတ်အသားပါဝင်သော Yoma Bank official facebook page သို့မဟုတ် အနီးဆုံး ရိုးမဘဏ်ခွဲသို့ ဘဏ်ဖွင့်ချိန်အတွင်း သွားရောက် အကူအညီရယူနိုင်ပါသည်။
Loans
လုပ်ငန်းသုံး ချေးငွေ အမျိုးအစား မည်မျှရှိသနည်း။
keyboard_arrow_downလုပ်ငန်းသုံး ချေးငွေစာရင်းအမျိုးအစားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ထပ်မံသိရှိလိုပါက ရိုးမဘဏ် Customer Care Center ၉၆၆၂ သို့ ၀၉၇၉၆၆၂၉၆၆၂ သို့မဟုတ် အပြာရောင် အမှတ်အသားပါဝင်သော Yoma Bank official facebook page သို့မဟုတ် အနီးဆုံး ရိုးမဘဏ်ခွဲသို့ ဘဏ်ဖွင့်ချိန်အတွင်း သွားရောက် အကူအညီရယူနိုင်ပါသည်။
General Help
ရိုးမဘဏ်၏ customer service ကို မည်သို့ ဆက်သွယ်ရမည်နည်း။
keyboard_arrow_down
ရိုးမဘဏ် 24/7 Customer Care Center ၉၆၆၂ သို့ ၀၉၇၉၆၆၂၉၆၆၂ သို့မဟုတ် အပြာရောင်အမှတ်အသားပါဝင်သော Yoma Bank official facebook page သို့မဟုတ် အနီးဆုံး ရိုးမဘဏ်ခွဲသို့ ဘဏ်ဖွင့်ချိန်အတွင်း သွားရောက်အကူအညီ ရယူနိုင်ပါသည်။
ရိုးမဘဏ်၏ ဘဏ်ခွဲလိပ်စာနှင့် ဖုန်းနံပါတ်များကို မည်သည့်နေရာတွင် ရှာရမည်နည်း။
keyboard_arrow_downရိုးမဘဏ်ခွဲ လိပ်စာများကို ဤလင့်တွင် ဝင်ရောက် လေ့လာနိုင်ပါသည်။
ရိုးမဘဏ်၏ ATM တည်နေရာများကို မည်သည့်နေရာတွင် ရှာဖွေနိုင်ပါသနည်း။
keyboard_arrow_downရိုးမဘဏ်ရဲ့ ATM ထားရှိသော နေရာများကို ဤလင့်တွင် ဝင်ရောက် လေ့လာနိုင်ပါသည်။
ငွေစာရင်းရှင်းတမ်း (Bank Statement) ကို မည်သည့်နေရာတွင် ရယူရမည်နည်း။
keyboard_arrow_downအနီးဆုံး ရိုးမဘဏ်ခွဲသို့ ဘဏ်ဖွင့်ချိန်အတွင်း သွားရောက်အကူအညီ ရယူနိုင်ပါသည်။
အွန်လိုင်း ငွေစာရင်းရှင်းတမ်း (Online Bank Statement) ကို မည်သည့်နေရာမှ ရယူနိုင်မည်နည်း။
keyboard_arrow_downအွန်လိုင်း ငွေစာရင်းရှင်းတမ်းကို Yoma Bank Mobile Banking Application နှင့် Online Banking တို့မှ တစ်ဆင့် ထုတ်ယူနိုင်ပါသည်။
ဘဏ်ခွဲ ဝန်ဆောင်မှုများကို မည်သည့်အချိန်များတွင် ရယူနိုင်ပါသနည်း။
keyboard_arrow_downရိုးမဘဏ်ခွဲ ဖွင့်ချိန်မှာ မနက် ၉ နာရီခွဲမှ နေ့လည် ၂ နာရီခွဲအထိ ဖြစ်ပြီး Customer များကို ဝန်ဆောင်မှုပေးနေပါသည်။
ရိုးမဘဏ်၏ ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး အကြံပြုချင်ပါက မည်သို့ဆောင်ရွက်ရမည်နည်း။
keyboard_arrow_downရိုးမဘဏ် 24/7 Customer Care Center ၉၆၆၂ သို့ ၀၉၇၉၆၆၂၉၆၆၂ သို့မဟုတ် အပြာရောင်အမှတ်အသားပါဝင်သော Yoma Bank official facebook page သို့မဟုတ် [email protected] သို့ email ပို့၍ ဆက်သွယ်နိုင်ပါသည်။
ရိုးမဘဏ်၏ အပ်ငွေ/ချေးငွေ အတိုးနှုန်းများကို မည်သည့်နေရာမှ စစ်ဆေးရမည်နည်း။
keyboard_arrow_downရိုးမဘဏ်ရဲ့ ဘဏ်စာရင်းအတိုးများကို www.yomabank.com မှတစ်ဆင့် ဝင်ရောက်စစ်ဆေးနိုင်သလို ရိုးမဘဏ် 24/7 Customer Care Center ၉၆၆၂ သို့ ၀၉၇၉၆၆၂၉၆၆၂ သို့မဟုတ် အပြာရောင်အမှတ်အသားပါဝင်သော Yoma Bank official facebook page တို့ကိုလဲ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။
Yoma Bank MPU Debit Card ကို မည်သည့်နေရာမှ လျှောက်ထားရယူနိုင်မည်နည်း။
keyboard_arrow_downနီးစပ်ရာ ရိုးမဘဏ်ခွဲသို့ မှတ်ပုံတင်မူရင်း (သို့) passport မူရင်းနှင့်တကွ ဘဏ်ဖွင့်ချိန်အတွင်း သွားရောက်လျှောက်ထားနိုင်ပါသည်။
Yoma Bank MPU Debit Card ၏ PIN နံပါတ်ကို မည်သို့ပြောင်းလဲရမည်နည်း။
keyboard_arrow_down- မိမိ PIN number ပြောင်းလဲလိုသည့် Card ကို Yoma Bank ATM စက်ထဲသို့ ထည့်သွင်းပြီး ဘာသာစကားရွေးချယ်ပေးပါ။
- ပြီးနောက် လက်ရှိအသုံးပြုနေသည့် PIN number (သို့) SMS လက်ခံရရှိထားသော PIN number ၆ လုံးကို ထည့်သွင်းပေးပါ။
- ထို့နောက် Menu screen သို့ ရောက်ရှိပြီး "PIN Change" (သို့) "PIN number ပြောင်းလဲခြင်း" ကို ရွေးချယ်ပါ။
- ပြီးနောက် လက်ရှိအသုံးပြုနေသော PIN number (သို့) SMS လက်ခံရရှိထားသည့် PIN number ၆ လုံးကို ထပ်မံထည့်သွင်းပေးပါ။
- ထို့နောက် မိမိ ပြောင်းလဲလိုသည့် PIN number အသစ် ၆ လုံးကို ထပ်မံထည့်သွင်းပေးပါ။
- အသစ်ပြောင်းလဲလိုက်သည့် PIN number ၆ လုံးကို ထပ်မံ ထည့်သွင်းပေးပါ။
- ပြီးလျှင်တော့ PIN Change ပြုလုပ်ခြင်း အောင်မြင်သွားပြီ ဖြစ်ပါသည်။
အကူအညီရယူလိုပါက ရိုးမဘဏ် 24/7 Customer Care Center ၉၆၆၂ သို့ ၀၉၇၉၆၆၂၉၆၆၂ သို့မဟုတ် အပြာရောင်အမှတ်အသားပါဝင်သော Yoma Bank official facebook page သို့မဟုတ် အနီးဆုံးရိုးမဘဏ်ခွဲသို့ ဘဏ်ဖွင့်ချိန်အတွင်း သွားရောက်အကူအညီရယူနိုင်ပါသည်။
Yoma Bank MPU Debit Card ၏ PIN လော့ကျသွားသည့်အတွက် မည်သို့ ဆက်လက်ဆောင်ရွက်ရမည်နည်း။
keyboard_arrow_downနီးစပ်ရာ ရိုးမဘဏ်ခွဲသို့ မှတ်ပုံတင်မူရင်း (သို့) passport မူရင်းနှင့်တကွ ဘဏ်ဖွင့်ချိန်အတွင်း သွားရောက်အကူအညီ ရယူနိုင်ပါသည်။
Yoma Bank MPU Debit Card မှ ငွေဖြတ်ယူသွားပြီး လုပ်ဆောင်မှု မအောင်မြင်ရင် မည်သို့ ဆက်လက်ဆောင်ရွက်ရမည်နည်း။
keyboard_arrow_downရိုးမဘဏ် 24/7 Customer Care Center ၉၆၆၂ သို့ ၀၉၇၉၆၆၂၉၆၆၂ သို့ ချက်ချင်း ဆက်သွယ်ပြီး complaint တင်ပေးရပါမည်။
ရိုးမဘဏ်၏ ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး အခြားအကူအညီများ ရယူချင်လျှင် မည်သို့ ဆက်သွယ်ရမည်နည်း။
keyboard_arrow_downရိုးမဘဏ် 24/7 Customer Care Center ၉၆၆၂ သို့ ၀၉၇၉၆၆၂၉၆၆၂ သို့မဟုတ် အပြာရောင် အမှတ်အသားပါဝင်သော Yoma Bank official facebook page သို့မဟုတ် အနီးဆုံး ရိုးမဘဏ်ခွဲသို့ ဘဏ်ဖွင့်ချိန်အတွင်းသွားရောက်အကူအညီရယူနိုင်ပါသည်။
Security Tips
အလွဲသုံးစား အလုပ်ခံရမှုမှ ဘယ်လိုကာကွယ်ရမလဲ။
keyboard_arrow_down- ရိုးမဘဏ် ဝန်ထမ်းများမှ customer များ၏ ကိုယ်ပိုင်အချက်အလက်များ (OTP, PIN နှင့် password) များကို ဘယ်သောအခါမှ မေးမြန်းခြင်း မပြုပါ။
- မသင်္ကာဖွယ်ရာ SMS သို့မဟုတ် email များ လက်ခံရရှိပါက အလွယ်တကူ ဝင်ရောက်ကြည့်ရှုခြင်း မပြုရပါ။
ကတ်ကို ဘယ်လို လုံခြုံစွာ အသုံးပြုရမလဲ။
keyboard_arrow_down- မိမိဘဏ်စာရင်း လက်ကျန်ငွေနှင့် အဝင်အထွက်စာရင်းကို ဘဏ်ခွဲ၌ ဖြစ်စေ၊ Yoma Bank Mobile Banking Application တစ်ဆင့်မှ ဖြစ်စေ ပုံမှန်စစ်ဆေးပါ။
- မိမိ၏ ATM ကတ်များကို လုံခြုံစွာ ထိန်းသိမ်းပြီး အသုံးပြုသည့်အခါတွင်လည်း သတိနှင့်အသုံးပြုပေးပါ။
- POS machine တွင် ငွေရှင်းပြီးပါကလည်း ကျသင့်ငွေ ပမာဏကို သေချာစွာ စစ်ဆေးရန်၊ မိမိကတ် Pin နံပါတ်ကို အခြားသူများ မမြင်စေရန် သတိပြုရန် တို့ လိုအပ်ပြီး ကတ်အား အခြားသူတစ်ဦးဦးကို ပေးအပ်ခြင်း မပြုရပါ။
- ကတ်ရဲ့ PIN နံပါတ်ကို မည်သည့်နေရာတွင်မှ ရေးမှတ်ထားခြင်း မပြုရပါ။
- မသင်္ကာဖွယ် ငွေကြေးလုပ်ဆောင်ချက် တစ်ခုခု တွေ့ရှိပါက Yoma Bank Customer Care Center သို့ ၂၄ နာရီ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
အသုံးပြုနေတဲ့ ကတ် ပျောက်/ပျက် သွားရင် ဘယ်လိုလုပ်ရမလဲ။
keyboard_arrow_down- မိမိ အသုံးပြုနေသော ရိုးမဘဏ် ATM ပျောက်ဆုံး(သို့) ပျက်စီးပါက Yoma Bank Customer Care Center ၉၆၆၂ သို့ ၀၉၇၉၆၆၂၉၆၆၂ သို့ ပျောက်ဆုံး/ပျက်စီးသွားသော ကတ်ကို ပိတ်ရန် အမြန်ဆုံးဆက်သွယ်ပါ။
- အနီးဆုံးရိုးမဘဏ်ခွဲ သို့လည်း ဘဏ်ဖွင့်ချိန်အတွင်း သွားရောက် အကူအညီရယူနိုင်ပါသည်။
- ကတ်အသစ်ကို မှတ်ပုံတင်မူရင်း (သို့) passport မူရင်းပြသ၍ ကျပ် ၅၀၀၀ ဖြင့် လျှောက်ထားရယူနိုင်ပါသည်။
လူမှုကွန်ရက်များတွင် ဖွဲ့စည်းထားသော Group များမှ ရိုးမဘဏ် သတင်းအချက်အလက်များသည် မှန်ကန်မှုရှိပါသလား။
keyboard_arrow_downရိုးမဘဏ်၏ တရားဝင် ဖွင့်လှစ်ထားသော အပြာရောင် Blue Mark ပါသည့် Yoma Bank Limited Facebook page မှ သတင်းအချက်များသာ တိကျမှန်ကန်မှု ရှိပါသည်။ ရိုးမဘဏ်အမည် အသုံးပြု အခြား Page များသည်၊ Group များသည် ရိုးမဘဏ်မှ တရားဝင် အသုံးပြုနေခြင်း မဟုတ်ပါသဖြင့် Customer များအနေဖြင့် သတိပြုသင့်ပါသည်။
မိမိကိုယ်တိုင်မအားလပ်၍ မိမိအိမ်သားတစ်ယောက်ယောက်ကို ATM နှင့် Password ပေးပြီး ATM စက်တွင် ငွေသားထုတ်ယူခိုင်းလို့ ရပါသလား။
keyboard_arrow_downမိမိအကောင့်နှင့် အကောင့်ထဲရှိ ငွေများ လုံခြုံစိတ်ချမှုရှိစေရန် မိမိရဲ့ MPU card နဲ့ သက်ဆိုင်ရာ Password များကို မိမိတစ်ဦးတည်းသာ အသုံးပြုသင့်ပါတယ်။
တစ်စုံတစ်ဦးမှ ရိုးမဘဏ်ဝန်ထမ်းဟု ပြောဆိုကာ ငွေကြေးလုပ်ဆောင်ချက်များနှင့်ပတ်သက်၍ မေးမြန်းမှုမျိုး ရှိလာပါက ဘယ်လိုဆောင်ရွက်သင့်ပါသလဲ။
keyboard_arrow_down- ရိုးမဘဏ် ဝန်ထမ်းများအနေဖြင့် Customer များ၏ လုံခြုံရေးဆိုင်ရာ ကိုယ်ရေးအချက်အလက်များ (Yoma Bank Mobile Banking Password, One Time Password-OTP, PIN Number, Security Questions) ကို လုံးဝ (လုံးဝ) တောင်းခံခြင်းမရှိပါ။
- ထိုကဲ့သို့ ရိုးမဘဏ်အမည်ဖြင့် အကောင့်အတု အသုံးပြုပြီး ဆက်သွယ်မှုများနှင့် ကြုံတွေ့ရပါက ရိုးမဘဏ် Customers များအနေဖြင့် နီးစပ်ရာရိုးမဘဏ်ခွဲသို့ ကိုယ်တိုင်သွားရောက်၍ စုံစမ်းမေးမြန်းခြင်း၊ ရိုးမဘဏ် တရားဝင် Facebook စာမျက်နှာသို့ သတင်းပို့ခြင်းနှင့် Yoma Bank ၏ တရားဝင်အီးမေးလ်ဖြစ်သော [email protected] သို့ အီးမေးလ်ပေးပို့ခြင်း၊ Yoma Bank Customer Care Center သို့ ဆက်သွယ်မေးမြန်းခြင်းတို့ ပြုလုပ်နိုင်ပါသည်။