ငွေရေးကြေးရေးနည်းပညာအကာအကွယ်များ
Business Banking > Other Services
ငွေရေးကြေးရေးနည်းပညာအကာအကွယ်များ
Business Banking > Other Services
ငွေရေးကြေးရေးနည်းပညာအကာအကွယ်များအကြောင်း
ရိုးမဘဏ်၏ ငွေရေးကြေးရေး နည်းပညာအကာအကွယ်များသည် နိုင်ငံခြားငွေလဲလှယ်ခြင်း၊ ငွေပေးချေခြင်း၊ ငွေစီးဆင်းမှုနှင့် အတိုးနှုန်းစသည်တို့တွင် ဆုံးရှုံးနိုင်ခြေကို ကောင်းမွန်စွာစီမံခန့်ခွဲနိုင်ရန် အကြံပေးခြင်းဝန်ဆောင်မှုဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဆုံးရှုံးနိုင်ချေအကဲဖြတ်ခြင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက လူကြီးမင်း၏ ဆုံးရှုံးနိုင်ခြေအနေအထားကိုသိရှိရန်နှင့် တစ်ဦးချင်း ကာကွယ်ရေးနည်းဗျူဟာများကို ချမှတ်နိုင်ရန်ကူညီပေးပါမည်။
ငွေရေးကြေးရေး နည်းပညာအကာအကွယ်များအကြောင်း
အသေးစိတ်အချက်အလက်များ

- အဓိကစီးပွားရေးလုပ်ငန်းဆောင်တာများအပေါ် အာရုံစိုက်ပြီး နိုင်ငံခြားငွေကြေးလဲလှယ်မှုနှုန်း အတက်အကျမြန်မှုကို စောင့်ကြည့်ရန်အတွက် လူအင်အားအများကြီးမသုံးရခြင်း၊
- သွင်းကုန်ပို့ကုန် တို့၏ ရောင်းဝယ်မှု အမြတ်အစွန်းများကို ကာကွယ်ပေးခြင်း၊
- ဘဏ္ဍာရေး စီမံချက်များနှင့် ငွေကြေးလျာထားချက်များ တွက်ချက်ရာတွင် နိုင်ငံခြားငွေလဲလှယ်မှုနှုန်း အတက်အကျမြန်ခြင်းတို့ကို ထိန်းချုပ်နိုင်ခြင်း တို့ကို ဆောင်ရွက်နိုင်ပါသည်။
ငွေကြေးလဲလှယ်ခြင်း သဘောတူညီချက်ဆိုသည်မှာ ငွေကြေးအပြီးလဲလှယ်ခြင်းမဟုတ်ဘဲ ယာယီအားဖြင့် ဘဏ်နှင့် ဘဏ်ဝန်ဆောင်မှုယူသူကြား ငွေကြေးလဲလှယ်ထားခြင်းဖြစ်သည်။ အဆိုပါဝန်ဆောင်မှုသည် လက်ရှိဈေးကွက်ပေါက်ဈေးဖြင့် ငွေကြေးတစ်ခုမှ နောက်တစ်ခုသို့လဲလှယ်ပြီး နှုန်းထားသတ်မှတ်ကာ နောင်တွင် နဂိုအတိုင်းပြန်လည်လဲလှယ်ရန် သဘောတူညီချက်ဖြစ်ပြီး လုပ်ငန်းများကို ငွေလဲလှယ်မှုနှုန်းထားများ အတက်အကျမြန်ခြင်းမှ ကာကွယ်ပေးမည်ဖြစ်ပါသည်။ ရိုးမဘဏ်ငွေကြေးလဲလှယ်မှုသည် ငွေကြေးတစ်ခုဖြင့် ငွေပေးရန်တာဝန်ရှိပြီး နောက်ငွေကြေးဖြင့် ဝင်ငွေရမည့် လုပ်ငန်းမျိုးအတွက် ထိရောက်သော ဝန်ဆောင်မှု ဖြစ်ပါသည်။
Currency Swap သည် Cross Currency Swap နှင့် ဆင်တူသော သဘောတူစာချုပ်ဖြစ်ပြီး ဘဏ်နှင့် တိုက်ရိုက်ငွေကြေးလဲလှယ်ခြင်းမဟုတ်ဘဲ တတိယလူတစ်ဦးဖြင့် ငွေကြေးလဲလှယ်ခြင်းဖြစ်သည်။ Cross Currency Swap ကဲ့သို့ ကြိုတင်သတ်မှတ်ထားသောနှုန်းထားဖြင့် သတ်မှတ်ထားသောနေ့တွင် ငွေကြေးကို ပြန်လည်လဲလှယ်နိုင်သည်။
အခြား ဘဏ်ဝန်ဆောင်မှု အမျိုးအစားများ

ငွေကြေးဈေးကွက်ဝန်ဆောင်မှုများ
Yoma Bank’s full spectrum money market solutions designed for financial institutions can help…

နိုင်ငံခြားငွေကြေးလဲလှယ်ခြင်းဆိုင်ရာ ဝန်ဆောင်မှုများ
Yoma Bank Foreign Exchange Solutions is a currency exchange and foreign exchange trading…


 
 

 BizSpace Portal
 BizSpace Portal SMART Credit Business Portal
 SMART Credit Business Portal Payroll Portal
 Payroll Portal Supply Chain Financing
 Supply Chain Financing HP Dealer Portal
 HP Dealer Portal