စိုက်ပျိုးရေးလုပ်ငန်းသုံးချေးငွေ

Business Banking > Loans

စိုက်ပျိုးရေးလုပ်ငန်းသုံးချေးငွေ

Business Banking > Loans

စိုက်ပျိုးရေးလုပ်ငန်းသုံးချေးငွေ အကြောင်း

စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများအတွက် လိုအပ်သော ချေးငွေကို ရယူနိုင်ပြီး လုပ်ငန်းလည်ပတ်မှု ကောင်းမွန်စေရန် ကူညီပံ့ပိုးပေးနိုင်ပါသည်။ စိုက်ပျိုးရေးလုပ်ငန်းသုံးချေးငွေတွင် ပါဝင်သော အမျိုးအစား ၆ မျိုးမှာ ကာလတို သီးနှံရာသီပေါ် ချေးငွေ (ဆန်စပါး) ၊ ကာလတို သီးနှံရာသီပေါ် ချေးငွေ (ပြောင်း) ၊ ပေးရန်ရှိ စိုက်ထုတ်ချေးငွေ ၊ စိုက်ပျိုးမွေးမြူရေး သွင်းအားစု / ထွက်ကုန် အာမခံချေးငွေ ၊ ရရန်ရှိ ကြိုတင်ထုတ်ချေးငွေ နှင့် အသေးစားနှင့် အလတ်စားစိုက်ပျိုးရေးလုပ်ငန်းသုံး ချေးငွေ ဖြစ်ပါသည်။

စိုက်ပျိုးရေးလုပ်ငန်းသုံးချေးငွေကို ဘာလို့ရွေးချယ်သင့်လဲ?

အားသာချက်များ

title-border

လုပ်ငန်း ငွေကြေးလည်ပတ်မှု တိုးပွားစေခြင်း

လုပ်ငန်း တိုးချဲ့မှု၊ ချဲ့ထွင်မှုကို အထောက်အပံ့ဖြစ်စေခြင်း

လွယ်ကူမြန်ဆန်စွာ ချေးငွေ လျှောက်ထားနိုင်ခြင်း

စိုက်ပျိုးရေး လုပ်ငန်းသဘာဝနှင့် လိုက်လျောညီထွေရှိပြီး ထိရောက်မှု ရှိသော ချေးငွေဖြစ်ခြင်း

စိုက်ပျိုးရေးလုပ်ငန်းသုံးချေးငွေလျှောက်ထားရန်
လိုအပ်ချက်များ

  • လုပ်ငန်းလိုင်စင်
  • ကုမ္ပဏီမှတ်ပုံတင် (ကုမ္ပဏီဖြင့် ချေးငွေလျှောက်ထားပါက)
  • မှတ်ပုံတင်မူရင်းနှင့် မိတ္တူ
  • အိမ်ထောင်စုစာရင်းမူရင်းနှင့် မိတ္တူ
  • ရပ်ကွက်ထောက်ခံစာ မူရင်း
  • ဝင်ငွေရရှိသည့် အထောက်အထား
  • ဝင်ငွေခွန်ပြေစာများ
  • ဘဏ္ဍာရေး စာရင်းရှင်းတမ်းများ
requirement

သင်ဒါတွေသိပြီးပြီလား?

စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ ချေးငွေအကြောင်း သိကောင်းစရာများ

title-border

  • ဆန်စပါး/ပြောင်း စိုက်ပျိုးသူ တောင်သူကြီးများ
  • ပြည်ပပို့ကုန်လုပ်ငန်းရှင်များ၊ ကုန်သည်များ
  • ဆန်/ပြောင်း စက်ပိုင်ရှင်များ
  • ကန်ထရိုက်/လယ်ယာလုပ်ဆောင်သော ကုမ္ပဏီများအတွက် သင့်လျော်ပါသည်။

အတိုးနှုန်း*ချေးငွေသက်တမ်း*ချေးငွေပမာဏ*ကနဦး ပေးသွင်းငွေ*
ကာလတို သီးနှံရာသီပေါ် ချေးငွေ
(ဆန်စပါး)
၉.၅ %
(အနည်းဆုံး)
အများဆုံး (၁၁) လအနည်းဆုံး – ကျပ်သိန်း (၅၀၀)
အများဆုံး – ကျပ်သိန်း (၅,၀၀၀)
၀.၅%
ကာလတို သီးနှံရာသီပေါ် ချေးငွေ
(ပြောင်း)
၉.၅ %
(အနည်းဆုံး)
အများဆုံး (၁၁) လအနည်းဆုံး – ကျပ်သိန်း (၃၀၀)
အများဆုံး – ကျပ်သိန်း (၃,၀၀၀)
၀.၅%
ပေးရန်ရှိ စိုက်ထုတ်ချေးငွေ၉.၅ %
(အနည်းဆုံး)
ချေးငွေ ဘောင်ချာ တစ်ခုတွင် အများဆုံး ရက် (၁၈၀)အနည်းဆုံး – ကျပ်သိန်း (၂၅၀)
အများဆုံး – ကျပ်သိန်း (၅,၀၀၀)
၀.၅%
စိုက်ပျိုးမွေးမြူရေး သွင်းအားစု / ထွက်ကုန် အာမခံချေးငွေ၁၀%
(အနည်းဆုံး)
အများဆုံး (၁) နှစ်အနည်းဆုံး – ကျပ်သိန်း (၅,၀၀၀)
အများဆုံး – ကျပ်သိန်း (၆၀,၀၀၀)
၁%
ရရန်ရှိ ကြိုတင်ထုတ်ချေးငွေ၁၀%
(အနည်းဆုံး)
ချေးငွေဘောင်ချာ တစ်ခုတွင် အများဆုံး ရက် (၁၈၀)အနည်းဆုံး – ကျပ်သိန်း (၅,၀၀၀)
အများဆုံး – ကျပ်သိန်း (၂၀,၀၀၀)
၁%
အသေးစားနှင့် အလတ်စားစိုက်ပျိုးရေးလုပ်ငန်းသုံး ချေးငွေ၁၀%
(အနည်းဆုံး)
အများဆုံး (၃) နှစ်အနည်းဆုံး – သက်မှတ်ချက်မရှိ
အများဆုံး – ကျပ်သိန်း (၁၀,၀၀၀)
၀.၅%
Note

* ငွေသက်တမ်း ကာလအတွင်း အတိုးနှုန်းကို ရိုးမဘဏ်၏ ဆုံးဖြတ်ချက်ကြောင့် သော်လည်းကောင်း၊ ဗဟိုဘဏ်မှ အတိုးနှုန်းထား ပြောင်းလဲခြင်းကြောင့် သော်လည်းကောင်း အချိန်မရွေးပြောင်းလဲ ပြင်ဆင်မှု ရှိနိုင်သည်။

စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ ချေးငွေ

မေးလေ့မေးထရှိသော မေးခွန်းများ

title-border

လုပ်ငန်းသုံး ချေးငွေစာရင်းအမျိုးအစားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ထပ်မံသိရှိလိုပါက ရိုးမဘဏ် Customer Care Center  ၉၆၆၂ သို့ ၀၉၇၉၆၆၂၉၆၆၂ သို့မဟုတ် အပြာရောင် အမှတ်အသားပါဝင်သော Yoma Bank official facebook page သို့မဟုတ် အနီးဆုံး ရိုးမဘဏ်ခွဲသို့ ဘဏ်ဖွင့်ချိန်အတွင်း သွားရောက် အကူအညီရယူနိုင်ပါသည်။

တခြား ဘဏ်ဝန်ဆောင်မှုအမျိုးအစားများ