SMART Credit Business
ရိုးမဘဏ်၏ အသေးစားစီးပွားရေး customers များအတွက် လုပ်ငန်းလည်ပတ်ချေးငွေရယူနိုင်မည့် Smart Credit Business သည် ယခင်ရှိထားသော ချေးငွေများကို အချိန်မီပေးချေရုံဖြင့် လုပ်ငန်းတိုးတက်လာသည်နှင့်အညီ ပိုမိုများပြားသောချေးငွေပမာဏကို ရယူနိုင်မည်ဖြစ်ပါသည်။ SMART Credit Business သည် လူကြီးမင်း၏ လုပ်ငန်းတိုးတက်မှုကို ကူညီနိုင်ပြီး အပေါင်ပစ္စည်းများ၊ စာရွက်စာတမ်းကိစ္စများနှင့် အာမခံပေးမည့်သူများ မလိုဘဲ ချေးယူနိုင်မည်ဖြစ်ပါသည်။
SMART Credit Business ချေးငွေကို ယခုပင်
လျှောက်ထားလိုက်ပါ။
တိုးယူနိုင်သော ချေးငွေ
လူကြီးမင်း၏ ငွေပေးငွေယူမှုပမာဏနှင့်အတူ ချေးငွေ တိုးယူနိုင်သည့်အတွက် လုပ်ငန်းလည်ပတ်ရာတွင် လိုအပ်သည့် အရင်းအနှီးကို ရယူနိုင်မည်ဖြစ်ပါသည်။
အလိုအလျောက် ချေးငွေဆပ်နိုင်ခြင်း
လစဉ် ချေးငွေပြန်ဆပ်ရမည့်နေ့မတိုင်ခင် စာတိုပေးပို့ သတိပေးသွားမည်ဖြစ်ပြီး ဆပ်ရမည့် ချေးငွေပမာဏကို ငွေချေးသူ၏
Flexi Everyday စာရင်းရှင်စာရင်း ထဲမှ အလိုအလျောက်နုတ်ယူသွားမည်ဖြစ်ပါသည်။
လွယ်ကူစွာ လျှောက်ထားနိုင်ခြင်း
အွန်လိုင်းမှတစ်ဆင့် လွယ်ကူရိုးရှင်းစွာ လျှောက်ထားနိုင်ပါပြီ။
ရိုးမဘဏ် ၏ မိတ်ဖွဲ့အဖွဲ့အစည်း အဖြစ် ချိတ်ဆက်ထားသော လုပ်ငန်းများအားလုံး ချေးငွေလျှောက်ထားနိုင်ပါပြီ။
ကုမ္ပဏီမှတ်ပုံတင်ထားပြီး လုပ်ငန်းလိုင်စင်ရှိသော မြန်မာနိုင်ငံအတွင်းရှိ မည်သည့် အသေးစားလုပ်ငန်းမဆို SMART Credit Business ချေးငွေကို ရယူနိုင်ပါသည်။ ပိုမိုသိရှိရန် ယခုပင်လျှောက်ထားလိုက်ပါ။
အတိုးနှုန်း၊ ဝန်ဆောင်ခ နှင့် ချေးငွေသက်တမ်း
အများဆုံးချေးငွေသက်တမ်း
|
ပထမအကြိမ်ချေးငွေအတွက် ၁ လ မှ ၃ လ ထိ၊ နောက်တိုးချေးငွေများအတွက် ၁၂ လ ထိ
|
အတိုးနှုန်း
|
တစ်နှစ်လျှင် ၁၄.၅%
|
လစဉ် ချေးငွေ ပြန်လည်ပေးဆပ်ရမည် ဖြစ်ပြီး အရင်း၊ အတိုးနှင့် ဝန်ဆောင်ခများကို ချေးငွေပေးဆပ်ရမည့် နေ့တွင် လူကြီးမင်း၏ Flexi Everyday စာရင်းရှင်စာရင်းမှ အလိုအလျောက် နှုတ်ယူသွားမည် ဖြစ်ပါသည်။