ဖြန့်ချိရေးချေးငွေ
ရိုးမဘဏ်၏ ဖြန့်ချိရေးချေးငွေများသည် လက်ကျန် ကုန်ပို့ပြေစာများအား ကြိုတင်ပေးချေခြင်းဖြင့် ဖြန့်ချိရေးကုမ္ပဏီများ၏ ကာလတို ငွေကြေးစီးဆင်းမှု ပြဿနာများကို ပြေလည်စေရန် ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ ကုမ္ပဏီ တစ်ခုချင်း စီက ရိုးမဘဏ်၏ ကော်ပိုရိတ် client များနှင့် အရောင်းအဝယ် ပြုလုပ်ထားသော လစဉ်ရောင်းအား ပမာဏ၏ သုံးဆအထိ ချေးငွေ ရယူနိုင်မည့် ဖြန့်ချိရေးချေးငွေသည် လုပ်ငန်းတိုးတက်ရန် ငွေကြေးလည်ပတ်မှု လိုအပ်ချက်ကို ထိန်းညှိပေးမည်ဖြစ်ပါသည်။
ကြိုတင်ငွေပေးချေမှု ရယူနိုင်ခြင်းလူကြီးမင်း ကုမ္ပဏီ၏ လုပ်ငန်းနောက်ခံ သမိုင်းနှင့် ရရန်ရှိသော လက်ကျန်ကုန်ပို့ ပြေစာများအပေါ်မူတည်၍ လစဉ်ရောင်းအား၏ သုံးဆအထိ ချေးငွေရယူနိုင်ပါသည်။
အတိုးနှုန်း၊ ဝန်ဆောင်ခနှင့် ချေးငွေသက်တမ်း
အများဆုံးချေးငွေသက်တမ်း
|
၂၄ လ (၂ နှစ်) |
ချေးငွေပမာဏကန့်သတ်ချက်
|
မြန်မာကျပ် သိန်း ၃၀၀၀ (စံသတ်မှတ်ချက်ဖြစ်ပြီး ၊ ပမာဏပိုများနိုင်သည်) |
အတိုးနှုန်း*
| တစ်နှစ်လျှင် ၁၆% |
ဝန်ဆောင်ခ
| ၁ % မှ ၂ % ထိ |
သက်တမ်းတိုးကြေး
| ၁% |
*အတိုးနှုန်းကို နေ့စဉ်တွက်ချက်ပြီး လစဉ်ကောက်ခံသွားမည်။
ချေးငွေလျှောက်ထားရန် လိုအပ်ချက်များ
- ရိုးမဘဏ်၏ ကော်ပိုရိတ် client နှင့်လုပ်ငန်းဆက်ဆံရေး အနည်းဆုံး ၆ လ ရှိထားရမည်။
- လုပ်ငန်းလည်ပတ်မှု အနည်းဆုံး တစ်နှစ်ရှိပြီးဖြစ်ရမည်။
- လုပ်ငန်းလိုင်စင်ရှိရမည်။
- အမျိုးသားမှတ်ပုံတင် သို့မဟုတ် အိမ်ထောင်စုစာရင်းတင်ပြရပါမည်။
- အနည်းဆုံး ပြီးခဲ့သည့်တစ်နှစ်စာ အတွက် ဝင်ငွေခွန်/ကုန်သွယ်ခွန် ပြေစာများ တင်ပြရပါမည်။
*အထက်ပါအထောက်အထားများသည် ငွေချေးယူသူ အမည်ဖြင့်ဖြစ်ရမည်။