ကုန်စည်စီးဆင်းမှုချေးငွေ
ရိုးမဘဏ်၏ ကုန်စည်စီးဆင်းမှုချေးငွေ (Supply Chain Financing) သည် ရိုးမဘဏ်၏ ကော်ပိုရိတ် clients များအား ကုန်ရောင်းချသူ သို့မဟုတ် ဖြန့်ချိသူများအတွက် လုပ်ငန်းတိုးချဲ့ရန်၊ ငွေကြေးစီးဆင်းမှုကို စီမံခန့်ခွဲနိုင်ရန် နှင့် လုပ်ငန်း ရေရှည် တည်တံ့ခိုင်မြဲစေရန် အဆင်ပြေ ချောမွေ့အောင် ကူညီပေးမည့် လုပ်ငန်းချေးငွေ အမျိုးအစား ဖြစ်ပါသည်။
အတိုးနှုန်း၊ ဝန်ဆောင်ခ နှင့် ချေးငွေသက်တမ်း
အများဆုံးချေးငွေပမာဏ
|
သိန်း ၃၀၀၀
|
အများဆုံး ချေးငွေသက်တမ်း
|
ရက် ၁၈၀
|
သက်တမ်းတိုးနိုင်သည့်ချေးငွေကာလ | ၁၂ လ (၁ နှစ်) |
အတိုးနှုန်း* | တစ်နှစ်လျှင် ၁၄.၅% |
ဝန်ဆောင်ခ | ကန့်သတ်ချေးငွေ၏ ၁% |
သက်တမ်းတိုးကြေး | ၁% |
*အတိုးကို နေ့စဉ်တွက်ချက်ပြီး လစဉ်ကောက်ခံသွားမည်။
ချေးငွေလျှောက်ထားရန် လိုအပ်ချက်များ **
- လုပ်ငန်းလိုင်စင်
- မှတ်ပုံတင် သို့မဟုတ် အိမ်ထောင်စုစာရင်း မူရင်း
- ပြီးခဲ့သည့် တစ်နှစ်အတွင်း ဝင်ငွေခွန်ပြေစာများ
- ဘဏ္ဍာရေး စာရင်းရှင်းတမ်းများ
***အထက်ပါ စာရွက်စာတမ်းအားလုံးသည် ချေးငွေယူမည့်သူ၏ အမည်ဖြင့် ဖြစ်ရပါမည်။