SME Express Loan
စက်ပစ္စည်းအသစ်၊ မော်တော်ယာဉ်အသစ်များ သို့မဟုတ် ရွှေ့ပြောင်း၍မရသော ပိုင်ဆိုင်မှုပစ္စည်းများကို ရိုးမဘဏ်၏ SME Express Loan ဖြင့် ဝယ်ယူလိုက်ပါ။ ရိုးမဘဏ်၏ မြန်ဆန်သော ချေးငွေက လူကြီးမင်း၏ လုပ်ငန်းကို တိုးမြှင့်ချဲ့ထွင်နိုင်စေမည်ဖြစ်ပါသည်။
ချက်ချင်းဝယ်ပြီး ဖြည်းဖြည်းချင်းပြန်ဆပ်နိုင်ခြင်း
တန်ဖိုးမြင့်ဝယ်ယူမှုများကို တစ်နှစ်အထိရယူနိုင်သော ချေးငွေသက်တမ်းအတွင်း ပြန်လည်ပေးဆပ်နိုင်ပါသည်။
ပြန်ပေးဆပ်ရမည့်ငွေ တဖြည်းဖြည်းနည်းသွားခြင်း
လစဉ် ချေးငွေပြန်လည်ဆပ်နေသည့်အတွက် နောက်လများတွင် ပေးရမည့် ပမာဏ တဖြည်းဖြည်း နည်းသွားပါသည်။
အတိုးနှုန်း၊ ဝန်ဆောင်ခ နှင့် ချေးငွေသက်တမ်း
အများဆုံးချေးငွေသက်တမ်း
|
၃၆ လ (၃ နှစ်)
|
ချေးငွေပမာဏ ကန့်သတ်ချက်
|
ကျပ်သိန်း ၉၉၉၉ အထိ
|
အတိုးနှုန်း* | တစ်နှစ်လျှင် ၁၀%
|
ဝန်ဆောင်ခ | ဝ.၂၅% |
သက်တမ်းတိုးကြေး | ဝ.၂၀% |
*အတိုးကို နေ့စဉ်တွက်ချက်ပြီး လစဉ် ကောက်ခံသွားပါမည်။
အာမခံပစ္စည်းများ
- မြေ (သို့) အဆောက်အဦပိုင်ဆိုင်မှု
- ကွန်ဒိုမီနီယံ
ချေးငွေလျှောက်ထားရန် လိုအပ်ချက်များ
လျှောက်ထားသူ နှင့် တွဲဖက်လျှောက်ထားသူ
- မှတ်ပုံတင် မူရင်းနှင့် မိတ္တူ
- အိမ်ထောင်စုစာရင်း မူရင်းနှင့် မိတ္တူ
- ရပ်ကွက်ထောက်ခံစာ မူရင်း
- လိုင်စင်ဓာတ်ပုံ (၁)ပုံ
လုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများ
- လုပ်ငန်းလိုင်စင်
- ဝင်ငွေခွန်ပြေစာများ
- ဘဏ္ဍာရေး စာရင်းရှင်းတမ်းများ
- တစ်နှစ်စာ ဘဏ်စာရင်း
- ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက် (သို့) ဘုတ်အဖွဲ့၏ အစည်းအဝေးမှတ်တမ်း
- အရောင်းစာရှင်းအကျဉ်းချုပ်နှင့် အရောင်းဘောင်ချာများ (သို့) အဝယ်စာရင်းအကျဉ်းချုပ်နှင့် အဝယ်ဘောင်ချာများ
ပိုမိုသိရှိရန် နီးစပ်ရာ
ဘဏ်ခွဲသို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။