ချေးငွေ မှန်သူများ ရယူနိုင်သည့် ချေးငွေ (Transactor Loan)
ရိုးမဘဏ်ဖြင့် ငွေပေးငွေယူပြုလုပ်ခြင်းဖြင့် လူကြီးမင်း၏ ငွေစာရင်းများ အသုံးပြုမှု မှတ်တမ်းအပေါ်မူတည်ပြီး အာမခံပစ္စည်းထားရှိရန် မလိုသော စာရင်းပိုထုတ်ချေးငွေကို ရယူနိုင်ပါပြီ။ ရိုးမဘဏ်ငွေစာရင်းဖြင့် ငွေပေးငွေယူမှု များများလုပ်လေ၊ နောက်ထပ် အာမခံပစ္စည်းမလိုဘဲ ငွေများများ ချေးယူနိုင်လေ ဖြစ်ပါသည်။
ချေးငွေများများရယူနိုင်ခြင်း
မြန်မာကျပ်ငွေ သိန်း ၃၀၀၀ အထိ ချေးယူနိုင်ပါသည်။
ချေးငွေသက်တမ်းရှည်ကြာခြင်း
တစ်နှစ်အထိ ချေးငွေသက်တမ်းတိုးမြှင့်နိုင်ပါသည်။
အတိုးနှုန်း၊ ဝန်ဆောင်ခ နှင့် ချေးငွေသက်တမ်း
အများဆုံးချေးငွေသက်တမ်း
|
၁၂ လ (၁ နှစ်)
|
အတိုးနှုန်း *
|
တစ်နှစ်လျှင် ၁၆%
|
ဝန်ဆောင်ခ | ဝ.၅% |
သက်တမ်းတိုးကြေး | ဝ.၅% |
* အတိုးကို နေ့စဉ်တွက်ချက်ပြီး လစဉ်ကောက်ခံပါမည်။
ချေးငွေလျှောက်ထားရန် လိုအပ်ချက်များ
-
ရိုးမဘဏ်၏ SME Express Loan customer ဖြစ်ရမည်။
- Customer မှ ၎င်း၏ ထိပ်တန်း client သုံးဦး (ရောင်းသူ သို့မဟုတ် ဝယ်သူ)ကို ရိုးမဘဏ်နှင့် ချိတ်ဆက်ပေးရမည်။