Golden City နှင့် Yoma Bank တိုပူးပေါင်းကာ အဆင့်မြင့်ကွန်ဒိုတိုက်ခန်းများကို ၁၅ နှစ် ချေးငွေလျှောက်ထားမှုစနစ်နှင့် စတင်ရောင်းချ

ဝယ်ယူသူများအနေဖြင့် အဆင့်မြင့်လူနေတိုက်ခန်းများကို ၁ လ လျှင် USD 1,000 မှ စတင်၍ အရစ်ကျငွေပေးချေကာ ဝယ်ယူနိုင်မည့် အစီအစဉ်များအား ခံစားနိုင်မည်ဖြစ်သည်။

စက်တင်ဘာ ၂၉ ရက်၊ ၂၀၁၇ ခုနှစ်

ရန်ကုန်၊ မြန်မာ - စက်တင်ဘာ ၂၉ ရက်၊ ၂၀၁၇ ခုနှစ် ။ ။ ETC Singapore LTD., ၏ အဖွဲ့ဝင်ကုမ္ပဏီဖြစ်သော Golden Land Real Estate Development Co., သည် အင်းလျားကန်အနီး၌ တည်ရှိပြီး လျင်မြန်စွာတိုးတက်ဖွံ့ဖြိုးလျက်ရှိသည့် ရန်ကင်းမြို့နယ်၌ ဖော်ဆောင်လျက်ရှိသော Golden City ကွန်ဒိုမီနီယမ်စီမံကိန်းမှ အဆင့်မြင့်ကွန်ဒိုတိုက်ခန်းများကို ၁၅ နှစ် အရစ်ကျ ငွေပေးချေမှုစနစ်နှင့် ဝယ်ယူနိုင်မည့် အစီအစဉ်ကို ပေးအပ်သွားရန် Yoma Bank နှင့်အတူ လက်တွဲဆောင်ရွက်လိုက်ပြီ ဖြစ်သည်။

အဆိုပါအစီအစဉ်အရ ဝယ်ယူမည့်သူများသည် မိမိဝယ်ယူမည့်အခန်း၏ စုစုပေါင်း ကျသင့်ငွေ၏ ၇၀ ရာခိုင်နှုန်းအထိ ချေးငွေ လျှောက်ထားနိုင်ပြီး Golden City ရှိ အဆင့်မြင့် လူနေတိုက်ခန်းများကို ပိုင်ဆိုင်နိုင်တော့မည် ဖြစ်သည်။ လူနေတိုက်ခန်းများမှာ တစ်ယောက်အခန်း (517 sq. feet) အတွက် USD 150,000 မှ လေးယောက်ခန်း (1,980 sq. feet) အတွက် USD 600,000 ထိ ရှိပြီး မကြာသေးမီကမှ Golden City က အထူးမိတ်ဆက်လိုက်သည့် အထူးပရိုမိုရှင်းအရ ၁ လ လျှင် USD 1,000 မှစတင်၍ ငွေပေးချေနိုင်မည် ဖြစ်သည်။

ETC Singapore LTD ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Tan Thiam Hee မှ “ကျွန်တော်တို့ ဒီအစီအစဉ်ကို ပေးအပ်လိုက် ခြင်းဖြင့် မြန်မာပြည်သူတွေအနေနဲ့ ကျွန်တော်တို့ရဲ့ ခမ်းနားကြီးကျယ်တဲ့ သီးသန့်လူနေမှုအသိုင်းအဝိုင်းကြီးမှာ ပိုပြီး ပါဝင်လာ နိုင်မှာ ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေအနေနဲ့ ဒီလိုအဆင့်မြင့်လူနေအိမ်ရာများမှာ ကမ္ဘာ့အဆင့်မီ လူနေမှုအသုံးအဆောင်ပစ္စည်း တွေနဲ့အတူ သူမတူတဲ့အတွေ့အကြုံကို ခံစားခွင့်ရှိသင့်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

Golden Land Real Estate Development Co., အနေဖြင့် ယခင်က Golden City ရှိ အဆင့်မြင့်လူနေတိုက်ခန်းများကို အတိုးမဲ့ ၄၈ လ အရစ်ကျငွေပေးချေမှုစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ယခုအခါ မြန်မာ့ဦးဆောင်ဘဏ်များထဲမှ တစ်ခုဖြစ်သည့် Yoma Bank နှင့် ပူးပေါင်းကာ ၁၅ နှစ်ကြာ ချေးငွေလျှောက်ထားမှုစနစ်ဖြင့် ပထမဆုံး ရောင်းချနိုင်ခြင်း ဖြစ်သည်။ 

ရိုးမဘဏ်၏ Chief Performance Officer ဖြစ်သူ Mr. Murray MacDougall ကလည်း “ ရိုးမဘဏ်အနေနဲ့ အခုလို Golden City နဲ့ လက်တွဲပြီး ရိုးမဘဏ် အိမ်ယာချေးငွေအစီအစဉ်ကို တင်ပြခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ Golden City အိမ်ရာကို ဝယ်ယူကြမယ့် Customer တွေလည်း ရိုးမဘဏ်က အဆင်ပြေလွယ်ကူပြီး လိုက်လျောညီထွေရှိတဲ့ ငွေပေးဆပ်မှုပုံစံတွေကို ထားရှိပေးလို့ ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။

Golden Land Real Estate Development Co. မှလည်း ပထမဦးဆုံးဝယ်ယူသည့် ကွန်ဒိုတိုက်ခန်း ၃၀ ခန်းအတွက် အထူး အတိုးနှုန်းတစ်ရပ်ဖြင့် ပရိုမိုးရှင်းအစီအစဉ်တစ်ခုကို ပေးအပ်သွားမည် ဖြစ်သည်။

Golden City အကြောင်း

Golden City သည် Singapore Exchange Securities Trading Limited ၏ Catalist board ၌ မှတ်ပုံတင်ထားသည့် ETC SINGAPORE LTD ၏ အဖွဲ့ဝင် Golden Land Real Estate Development Co.Ltd မှ မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ဖော်ဆောင် ထားသော ပရောဂျက်တစ်ခု ဖြစ်ပါသည်။ Golden City ပရောဂျက်ကို ၂၀၁၄ ခုနှစ် မတ်လက စတင်ခဲ့ခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၉၀ သန်း ပါဝင်သည့် ရန်ကုန်မြို့မှ ပထမဦးဆုံးတည်ဆောက်ပြီးစီးထားသည့် အထူးကွန်ဒိုမီနီယံ တစ်ခုလည်းဖြစ်ရာ မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော သီးသန့် အထက်တန်းလွှာလူနေမှုပုံစံကို ဖော်ဆောင်ပေးသွားမည့် ဦးဆောင် အိမ်ရာဖော်ဆောင်ရေး ကုမ္ပဏီကြီးတစ်ခုဖြစ်ပါသည်။

The Golden City ကွန်ဒိုမီနီယံသည် မြို့တော်ရန်ကုန်၏ ကျက်သရေဆောင် ရွှေတိဂုံဘုရားအား ဖူးတွေ့နိုင်မည့် ရင်သပ်ရှုမော ဖွယ်လှပသည့် အင်လျားကန်အနီးတွင် တည်ရှိပါသည်။ ကမ္ဘာ့အဆင့်မီ ဗိသုကာမြောက် လူနေအဆောက်အအုံဒီဇိုင်းပုံစံနှင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ရေကူးကန်တစ်ခု၊ အားကစားခန်းမတစ်ခုနှင့် ကလေးကစားကွင်းတစ်ခုတို့အပါအဝင် အခြားသော အဆင့်မြင့်ဝန်ဆောင်မှုများ ပါဝင်ပါသည်။ ထို့ပြင် စီးပွားရေးအချက်ချာကျပြီး သန့်ရှင်းလှပသောလမ်းမပေါ်တွင် တည်ရှိကာ A အဆင့်ရှိ ရုံးခန်းနေရာများ၊ ဇိမ်ခံဟိုတယ်တစ်ခု၊ အဆင့်မြင့်တိုက်ခန်းများနှင့် ဈေးဝယ်စင်တာတစ်ခုလည်း ပါဝင်ပါသည်။

menu