၀က်ဘ်ဆိုက်စာမျက်နှာဆိုင်ရာ ပုဂ္ဂိုလ်ရေးအချက်အလက်များ ထိန်းသိမ်းခြင်း ထုတ်ပြန်ချက်
သင်၏
ပုဂ္ဂိုလ်ရေးအချက်အလက်များ ထိ န်းသိမ်းခြင်းသည် ကျွန်ုပ်တို့ အတွက်
အရေးကြီးပါသည်။ ယခု အွန်လိုင်း ပုဂ္ဂိုလ်ရေးအချက်အလက်များ ထိန်းသိမ်းခြင်း
မူဝါဒသည် သင်အနေဖြင့် ကျွန်ုပ်တို့၏ အွန်လိုင်းဝန်ဆောင်မှုများ
အသုံးပြုသည့်အခါ (သို့) ဝက်ဘ်ဆိုက်စာ မျက်နှာသို့ ဝင်ရောက်ကြည့်ရှုသည့်အခါ
အချက်အလက်များကို ရိုးမဘဏ်က မည်သို့ ကာကွယ်သည်၊ မျှဝေသည်၊ စုဆောင်းရယူ
အသုံးပြုသည်ကို ရှင်းပြပါမည်။ ယခုထုတ်ပြန်ချက်သည် ရိုးမဘဏ် ဝက်ဘ်ဆိုက်၊
Yoma Bank Mobile Banking Application ၊ ရိုးမဘဏ်၏ တရားဝင်
လူမှုကွန်ရက်စာမျက်နှာများ အပါအဝင် ရိုးမဘဏ်၏ များစွာသော
အွန်လိုင်းဝန်ဆောင်မှုများတွင် အကျုံးဝင်သက်ရောက်မည် ဖြစ်သည့်အပြင်
ရိုးမဘဏ်၏ ဒီဂျစ်တယ် ကြော်ငြာ လုပ်ဆောင်မှုများအနက် တစ်ခုခုမှ ကြော်ငြာသည့်
ကြော်ငြာကို ကြည့်ရှုသည့် ဆက်သွယ်မှုမျိုးတွင်လည်း အကျုံးဝင်သက်ရောက်မည်
ဖြစ်သည်။
သင့်အနေဖြင့် မည်သည့် ဝက်ဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုသည်
ဖြစ်စေ IP Address နှင့် Domain အမည် ကဲ့သို့ သတင်းအချက်အလက်၊
ဝင်ရောက်ကြည့်ရှုခဲ့သည့် လမ်းကြောင်းများကို အီလက်ထရွန်နစ်သဲလွန်စအဖြစ်
ချန်ရစ်မိနိုင်ပါသည်။ ရိုးမဘဏ်အနေဖြင့် ယင်းကဲ့သို့သော
သတင်းအချက်အလက်မျိုးကို
www.yomabank.com
ရှိ ဝင်ရောက်အသုံးပြုမှုအခြေအနေကို ပုံဖော်ခြင်းကို ပြုလုပ်နိုင်ရန်နှင့်
ကောင်းစွာ နားလည်ရန် အသုံးပြုခြင်းဖြစ်သည်။ မိမိတို့ ဝက်ဘ်ဆိုက်ကို
လာရောက်ကြည့်ရှုသူများ၏ အကျိုးကျေးဇူးအတွက် ရိုးမဘဏ် ဝက်ဘ်ဆိုက်၏
စံချိန်စံညွှန်းကို ပိုမိုတိုးတက်လာစေရန် အသုံးပြုခြင်းဖြစ်သည်။
For more information, please click
here to download PDF file.