menu
အသေးစားနှင့် အလတ်စား လုပ်ငန်းများကို အထောက်အပံ့ ပေးမည့် ဒီဂျစ်တယ်ရင်းမြစ်

Easy SME သည် အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ လုပ်ငန်းလည်ပတ်မှုကို အလွယ်တကူ  စောင့်ကြည့်စီမံနိုင်မည့် cloud စနစ်ကို အခြေခံထားသော စီးပွားရေးစီမံခန့်ခွဲမှု ပလက်ဖောင်းတစ်ခုဖြစ်ပါသည်။ Easy SME သည် နေ့စဉ်အသုံးစရိတ်များစီမံခန့်ခွဲခြင်း၊ ရေရှည်လုပ်ငန်းများဆန်းစစ်လေ့လာခြင်းနှင့်  နေ့စဉ်လုပ်ငန်းလည်ပတ်မှုများကို စီမံခန့်ခွဲနိုင်ရန် ကူညီပေးသည့်အပြင် အနာဂတ်အတွက်လည်း အစီအစဉ်ဆွဲနိုင်မည်ဖြစ်ပါသည်။



စာရွက်စာတမ်းမလိုဘဲ မှတ်တမ်းများသိမ်းဆည်းနိုင်ခြင်း

နေ့စဉ်လုပ်ငန်းဆောင်တာများကို ရောင်းအား၊ အဝယ်မှတ်တမ်းနှင့် ရသုံးမှန်းခြေစာရင်း၊ အသုံးစရိတ်များ၊ စာရင်းစီမံခန့်ခွဲမှုများကို ဒီဂျစ်တယ်စနစ်ဖြင့် ဆောင်ရွက်နိုင်ပါမည်။ 


ချေးငွေများလျှောက်ထားခြင်း

လူကြီးမင်း၏ ဖုန်းမှတစ်ဆင့် ချေးငွေများကို လွယ်ကူမြန်ဆန်စွာလျှောက်ထားနိုင်ပါသည်။ 


ဖောက်သည်ဆက်ဆံရေး တိုးမြှင့်ခြင်း

Easy SME တွင် customer profile စနစ်ပါဝင်သည့်အတွက် လူကြီးမင်း၏ ဖောက်သည်များကို ပိုမိုနားလည်ပြီး ယင်းတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မည်ဖြစ်ပါသည်။ 


အနာဂတ်အတွက် အစီအစဉ်ဆွဲနိုင်ခြင်း

Easy SME တွင် ပါဝင်သည့် အချက်အလက်ခွဲခြမ်းစိတ်ဖြာသည့်စနစ်ဖြင့် သတင်းအချက်အလက်နှင့် ခေတ်ရေစီးကြောင်းကို ဆန်းစစ်ပြီး လူကြီးမင်း၏စီးပွားရေးလုပ်ငန်းကို အဆင့်မြှင့်တင်နိုင်ရန် ကူညီပေးနိုင်ပါသည်။