ပို့ကုန်ဝန်ဆောင်မှုများ
ရိုးမဘဏ်၏ အတွေ့အကြုံရင့် နိုင်ငံတကာကုန်သွယ်ရေးချေးငွေဝန်ဆောင်မှုအဖွဲ့မှ ချေးငွေထုတ်ပေးမှု၊ စာရွက်စာတမ်းဝန်ဆောင်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ အတိုင်ပင်ခံ ဝန်ဆောင်မှုများကို လူကြီးမင်း၏ နိုင်ငံတကာပို့ကုန် ကုန်သွယ်ရေးရည်မှန်းချက်များ ပြည့်မီစေရန် ပို့ကုန်လုပ်ငန်းစဉ် အဆင့်တိုင်းတွင် အကောင်းဆုံး ကူညီဆောင်ရွက် ပေးမည် ဖြစ်ပါသည်။
ဝန်ဆောင်မှုများ
- ပို့ကုန်ငွေလွှဲစာတမ်းဆိုင်ရာ အကြံပေးဝန်ဆောင်မှု
- ပို့ကုန်ငွေလွှဲစာတမ်း အတည်ပြုပေးခြင်း
- ပို့ကုန်ငွေလွှဲစာတမ်းအတွက် ညှိနှိုင်းဆောင်ရွက်ပေးခြင်း/ဈေးလျှော့ပေးခြင်း
- လွှဲပြောင်းနိုင်သည့် ပို့ကုန်ငွေလွှဲစာတမ်း ဝန်ဆောင်မှု
- ပို့ကုန် ကောက်ခံရေးစနစ်
- ထုတ်ပိုးမှုချေးငွေ – သင်္ဘောမတင်မီ ချေးငွေထုတ်ပေးခြင်း
- သင်္ဘောတင်အပြီး ချေးငွေထုတ်ပေးခြင်း