ရိုးမဘဏ်၏ 30.3.3 အထူးအစီအစဉ်
ကံထူးရှင်များကို မဲဖောက်ရွေးချယ်

News & Activities > သတင်းများ

ရိုးမဘဏ်၏ 30.3.3 အထူးအစီအစဉ်
ကံထူးရှင်များကို မဲဖောက်ရွေးချယ်

News & Activities > သတင်းများ

ရိုးမဘဏ်၏ 30.3.3 အထူးအစီအစဉ် ကံထူးရှင်များကို မဲဖောက်ရွေးချယ်

25 November 2023လှုပ်ရှားမှုများ

ကြယ်စင်မြို့တော်ရှိ City Loft တိုက်ခန်း ကံထူးရှင်များ၊ KIA Cerato ကားကံထူးရှင်များနှင့် ရွှေသုံးကျပ်သား ကံထူးရှင်များပေါင်း (၃၆) ဉီး ရှိ

ရန်ကုန်၊နိုဝင်ဘာလ၂၅ရက်။        ။ရိုးမဘဏ်၏ နှစ် (၃၀) ပြည့်အထိမ်းအမှတ် ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ရိုးမဘဏ် ဘဏ်ဝန်ဆောင်မှုရယူသူများအတွက် သက်ဆိုင်ရာ အကောင့်အမျိုးအစားအလိုက် အတိုးနှုန်းများ ရရှိသည့်အပြင် အထူးဆုကြီးများ မဲဖောက်ပေးသည့် 30.3.3 အထူးအစီအစဉ်မှ ကံထူးရှင် (၃၆) ဦးကို နိုဝင်ဘာလ ၂၅ ရက်နေ့၊ Junction City တွင် ပွင့်လင်းမြင်သာစွာ  ရွေးချယ်ခဲ့သည်။

30.3.3 အစီအစဉ်သည် ၂၀၂၃ ခုနှစ် မေလ ၁ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အထိ (၆) လ တိုင်တိုင်ပြုလုပ်ခဲ့သော အစီအစဉ်ဖြစ်သည်။ ရိုးမဘဏ်စာရင်းအပ်ငွေများဖြစ်သော  Flexi Savings Account ၊ Flexi Call Account နှင့် Flexi Everyday Account  များတွင် အနည်းဆုံး (၃) လဆက်တိုက်  သတ်မှတ်ထားသော ပမာဏထက်မနည်း အပ်နှံထားသော စုငွေအပ်နှံသူများ အကျုံးဝင်သည်။ Flexi Everyday Account တွင် အနည်းဆုံး (၃) သိန်းကျပ်၊ Flexi Savings Account တွင် အနည်းဆုံး ငွေကျပ် သိန်း (၃၀)၊ Flexi Call Account တွင် အနည်းဆုံး ငွေကျပ် သိန်း (၃၀) မှစ၍ အပ်နှံနိုင်ပြီး ရက် (၉၀) အနည်းဆုံးထားရှိရုံနှင့် လစဉ်အတိုးနှုန်းများကို ခံစားနိုင်မည်သာမက အနာဂတ်အတွက် ခိုင်မာပြီး အကျိုးရှိစေမည့် ဆုကြီးများကိုပါ ခံစားနိုင်စေရန် ရည်ရွယ်ပါသည်။

“ကျွန်တော်တို့ ရိုးမဘဏ်အနေနဲ့ နှစ် (၃၀) ခရီးတစ်လျှောက် ယုံကြည်ပေးခဲ့တဲ့သုံးစွဲသူများကို ကျေးဇူးတုန့်ပြန်တဲ့ အနေနဲ့ ငွေလည်းစုရင်း အနာဂတ်ခိုင်မာမှုရှိတဲ့ ပိုင်ဆိုင်မှုတွေ ကံထူးနိုင်မယ့်အခွင့်အရေးကို ဒီအစီအစဉ်လေးကနေ ယူဆောင်လာတာဖြစ်ပါတယ်။ ရေရှည်အတွက် အကျိူးရှိတဲ့ပိုင်ဆိုင်မှုများ ကံထူးသွားခဲ့တဲ့ ကံထူးရှင်တွေ အတွက်လည်း အထူးပဲဝမ်းမြောက်သလို ရှေ့လျှောက်လည်း ရိုးမဘဏ်အနေနဲ့ အားလုံးအတွက် အကျိုးရှိစေမယ့် ဝန်ဆောင်မှုတွေ၊ အစီအစဉ်တွေကို ယူဆောင်ပေးရင်း  Customer များအားလုံးနဲ့အတူ အေးအတူပူအမျှ တည်ရှိသွားမည်လို့ ကတိပြုပါတယ်” ဟု ရိုးမဘဏ်၏ Deposits and Lending Products ၏ Executive Manager ဖြစ်သူ ဦးစောရန်နောင် မှ ပြောကြားခဲ့သည်။

30.3.3 အစီအစဉ်တွင်ပါဝင်သူများအနက်မှ ဆန်ခါတင် အယောက် (၃၆၀) ဉီးကို နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ရိုးမဘဏ်၏ Facebook စာမျက်နှာတွင် တိုက်ရိုက်ထုတ်လွှင့်ပြသကာ ရွေးချယ်ခဲ့သည်။ ထိုဆန်ခါတင် (၃၆၀) အနက်မှ ကံထူးရှင် စုစုပေါင်း (၃၆) ဉီးကို နိုဝင်ဘာလ ၂၅ ရက်နေ့၊ Junction City တွင်   နောက်ဆုံးအဆင့်ရွေးချယ်ခဲ့ပြီး Flexi Savings Account ကံထူးရှင် (၃) ဉီးအတွက် CITY LOFT တိုက်ခန်း၊ Flexi Call Account ကံထူးရှင် (၃၀) ဉီးအတွက် ရွှေ (၃) ကျပ်သား နှင့် Flexi Everyday Account ကံထူးရှင် (၃) ဉီးအတွက် KIA Cerato ကားသစ်တို့ကို မြန်မာနိုင်ငံအနှံ့အပြားရှိ ရိုးမဘဏ် သုံးစွဲသူ ကံထူးရှင်များက ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိခဲ့သည်။

ထို့အပြင် အစီအစဉ်တစ်လျောက်လုံးတွင် ပွင့်လင်းမြင်သာမျှတမှုရှိစေရန်အတွက် မဲလက်မှတ် (ticket) စနစ်ကို ကျင့်သုံးထားသည်။ အကျုံးဝင်သူများသည် ၎င်းတို့၏ စုငွေပမာဏအပေါ်မူတည်၍ မဲလက်မှတ်အရေအတွက်များ ရရှိနိုင်သည့် အခွင့်အရေးရှိပြီး ရိုးမဘဏ်၏ Official Website တွင် ကိုယ်တိုင်ကိုယ်ကျ မဲလက်မှတ်များကို စစ်ဆေးနိုင်ရန် စီစဉ်ပေးခဲ့သည်။

ရိုးမဘဏ်အကြောင်း

ရိုးမဘဏ်သည် နှစ်ပေါင်း (၃၀) ကြာ ကျင့်ဝတ်မှန်ကန်သော ဘဏ်တစ်ခုအဖြစ် ရပ်တည်နေပြီး မြန်မာနိုင်ငံရှိ အတိုးတက်ဆုံး ပြည်တွင်း ပုဂ္ဂလိကဘဏ်များထဲမှ ဘဏ်တစ်ခုဖြစ်သည်။ ရိုးမဘဏ်၏ ဝန်ထမ်း၊ နည်းပညာနှင့် အုပ်ချုပ်မှုပုံစံများတွင် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုများကြောင့် ရိုးမဘဏ်သည် ပြည်သူများအကြား ယုံကြည်စိတ်ချရသော နာမည်ဂုဏ်သတင်းကောင်း ရရှိလာပြီး ယင်းသည် လာမည့်အနာဂတ်တွင် ပြည်တွင်းပြည်ပ မိတ်ဖက်ပူးပေါင်းမှုများ လုပ်ဆောင်ရာတွင် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ရပ်လည်းဖြစ်သည်။ ရိုးမဘဏ်သည် ပြည်တွင်းဘဏ်များထဲတွင်  နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ မှုများဖြင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသော ပထမဦးဆုံး ပြည်တွင်းဘဏ် တစ်ခုဖြစ်သည်။ Greenwood Capital Private Limited, GIC  မိတ်ဖက်လုပ်ငန်းစုနှင့် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများအတွက် နော်ဝေနိုင်ငံ ရင်းနှီးမြုပ်နှံမှုရန်ပုံငွေအဖွဲ့အစည်း ဖြစ်သည့် Norfund တို့သည် ရိုးမဘဏ်၏ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု အဖွဲ့အစည်းများအဖြစ် ပါဝင်ထားသည်။ အဆိုပါ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများသည် မြန်မာ့ဘဏ္ဍာရေးကဏ္ဍတွင် ရိုးမဘဏ်၏ ရပ်တည်ချက်ခိုင်မာမှုနှင့် ရေရှည်တည်တံ့သော အရင်းအနှီးများ တိုးပွားလာစေရန် ကတိကဝတ်များကို သက်သေပြခဲ့သည်။

Share this news on

Other Related News

𝐆𝐫𝐨𝐰 𝐒𝐮𝐬𝐭𝐚𝐢𝐧𝐚𝐛𝐥𝐲. 𝐏𝐫𝐨𝐭𝐞𝐜𝐭 𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐭𝐥𝐲.

𝐆𝐫𝐨𝐰 𝐒𝐮𝐬𝐭𝐚𝐢𝐧𝐚𝐛𝐥𝐲. 𝐏𝐫𝐨𝐭𝐞𝐜𝐭 𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐭𝐥𝐲.

စိတ်ချယုံကြည်ရတဲ့ ကာကွယ်မှုနဲ့အတူ ရေရှည်တိုးတက်အောင်မြင်မဲ့ အနာဂတ်ကို အတူတည်ဆောက်လိုက်ကြရအောင်ပါ။
စိတ်ကူးထဲက ကားလည်းရ၊ ချေးငွေအတွက်လည်း စိတ်အေးရ” အစီအစဉ်ကို မန္တလေးမြို့တွင် ကျင်းပပြုလုပ်

စိတ်ကူးထဲက ကားလည်းရ၊ ချေးငွေအတွက်လည်း စိတ်အေးရ” အစီအစဉ်ကို မန္တလေးမြို့တွင် ကျင်းပပြုလုပ်

ရိုးမဘဏ်နှင့် ပရူဒန်ရှယ်အာမခံတို့ ပူးပေါင်း၍ “စိတ်ကူးထဲက ကားလည်းရ၊ ချေးငွေအတွက်လည်း စိတ်အေးရ” အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့တွင် မန္တလေးမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။