ရိုးမဘဏ်မှ COVID-19 ကာလအတွင်း ၀န်ထမ်းများ သက်သာချောင်ချိရေးအတွက် ကျပ်သန်း ၇၅၀ အား ရင်းနှီးမြှုပ်နှံ ပံ့ပိုးကူညီပေးလျက်ရှိ
1 Min Read
- ရိုးမဘဏ်သည် Prudential Myanmar (ပရူဒန်ရှယ် အာမခံ) ၏ PRUGroup Life စုပေါင်းအသက် အာမခံဖြင့် ၀န်ထမ်းများအား ကာကွယ်ရန် ကျပ်သန်း ၁၅၀ သုံးစွဲခဲ့သည်။
- ရိုးမဘဏ်သည် COVID-19 နှင့်သက်ဆိုင်သည့် ဆေးဘက်ဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ဆွေးနွေးတိုင်ပင်မှု များအတွက် စုစုပေါင်းကျပ်သန်း ၆၀၀ သုံးစွဲရန် ဘတ်ဂျက်လျာထားခဲ့သည်။
မြန်မာ၊ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ (၁၅) ရက်နေ့။ ။ လက်ရှိ COVID-19 အခြေအနေတွင် ရိုးမဘဏ်သည် ၀န်ထမ်းများ လုံခြုံမှုနှင့်သာယာဝပြောမှုတို့ကိုသေချာစေရန် ကျပ် ၇၅၀ သန်းခန့် ရင်းနှီးမြှုပ်နှံခဲ့သည်။ ၎င်းတွင် ဝန်ထမ်းများအတွက် စုပေါင်းအသက်အာမခံ ထားရှိပေးခြင်းနှင့် ကျန်းမာရေးထောက်ပံ့မှုဖြစ်သည့် ကျန်းမာရေး အသုံးစရိတ်များ၊ Telemedicine နှင့် စိတ်ကျန်းမာရေးအတိုင်ပင်ခံဝန်ဆောင်မှုများ ပါဝင်သည်။ ထို့ပြင် ရိုးမ ဘဏ်သည် ယခုကဲ့သို့ အချိန်တွင် ၀န်ထမ်းများနှင့် ၎င်းမိသားစုများ ငွေကြေးအခက်အခဲ လျော့ပါးသက်သာစေရန် အရေးပေါ်ချေးငွေများကို လစာ သုံးလစာအထိ ငွေချေး ထောက်ပံ့ပေးမည်ဖြစ်သည်။
၂၀၂၀၊ သြဂုတ်လတွင် ရိုးမဘဏ်ရှိ စစ်တွေဘဏ်ခွဲမှ ၀န်ထမ်းအချို့သည် ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ ရှိခဲ့ပြီး နောက် ထို၀န်ထမ်းများသည် မြန်ဆန်စွာပြန်လည်နာလန်ထူလာကြပြီး အများစုမှာ ဆေးရုံဆင်းခဲ့ပြီး ဖြစ်သည်။ ၎င်း၀န်ထမ်းများအား Covid-19 အာမခံအကျိုးခံစားခွင့်အနေဖြင့် ဝန်ထမ်းတစ်ဦးလျှင် ငွေကျပ် ၅၀၀,၀၀၀ ရရှိ စေရန် ရိုးမဘဏ်က ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်သည်။ ဤသို့ကာကွယ်ပေးနိုင်ခြင်းသည် ရိုးမဘဏ်မှ တစ်နိုင်ငံ လုံးရှိ ၀န်ထမ်းများအတွက် ကျပ်သန်း ၁၅၀ ကျော်ရင်းနှီးမြှုပ်နှံ၍ Prudential Myanmar (ပရူဒန်ရှယ် အာမခံ) ၏ PRUGroup Life စုပေါင်းအသက်အာမခံ ထားရှိပေးခြင်းကြောင့် ဖြစ်သည်။
ရိုးမဘဏ်၏ Chief People Officer ဖြစ်သူ ဒေါ်နန်းခင်ခင်ကြီး က ” ရိုးမဘဏ်ဝန်ထမ်းတွေဟာ ကျွန်မတို့ရဲ့ အကြီးမားဆုံးခွန်အားတွေဖြစ်တယ်လို့ အခိုင်အမာယုံကြည်ထားပါတယ်။ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံမှု သည် ကျွန်မတို့အတွက် အဓိက ဦးစားပေးဖြစ်ပါတယ်။ COVID-19 ဟာ သူတို့၏ ဘဝကို များစွာသော အကျိုး သက်ရောက်ခဲ့ပေမယ့် ကျွန်မတို့ရဲ့ ကြံ့ကြံ့ခံနိုင်မှုနှင့် တစ်ဦးအပေါ်တစ်ဦး ဂရုစိုက်ခြင်းဖြင့် ဒီအကျပ်အတည်းကို ကျော်လွှားနိုင်ပါလိမ့်မယ်။ ဒီရောဂါဟာ တစ်နိုင်ငံလုံးပျံ့နှံ့လာတာနဲ့အမျှ ရိုးမဘဏ်အနေနဲ့ ၀န်ထမ်းတွေကို ဆက်လက် ဆက်သွယ်ပြီး သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေ အမြဲ နားထောင်ပေးနေသလို လိုအပ်တာတွေကို ဖြည့်ဆည်း ပေးလျက်ရှိပါတယ်။ ၀န်ထမ်းတွေ ငွေကြေးဆိုင်ရာ၊ ကျန်းမာရေးနှင့် ဘေးကင်းရေးအတွက် စိုးရိမ်မှုမရှိစေဖို့ စုပေါင်းအသက်အာမခံနှင့် ကျန်းမာရေးထောက်ပံ့မှုတွေ ရင်းနှီးမြှုပ်နှံထားပါတယ်။ ဒီလိုအချိန်မှာ လိုအပ်သမျှ ပံ့ပိုးမှုတွေလည်း ဆက်လက်ပေးသွားမှာပါ” ဟု ပြောသည်။
Prudential Myanmar ၏ CEO ဖြစ်သူ Mr. Asit Rath က “ကျွန်တော်တို့ Prudential Myanmar အနေနဲ့ မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ ရိုးမဘဏ် ဝန်ထမ်းတွေအတွက် ပိုပြီး ပြည့်စုံကောင်းမွန်တဲ့ အသက်အာမခံ အကာအကွယ်တွေ ပေးအပ်ပြီး ကျွန်တော်တို့နဲ့ ရိုးမဘဏ်ရဲ့ မိတ်ဖက်ပေါင်းစည်းမှုကို ပိုမို ခိုင်မာအောင် ဆောင်ရွက်ပေးနိုင်ခဲ့တဲ့အတွက် ကျေနပ်ဝမ်းသာမိပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း မြန်မာနိုင်ငံက လုပ်ငန်းရှင်နဲ့ ဝန်ထမ်း၊ နှစ်ဖက်လုံးဆီက မှတ်ချက်တွေကို အမြဲ နားစွင့်နေခဲ့တာပါ။ ဒီမှတ်ချက်တွေအရ ဝန်ထမ်း သက်သာချောင်ချိရေး အစီအစဉ်တွေမှာ ပိုပြီး လုံခြုံစိတ်ချရတဲ့ ကာကွယ်မှုတစ်ခု ပေးနိုင်ဖို့ တစ်ကယ့်ကို အရေးကြီးတဲ့အချိန် ရောက်လာပြီလို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ရဲ့ အသက်အာမခံ အကာအကွယ်က ရိုးမဘဏ်ရဲ့ ဝန်ထမ်းတွေကို ပိုပြီး စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်နိုင်အောင် ဆောင်ရွက်ပေးမှာ ဖြစ်တဲ့အတွက် ဝန်ထမ်းတွေအနေနဲ့ မြန်မာနိုင်ငံက လူမှုအသိုင်းအဝိုင်းနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ငွေရေး ကြေးရေး ဝန်ဆောင်မှုတွေ အဆင်ပြေချောမွေ့စွာ ပေးအပ်နိုင်ဖို့ကိုပဲ အာရုံစိုက် လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
မကြာသေးမီက Covid-19 ရောဂါပိုးကူးစက်ခံခဲ့ရသော်လည်း ရောဂါပျောက်ကင်းပြီး ဆေးရုံမှ ဆင်းခဲ့သော ရိုးမဘဏ်မှ ဝန်ထမ်းတစ်ဦး* က ဘဏ်၏ ပံ့ပိုးမှုများအပေါ် ယခုကဲ့သို့ ပြောကြားခဲ့သည်။ “ COVID-19 ရှိမှန်း သိခဲ့တုန်းက ကိုယ့်ကျန်းမာရေးနဲ့ ပတ်သက်ပြီးရော မိသားစုရဲ့ လုံခြုံမှု နှင့် ငွေကြေးအဆင်ပြေမှုရော အတွက် ပူပန်ပြီး စိတ်ဖိစီးမှု များခဲ့ရပါတယ်။ အခုလို အခက်အခဲကာလမှာ ရိုးမဘဏ်က ထောက်ပံ့မှု အမျိုးမျိုးပေးတဲ့အတွက် အထူး ကျေးဇူးတင်ပါတယ်။ Quarantine ဝင်ရတဲ့အချိန်မှာလည်း ဟိုတယ် Quarantine အပြင် အားဖြစ်စေမယ့် အာဟာရ အစားအသောက်တွေလည်း ဘဏ်က ပို့ပေးပါတယ်။ ကိုဗစ် ရောဂါပိုးစစ်ဆေးတွေ့ရှိတဲ့ ၀န်ထမ်းအားလုံး က အာမခံအကျိုးခံစားခွင့်အနေနဲ့ ကျပ် ၅၀၀,၀၀၀ ကိုလည်း Prudential Myanmar (ပရူဒန်ရှယ် အာမခံ) မှ ရရှိခဲ့ပါတယ်။ ဒီငွေကြေး အကူအညီကြောင့် ကျွန်တော့်မိသားစုကို ထောက်ပံ့ဖို့နဲ့ အရေးပေါ်ငွေအဖြစ် ဖယ်ထား နိုင်ခဲ့ပါတယ်။ အခက်အခဲတွေ ပေါ်ပေါက်လာတဲ့အခါမှာ ကိုယ့်အလုပ်ရှင်/ဘဏ် က ကိုယ့်အတွက် ရှိနေပေးတော့ ၀မ်းသာမိပါတယ်။ ရိုးမဘဏ်မှာ အလုပ်လုပ်ရတာကိုလည်း အရမ်းဂုဏ်ယူမိပါတယ် ” ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် COVID-19 ရောဂါစတင်သက်ရောက်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လကတည်းကပင် ရိုးမ ဘဏ်သည် COVID-19 ရောဂါ သက်ရောက်မှု လျော့ပါးစေရန်နှင့် ဘဏ် Customer များ၊ ၀န်ထမ်းများနှင့် လူထုအားလုံး၏ လုံခြုံမှုနှင့် သာယာဝပြောရေးကို သေချာစေရန် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများအား စတင်ခဲ့သည်။
* ရိုးမဘဏ် ၀န်ထမ်း၏ အမည်ကို ၀န်ထမ်း၏ ကိုယ်ရေးကိုယ်တာအပေါ် လေးစားမှုကြောင့် ထုတ်ဖော်ခြင်း မရှိပါ။
BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal

