Covid-19 ကာလအတွင်း ဘဏ်ခွဲများတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်းကိုလျှော့ချရန် ဘဏ်၀န်ဆောင်မှု တိုကင်ကို အွန်လိုင်းမှ ကြိုတင် Booking ယူနိုင်သည့်စနစ် ရိုးမဘဏ်မှ စတင်မိတ်ဆက်
1 Min Read
ရန်ကုန်၊ မြန်မာ − စက်တင်ဘာ ၂၈ ရက် ၂၀၂၀ – လက်ရှိဖြစ်ပေါ်နေသော Covid-19 အခြေအနေများကြောင့် နေအိမ်တွင်သာ နေထိုင်ရန် အကြံပေးချက်များနှင့်အတူ မဖြစ်မနေ ဘဏ်သို့လာရောက်ပြီး ဘဏ်၀န်ဆောင်မှုများ ရယူရမည့် customer များအတွက် ဘဏ်တွင် ကြာမြင့်စွာ စောင့်ဆိုင်းရမှုကို လျှော့ချနိုင်ရန် ဘဏ်ဝန်ဆောင်မှု တိုကင်အား အွန်လိုင်းမှ ကြိုတင် Booking ယူနိုင်သည့်စနစ်ကို ရိုးမဘဏ်က မိတ်ဆက်ပေးလိုက်ပါသည်။ ယခု၀န်ဆောင်မှုသည် ဘဏ်ခွဲတွင် လူမှုအကွာအဝေး ရှိစေခြင်း၊ Customers များ တစ်ချိန်တည်းတွင် အများအပြားရှိမနေရန် ရည်ရွယ်ခြင်း ဖြစ်သည့်အပြင် ဘဏ်ခွဲများတွင် စောင့်ဆိုင်းသင့်သည့်အချိန်ထက်ပိုမိုစောင့်ဆိုင်းနေရခြင်းများကို ကြိုတင်ကာကွယ် ပေးနိုင်မည်ဖြစ်ပါသည်။
ယခုကဲ့သို့ အခြေအနေတွင် ရိုးမဘဏ်၏ Customer များ ဘေးကင်းလုံခြုံမှုရှိစေရေးနှင့် အဆင်ပြေလွယ်ကူစွာ ဘဏ်ဝန်ဆောင်မှုများ ရရှိရေးသည် အရေးကြီးသည်နှင့်အညီ ကျွန်ုပ်တို့ Customer များအား Yoma Bank Mobile banking application အသုံးပြု၍ ဘဏ်လုပ်ငန်းများကို လုပ်ဆောင်ကြရန်လည်း အစဥ်တစိုက် ပြောကြားလျက်ရှိပါသည်။ ယခုအချိန်သည် လူချင်းထိတွေ့မှု၊ အပြင်သွားလာမှုများကို လျှော့ချနေရမည်ဖြစ်ပြီး မဖြစ်မနေ ဘဏ်၀န်ဆောင်မှု ရယူရမည်ဆိုပါကလည်း ယခုမိတ်ဆက်ပေးသည့် အွန်လိုင်း ကြိုတင် Booking ရယူနိုင်သည့်စနစ်ကို booking.yomabank.com မှတစ်ဆင့် အသုံးပြုပြီး ဘဏ်ခွဲကို လာရောက်ကြရန် အကြံပြုလိုပါသည်။ သို့မှသာ ဘဏ်ခွဲတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်းကို ရှောင်ရှားနိုင်မည်ဖြစ်သည်။
ရိုးမဘဏ်၏ Chief Customer Officer ဖြစ်သူ ဦးနိုင်အေးလင်းက “ရိုးမဘဏ်ရဲ့ “သင့်စိတ်ကူးများရှင်သန်စေရန် ရိုးမဘဏ်” ဆိုသည့်ရည်ရွယ်ချက်အတိုင်း ကျွန်တော်တို့အနေနဲ့ အခုလို တိုကင်ကို အွန်လိုင်းကနေ ကြိုတင် Booking လုပ်နိုင်တဲ့ ၀န်ဆောင်မှုကို နိုင်ငံတွင်း ပထမဦးဆုံး မိတ်ဆက်ပေးနိုင်တဲ့ ဘဏ်ဖြစ်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ အခုလိုအချိန်မှာ ဒီလို Customer တွေအတွက် ပိုမိုလုံခြုံ အဆင်ပြေစေမယ့် နည်းလမ်းတွေကို ရှာဖွေနေတာဖြစ်ပြီး အခုလို ဘဏ်၀န်ဆောင်မှုအားလုံးကို အွန်လိုင်းကနေ ကြိုပြီး ဘွတ်ကင်တင်လို့ရတဲ့ ၀န်ဆောင်မှုကတော့ ဂုဏ်ယူရမယ့်ခြေလှမ်းတစ်ခုပါ။ ဒီတီထွင်ကြံဆမှုအသေးလေးတစ်ခုကအစ နောက်ပိုင်းဆို Customer တွေရဲ့ ဘဏ်၀န်ဆောင်မှု ရယူပုံအပေါ် ကောင်းမွန်တဲ့ သက်ရောက်မှုရှိမယ်လို့ ယုံကြည်မိပါတယ်” ဟု ပြောကြားသည်။
အွန်လိုင်း Booking ပြုလုပ်ပုံအဆင့်ဆင့်အား ကြည့်ရှုရန် www.yomabank.com/how-to-online-booking မှတစ်ဆင့် သွားရောက်ကြည့်ရှုနိုင်ပါသည်။
ရိုးမဘဏ်သည် Customer များ၊ ၀န်ထမ်းများနှင့် လူအများစု၏ လုံခြုံရေး၊ ကျန်းမာရေးအတွက် ၂၀၂၀ ခုနှစ် မတ်လမှ စတင်ကာ Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကာကွယ်ခြင်းအတွက် လိုအပ်သည့် လုပ်ငန်းများဖြစ်သည့် ဘဏ်ခွဲသို့ လာရောက်သော Customer များကို ကိုယ်အပူချိန်တိုင်းတာခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ပေးအပ်ခြင်း၊ လက်သန့်စင်ဆေးရည်များကို ထားရှိပေးခြင်း စသည်တို့ကို စဥ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိပါသည်။ Customer များအနေဖြင့်လည်း ဘဏ်ခွဲသို့မဖြစ်မနေ လာရောက်သည့်အခါတွင်လည်း အခြားသူများနှင့် ခပ်ခွာခွာနေခြင်း၊ Mask တပ်ဆင်ထားခြင်း၊ လက်ကိုစနစ်တကျဆေးကြောခြင်းတို့ကို လိုက်နာပြုလုပ်ပေးကြရန် အကြံပြုအပ်ပါသည်။
BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal

