menu
ဝယ်သူနှင့် ရောင်းသူနှစ်ဦးလုံးအား အကာအကွယ်ပေးမည့် ကာလတို အဝယ်ချေးငွေ

အငှားဝယ်ယူစနစ်

ရိုးမဘဏ်၏ အငှားဝယ်ယူစနစ်ဖြင့် ကား၊ မော်တော်ဆိုင်ကယ် နှင့် အငှားယာဉ်များ အသစ်ဝယ်ယူရာတွင်  ငွေကြေးအထောက်အပံ့ရယူနိုင်ပါပြီ။ အဆင်ပြေသော ချေးငွေကာလပါရှိသည့် ရိုးမဘဏ်၏  အငှားဝယ်ယူစနစ် ဖြင့်  ဝယ်သူနှင့်ရောင်းသူ နှစ်ဦးလုံးအတွက် လွယ်ကူလုံခြုံသော ဝယ်ယူမှုများကို  ဆောင်ရွက်နိုင်မှာဖြစ်သည်။


အငှားဝယ်ယူစနစ်သည် *

  • မော်တော်ကား၊ မော်တော်ဆိုင်ကယ် နှင့် လုပ်ငန်းသုံးစက်တပ်ယာဉ်များ
  • စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးသုံးစက်ယန္တရားများ
  • ဆေးဝါးနှင့် ဆေးရုံသုံးကိရိယာများ
  • စက်ရုံစက်ယန္တရားများ အတွက် သင့်လျော်ပါသည်။

*ရိုးမဘဏ်နှင့် ချိတ်ဆက်ထားသော တရားဝင် ရောင်းဝယ်ဖောက်ကားသူထံမှသာ ပစ္စည်းများ ဝယ်ယူရမည်။


အွန်လိုင်းမှတစ်ဆင့် လွယ်လွယ်ကူကူဆောင်ရွက်နိုင်ခြင်း

အငှားဝယ်ယူစနစ်ချေးငွေကို ရိုးမဘဏ် ဘဏ်ခွဲများသို့ သွားရောက်ရန်မလိုဘဲ ရိုးမဘဏ်နှင့် ချိတ်ဆက်ထားသော တရားဝင်ကိုယ်စားလှယ်များထံတွင် လွယ်ကူအဆင်ပြေသည့် အွန်လိုင်းလျှောက်ထားမှုပုံစံဖြင့် လျင်လျင်မြန်မြန်  လျှောက်ထားနိုင်ပါပြီ။


ဝန်ဆောင်ခ
ကနဦးပေးသွင်းငွေ
ဝယ်ယူသည့်ပစ္စည်းအပေါ်မူတည်ပြီး အနည်းဆုံး ၁၀%
ဘဏ်ဝန်ဆောင်ခ
ချေးငွေပမာဏ၏ ၁ % မှ ၃% ထိ *

* အနည်းဆုံး ကနဦးပေးသွင်းငွေ နှင့် ဘဏ်ဝန်ဆောင်ခများမှာ ရောင်းဝယ်ဖောက်ကားသူနှင့် ကုန်ပစ္စည်းအမျိုးအစားပေါ်တွင် မူတည်ပြောင်းလဲနိုင်ပါသည်။



အတိုးနှုန်းနှင့် ဝန်ဆောင်ခ


(က) ကြိုတင်အတိုးကို အငှားဝယ်ယူချေးငွေပမာဏအပေါ်တွင် ကောက်ခံသွားမည်ဖြစ်သည်။

ကာလ
လစဉ်ပြန်လည်ပေးဆပ်ရမည့် ပုံစံအတွက် အတိုးနှုန် သုံးလ တစ်ကြိမ် (သို့) ခြောက်လတစ်ကြိမ် ပြန်လည်ပေးဆပ်ရမည့်ပုံစံအတွက် အတိုးနှုန်း
၁ နှစ်
၇%
 ၈%
၂ နှစ်
 ၁၃% ၁၄%
၃ နှစ်
 ၁၉% ၁၉%


(ခ) တူညီသော လစဉ်ပေးသွင်းငွေ၊ တူညီသော သုံးလပတ်ပေးသွင်းငွေ၊ တူညီသော နှစ်ဝက်ပေးသွင်းငွေ : အငှားဝယ်ယူစနစ် ချေးငွေပမာဏအပေါ်မူတည်ပြီး အတိုးနှုန်းကို တစ်နှစ်လျှင် ၁၃ % ကောက်ခံသွားပါမည်။

ဝယ်ယူသည့်ပစ္စည်း
အများဆုံးချေးငွေသက်တမ်း
ကားအသစ်
၅ နှစ်
 ကားအဟောင်း၃ နှစ်
လေးလံသည့် စက်ယန္တရားကြီးများနှင့် ကိရိယာအသစ်များ သို့မဟုတ် စိုက်ပျိုးရေးသုံးစက်နှင့် ကိရိယာ အသစ်များ၃ နှစ် မှ ၅ နှစ်
လေးလံသည့် စက်ယန္တရားကြီးများနှင့် ကိရိယာအဟောင်းများ သို့မဟုတ် စိုက်ပျိုးရေးသုံးစက်နှင့် ကိရိယာ အဟောင်းများ၂ နှစ်


ချေးငွေပြန်လည်ပေးဆပ်ရမည့်ပုံစံ

  • စိုက်ပျိုးရေးလုပ်ငန်းသုံးမဟုတ်သော စက်တပ်ယာဉ်များ၊ စက်ယန္တရားများနှင့် ကိရိယာများအတွက် လစဉ်အရစ်ကျပေးသွင်းရမည်။
  • စိုက်ပျိုးရေးလုပ်ငန်းသုံး စက်တပ်ယာဉ်များ၊ စက်ယန္တရားများနှင့် ကိရိယာများအတွက် လစဉ် ၊ သုံးလပတ် သို့မဟုတ် နှစ်ဝက်အလိုက် အရစ်ကျပေးသွင်းရမည်။



အာမခံ

စက်တပ်ယာဉ် သို့မဟုတ် တန်ဖိုး မြန်မာကျပ် သိန်း တစ်ရာအထက်ရှိသော ချေးငွေရယူထားသည့်  ပိုင်ဆိုင်မှုတိုင်းအတွက် အငှားဝယ်ယူစနစ်ချေးငွေ  ကာလတစ်လျှောက် အာမခံထားရှိရမည်ဖြစ်ပါသည်။


လျှောက်ထားရန် လိုအပ်ချက်များ

  • မှတ်ပုံတင်မိတ္တူနှင့် မူရင်းကိုပါပူးတွဲတင်ပြရမည်။
  • အိမ်ထောင်စုစာရင်းမိတ္တူနှင့် မူရင်းကိုပါ စစ်ဆေးရန်တင်ပြရမည်။
  • နေထိုင်ကြောင်းရပ်ကွက်ထောက်ခံစာမူရင်း
  • ရဲစခန်းထောက်ခံစာမူရင်း
  • လျှောက်ထားသူသည် ဝန်ထမ်းဖြစ်ပါက ကုမ္ပဏီ ထောက်ခံစာနှင့် ပြီးခဲ့သည့် ၃ လအတွင်းရှိ လစာပြေစာများ
  • အာမခံပေးမည့်သူတစ်ဦးနှင့် အဆိုပါပုဂ္ဂိုလ်၏ အလားတူအထောက်အထားများ


ပိုမိုသိရှိရန် ရိုးမဘဏ် အငှားဝယ်ယူစနစ်အဖွဲ့အား +၉၅ ၁ ၉၃၄၅ ၉၅၅ သို့မဟုတ် +၉၅ ၁၉၃၄၅ ၉၆၆ သို့ခေါ်ဆိုမေးမြန်းနိုင်သလို [email protected] သို့ အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။



စည်းမျဉ်းစည်းကမ်းအပြည့်အစုံကိုသိရှိရန် ဤနေရာတွင် နှိပ်ပါ။