menu
စိတ်ကူးထဲက အိမ်လေးကို ကိုယ်တိုင် တည်ဆောက်လိုက်ပါ
စိတ်ကူးထဲက အိမ်လေးကို ကိုယ်တိုင် တည်ဆောက်လိုက်ပါ
စိတ်ကူးထဲက အိမ်လေးကို ကိုယ်တိုင် တည်ဆောက်လိုက်ပါ
စိတ်ကူးထဲက အိမ်လေးကို ကိုယ်တိုင် တည်ဆောက်လိုက်ပါ

Home Construction Loan

ရိုးမဘဏ်၏ Customer များ အတွက် မိမိပိုင်ဆိုင်ထားပြီးသော မြေပေါ်တွင် နေထိုင်ရန် ရည်ရွယ်၍ သော်လည်းကောင်း၊ မြေသီးသန့် ဝယ်ယူပြီး ကိုယ်ပိုင်နေထိုင်ရန် စိတ်ကြိုက်ဒီဇိုင်းဆွဲ ဆောက်လုပ်လိုသော ရည်ရွယ်ချက်ဖြင့် သော်လည်းကောင်း လျှောက်ထားနိုင်သော အိမ်ရာချေးငွေအမျိုးအစား ဖြစ်ပါသည်။


အကျိုးခံစားခွင့်များ

  • မြေ နှင့်အတူ အဆောက်အဉီ အတွက်ပါ ထပ်ဆင့် ချေးငွေရယူနိုင်ခြင်း
  • အများဆုံးချေးငွေသက်တမ်း (၂၅) နှစ်အထိ ရယူနိုင်ခြင်း
  • ဝယ်ယူလိုသည့်မြေတန်ဖိုး၏ ၅၀ % အထိ နှင့် ဆောက်လုပ်မည့်အဆောက်အဉီ ကုန်ကျစရိတ်၏ ၇၀% အထိ ချေးငွေရယူနိုင်ခြင်း
  • ဝယ်ယူမည့် မြေ၏ စာရွက်စာတမ်း ခိုင်မာမှုကို ကျွမ်းကျင်ဥပဒေပညာရှင်များဖြင့် စစ်ဆေးပေးခြင်း


အတိုးနှုန်း၊ ဝန်ဆောင်ခ နှင့် ချေးငွေသတ်မှတ်ချက်

အတိုးနှုန်း
၁၀% p.a.*
ချေးငွေပမာဏ
အနည်းဆုံး -  ကျပ်သိန်း (၃၅၀)
အများဆုံး - ကျပ်သိန်း (၁၀,၀၀၀)
ချေးငွေသက်တမ်း   
အများဆုံး - (၂၅) နှစ် အထိ
ကနဉီး ဝန်ဆောင်ခ
ခွင့်ပြုချေးငွေပမာဏ၏ ၁.၅%
ချေးငွေကာလ သုံးနှစ်အတွင်း အစောပိုင်း ပြန်လည်ပေးဆပ်မှု ဝန်ဆောင်ခ   
ကျန်ရှိနေသော ချေးငွေ လက်ကျန် ပမာဏ၏ ၃%
မြေဝယ်ယူရန် ကနဉီးပေးသွင်းငွေ
 မြေတန်ဖိုး၏ ၅၀%
အဆောက်အဉီဆောက်ရန် ကနဉီးပေးသွင်းငွေ
ဆောက်လုပ်ရေး ကုန်ကျစရိတ်၏ ၃၀%
ဝယ်ယူနိုင်သောအများဆုံးမြေအကျယ်အဝန်း
 ၄,၈၀၀ စတုရန်းပေ
တည်ဆောက်နိုင်သည့်အဆောက်အဉီအမြင့်   
အမြင့်ဆုံး ၃ ထပ်ခွဲ
*နှုန်းထားများမှာ ပြောင်းလဲမှု ရှိနိုင်ပါသည်။



လျှောက်ထားရန် လိုအပ်ချက်များ

ချေးငွေလျှောက်ထားသူ

  • မှတ်ပုံတင် မူရင်းနှင့် မိတ္တူ
  • အိမ်ထောင်စုစာရင်း မူရင်း နှင့် မိတ္တူ
  • ရပ်ကွက်ထောက်ခံစာ မူရင်း
  • ဝန်ထမ်းဖြစ်ပါက ထောက်ခံစာနှင့် (၃) လစာ ဝင်ငွေ အထောက်အထား 
  • ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်ပါက လုပ်ငန်းလိုင်စင်၊ DICA အချက်အလက်များ နှင့် ဝင်ငွေ အထောက်အထားများ

မြေချေးငွေအတွက် တင်သွင်းရမည့် အထောက်အထားများ

  • ဝယ်ယူမည့်မြေအပေါ်တွင် ဆောက်လုပ်မည့် အဆောက်အဉီအမျိုးအစား နှင့် ဆောက်လုပ်မည့်အထပ်
  • ခန့်မှန်းသုံးစွဲမည့်စရိတ်၊ ခန့်မှန်းပြီးစီးမည့်အချိန် (ဝယ်ယူပြီး ၁ နှစ် အတွင်းအပြီးဆောက်လုပ်ပေးရပါမည်)
  • မြေပိုင်ဆိုင်မှုအား (၆)လ အတွင်း အရောင်းစာရင်းမှတ်ပုံတင် (Register Sale Deed) လုပ်ပြီး (၁) နှစ် အတွင်း ချေးငွေ ရယူထားသူ၏ ပြောင်းထားသည့် အမည်ပေါက်

ဆောက်လုပ်ရေး ချေးငွေအတွက် တင်သွင်းရမည့် အထောက်အထားများ

  • ကန်ထရိုက်တာနှင့် ချုပ်ဆိုထားသော စာချုပ်စာတမ်း
  • ဆောက်လုပ်မည့်အဆောက်အဉီ၏ အသေးစိတ်ပုံစံ (Blueprint)
  • အဆောက်အဉီဆောက်လုပ်ရေး ခွင့်ပြုချက်ပါမစ် နှင့် အဆောက်အဉီပြီးစီးချိန်တွင် ရာဖြတ်အစီရင်ခံစာ
  • မြေအတွက် ရာဖြတ်အစီရင်ခံစာ နှင့် ရှေ့နေအစီရင်ခံစာ
  • အဆောက်အဉီ ၈၀% ပြီးစီးချိန်တွင် အဆောက်အဉီ အတွက် အာမခံပရီမီယံ (နောက်ဆုံး အရစ်ကျ ချေးငွေမချမီ)
  • လိုအပ်သော စာရွက်စာတမ်းအပြည့်အစုံအတွက် နီးစပ်ရာ ရိုးမဘဏ်ခွဲရှိ အိမ်ရာ ချေးငွေကျွမ်းကျင်သူ ဝန်ထမ်းများဖြင့် ဆွေးနွေးတိုင်ပင်ပါ။

Home Construction ချေးငွေလျှောက်ထားသည့် Customers များသတိပြုရန် - ရိုးမဘဏ်မှ အိမ်ရာ ချေးငွေလျှောက်ထားမှုများအတွက် ဖော်ပြထားသည့် ပုံမှန်လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ၀န်ဆောင်ခမှလွဲ၍ အခြားသော ပြင်ပလုပ်ငန်းစုများမှတစ်ဆင့် အပိုငွေကြေးများကောက်ခံနေခြင်း မရှိပါ။ အိမ်ရာချေးငွေ အတည်ပြုမှု မြန်ဆန်နိုင်ရန် ပြင်ပလုပ်ငန်းစုများမှတစ်ဆင့် အခကြေးငွေပေးသွင်းပြီးလုပ်ဆောင်ပါက ဘဏ်နှင့် သက်ဆိုင်မှု မရှိပါကြောင်းနှင့် ချေးငွေလျှောက်ထားမှုများအတွက် စုံစမ်းမှုများကို ဘဏ်နှင့်သာ တိုက်ရိုက် ဆက်သွယ်မေးမြန်းပါရန် အသိပေးအပ်ပါသည်။

Customer သိမှတ်ဖွယ်ရာများ ဖတ်ရှုရန်

Terms & Conditions Apply.