menu
လူကြီးမင်း၏ စိတ်ကြိုက် နေအိမ်အတွက် ကနဦး ပေးချေငွေနည်းနည်းဖြင့် အိမ်ရာချေးငွေ ရယူလိုက်ပါ
လူကြီးမင်း၏ စိတ်ကြိုက် နေအိမ်အတွက် ကနဦး ပေးချေငွေနည်းနည်းဖြင့် အိမ်ရာချေးငွေ ရယူလိုက်ပါ
လူကြီးမင်း၏ စိတ်ကြိုက် နေအိမ်အတွက် ကနဦး ပေးချေငွေနည်းနည်းဖြင့် အိမ်ရာချေးငွေ ရယူလိုက်ပါ
လူကြီးမင်း၏ စိတ်ကြိုက် နေအိမ်အတွက် ကနဦး ပေးချေငွေနည်းနည်းဖြင့် အိမ်ရာချေးငွေ ရယူလိုက်ပါ

ရိုးမဘဏ် အိမ်ရာချေးငွေ

ရိုးမဘဏ် အိမ်ရာချေးငွေဖြင့်ဆိုလျှင် လူကြီးမင်းစိတ်ကြိုက်အိမ်ဝယ်ယူရန်မှာ သော့တစ်ချောင်းလှည့်ရုံလောက်အထိပင် လွယ်ကူပါသည်။ အနီးစပ်ဆုံး ရိုးမဘဏ်ခွဲသို့ သွားရောက်ပြီး ရိုးမဘဏ် ငွေရေးကြေးရေး ကျွမ်းကျင်သူများ၏ အကူအညီဖြင့် အိမ်ရာချေးငွေလျှောက်ထားမှုကို စတင်လိုက်ပါ။

လွယ်ကူစွာလျှောက်ထားနိုင်ခြင်း
ရိုးမဘဏ်၏ အိမ်ရာချေးငွေကျွမ်းကျင်သူများက လျှောက်ထားမှုအဆင့်တိုင်းတွင် ကူညီဆောင်ရွက်ပေးပါမည်။

အနည်းဆုံး ကနဦးပေးချေငွေ
အိမ်ရာချေးငွေအသစ်အတွက် ကနဦးပေးချေငွေအဖြစ် ၃၀ % သာပေးဆောင်ရမည်ဖြစ်ပါသည်။

အဆင်ပြေသောချေးငွေကာလများ
ချေးငွေသက်တမ်း ၂၅ နှစ်အထိရှိပြီး မိမိအဆင်ပြေမည့်ချေးငွေကာလကို ရယူနိုင်ပါသည်။ *

အများဆုံးချေးငွေသက်တမ်းများမှာ အိမ်ရာအမျိုးအစားအပေါ်တွင် မူတည်ပြီးကွဲပြားပါမည်။ *


လွယ်ကူသော လျှောက်ထားမှုအဆင့်လေးဆင့် 

ရိုးမဘဏ်၏ အိမ်ရာချေးငွေ ကျွမ်းကျင်သူများက လွယ်ကူသော အိမ်ရာချေးငွေလျှောက်ထားမှုနှင့် လူကြီးမင်း၏ အိမ်ရာချေးငွေအသစ်အတွက် အကောင်းဆုံးချေးငွေကာလကို ရရှိစေရန် ကူညီဆောင်ရွက်ပေးပါမည်။

၁။ ကနဦးထောက်ခံချက်ရယူခြင်း – အနီးဆုံးရိုးမဘဏ်ခွဲကို ဆက်သွယ်ပြီး ရိုးမဘဏ်အိမ်ရာချေးငွေကျွမ်းကျင်သူများနှင့် ချေးငွေလိုအပ်ချက်အကြောင်းကို ဆွေးနွေးတိုင်ပင်လိုက်ပါ။ ထိုဆွေးနွေးမှုမှတစ်ဆင့် လူကြီးမင်းလိုအပ်မည့် ချေးငွေအမျိုးအစားနှင့် အတိုးနှုန်း၊ ကနဦးပေးသွင်းငွေနှင့် လစဉ်ပေးသွင်းရမည့် ငွေပမာဏတို့ကို သတ်မှတ်နိုင်မည်ဖြစ်ပါသည်။

၂။ အိမ်ရှာဖွေခြင်း – အိမ်ရာချေးငွေ ကနဦးခွင့်ပြုပမာဏရရှိပါက တတ်နိုင်သောငွေကြေး ပမာဏနှင့်ကိုက်ညီသော အိမ်ရာကို ရှာဖွေပါ။

၃။ အိမ်ရောင်းသူနှင့် ဆက်သွယ်ပြီး လိုအပ်သော စာရွက်စာတမ်းများပြင်ဆင်ခြင်း – မိမိဝယ်ယူလိုသည့် နေအိမ်ကို တွေ့ရှိပါက အိမ်ရှင်ကို ဆက်သွယ်ပြီး လိုအပ်သော စာရွက်စာတမ်း အထောက်အထားများနှင့် ဖောင်များဖြည့်စွက်ပါ။

၄။ အိမ်ရာချေးငွေ လျှောက်ထားခြင်း – ရိုးမဘဏ်ခွဲတိုင်းတွင် လိုအပ်သော စာရွက်စာတမ်းများတင်သွင်းပြီး အိမ်ရာချေးငွေလျှောက်ထားနိုင်ပါပြီ။ ရိုးမဘဏ်၏ အိမ်ရာချေးငွေကျွမ်းကျင်သူများက ရာဖြတ်ခြင်း၊ ပိုင်ဆိုင်မှု စစ်ဆေးခြင်းနှင့် ဝင်ငွေအထောက်အထားများကို စစ်ဆေးပြီး သီတင်းပတ် နှစ်ပတ်မှ သုံးပတ်အတွင်း အိမ်ရာချေးငွေ ခွင့်ပြု၊မပြု ဆုံးဖြတ်ချက်ကို အကြောင်းပြန်ပေးပါမည်။



အိမ်ရာချေးငွေလျှောက်ထားရန် လိုအပ်ချက်များ

အိမ်ဝယ်သူမှတင်သွင်းရမည့် အထောက်အထားများ 
  • မှတ်ပုံတင် မူရင်းနှင့် သန်းခေါင်စာရင်းမူရင်း၊ 
  • နေရပ်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာ၊ 
  • ဝန်ထမ်းဖြစ်ကြောင်းထောက်ခံစာနှင့် ပြီးခဲ့သည့်သုံးလအတွင်းရှိ လစာပြေစာမိတ္တူ (ဝန်ထမ်းများအတွက်)၊
  • လုပ်ငန်းလိုင်စင်နှင့် DICA အချက်အလက်များ (ကိုယ်ပိုင်စီးပွားရေးလုပ်သူများအတွက်)၊
  • ဘဏ်စာရင်းရှင်းတမ်းနှင့် ဝင်ငွေခွန်ပြေစာ (ဝန်ထမ်းများအတွက်)၊

အိမ်ရောင်းသူမှတင်သွင်းရမည့် အထောက်အထားများ
  • မှတ်ပုံတင် မူရင်းနှင့် သန်းခေါင်စာရင်းမူရင်း ၊ 
  • မြေကွက်မြေပုံ (ဖောင်အမှတ်- ၁၀၅) နှင့် မြေပိုင်ဆိုင်မှုသမိုင်းကြောင်း (ဖောင်အမှတ်-၁၀၆)၊
  • မြေဂရန်ပိုင်ဆိုင်မှု၊ မြေပိုင်ဆိုင်မှု သို့မဟုတ် သက်ဆိုင်ရာ အရောင်းအဝယ်စာချုပ်မိတ္တူ၊  
  • အိမ်ဆောက်သူနှင့် မြေပိုင်ရှင်ကြားရှိ စာချုပ် (လိုအပ်ပါက)၊
  • တခြား အိမ်ပိုင်ဆိုင်မှုနှင့်စပ်လျဉ်းသည့် အထောက်အထားများ၊
လိုအပ်သော စာရွက်စာတမ်းအပြည့်အစုံအတွက် နီးစပ်ရာ ရိုးမဘဏ်ခွဲရှိ အိမ်ရာချေးငွေကျွမ်းကျင်သူဝန်ထမ်းများဖြင့် ဆွေးနွေးတိုင်ပင်ပါ။



အတိုးနှုန်းနှင့် ဝန်ဆောင်ခ

မြေနှင့် အဆောက်အဦး၊ ကွန်ဒိုနှင့် မီနီကွန်ဒိုများအတွက် ချေးငွေသက်တမ်း ၂၅ နှစ်အထိ
ကနဦးပေးသွင်းငွေ ၃၀%
တိုက်ခန်းများအတွက် ချေးငွေသက်တမ်း ၁၅ နှစ်အထိ
ကနဦးပေးသွင်းငွေ ၃၀%
 ပုံမှန် အတိုးနှုန်း
တစ်နှစ်လျှင် ၁ဝ %
ကနဦးပေးသွင်းငွေ ၅၀% မှ စတင်ပေးသွင်းသူများအတွက် အတိုးနှုန်း
တစ်နှစ်လျှင် ၈ %
ရာဖြတ်သူနှင့် ရှေ့နေ့ခအပါအဝင် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အသုံးစရိတ် ဝန်ဆောင်မှုကြေးခွင့်ပြု ချေးငွေပမာဏ ၏ ၁.၅% (သို့) ၂၅၀,၀၀၀/- ကျပ်
ဒဏ်ကြေး (နောက်ကျကြေး)
ပေးရန်ကျန်ရှိနေသော လစဉ်ပြန်ဆပ်ငွေ ပမာဏ၏ ၃.၅%
ချေးငွေကာလ ပထမ သုံးနှစ်အတွင်း ချေးငွေဆပ်ရာတွင် အစောပိုင်းချေးငွေပေးသွင်းကြေးကျန်ရှိနေသော ချေးငွေ လက်ကျန် ပမာဏ၏ ၃% 

အိမ်ရာချေးငွေလျှောက်ထားသည့် Customers များသတိပြုရန် - ရိုးမဘဏ်မှ အိမ်ရာချေးငွေလျှောက်ထားမှုများအတွက် ဖော်ပြထားသည့် ပုံမှန်လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ၀န်ဆောင်ခ မှလွဲ၍ အခြားသော ပြင်ပလုပ်ငန်းစုများမှတစ်ဆင့် အပိုငွေကြေးများကောက်ခံနေခြင်းမရှိပါ။ အိမ်ရာချေးငွေအတည်ပြုမှု မြန်ဆန်နိုင်ရန် ပြင်ပလုပ်ငန်းစုများမှတစ်ဆင့် အခကြေးငွေပေးသွင်းပြီးလုပ်ဆောင်ပါက ဘဏ်နှင့် သက်ဆိုင်မှု မရှိပါကြောင်းနှင့် ချေးငွေလျှောက်ထားမှုများအတွက် စုံစမ်းမှုများကို ဘဏ်နှင့်သာ တိုက်ရိုက်ဆက်သွယ်မေးမြန်းပါရန် အသိပေးအပ်ပါသည်။ 


Home Loan Calculator


Disclaimer: This calculation is just for illustration purpose only, based on certain assumed prerequisites. Terms and Conditions apply.

သင့်စိတ်ကူးထဲက အိမ်လေးကို ရိုးမဘဏ်နဲ့ ရယူနိုင်ဖို့ Apply Now ကိုနှိပ်ပြီး ဆက်လက်လေ့လာပါ