လစာချေးငွေ
လူကြီးမင်း၏ ရိုးမဘဏ် SMART အကောင့်မှတစ်ဆင့် လစာတစ်လစာ ပမာဏအထိ တိုက်ရိုက်ချေးယူနိုင်ပြီး ချေးငွေကာလ လေးလအတွင်း အကောင့်ထဲမှ ပြန်လည် နုတ်ယူသွားမည် ဖြစ်သဖြင့် လွယ်ကူပြီး စိတ်ဖိစီးမှုမရှိဘဲ ချေးငွေ ပြန်ဆပ်နိုင်ပါပြီ။
မိုဘိုင်းမှတစ်ဆင့် လျှောက်ထားနိုင်ခြင်း
ရိုးမဘဏ်၏ မိုဘိုင်းဘဏ်ဝန်ဆောင်မှုမှ တစ်ဆင့် ချေးငွေ လျှောက်ထားနိုင်ပြီး SMART အကောင့်ထဲသို့ ချေးငွေ တိုက်ရိုက် ရောက်ရှိလာမည် ဖြစ်ပါသည်။
အလိုအလျောက် ချေးငွေပြန်ဆပ်နိုင်ခြင်း
လစာချေးငွေများကို လူကြီးမင်း၏ SMART အကောင့်တွင်းရှိ လစဉ်လစာမှ ချေးငွေကာလ လေးလအတွင်း အချိုးကျ နုတ်ယူသွားပါမည်။
လွယ်ကူသော အဆင့်လေးဆင့် လျှောက်ထားမှု
လျှောက်ထားရန်လိုအပ်ချက်များ
- အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ရမည်။
- ဝန်ထမ်းလစာချေးငွေလျှောက်ထားရန် လုပ်ငန်းရှင်ထံမှ ကြိုတင်ခွင့်ပြုချက်ရှိရမည်။
- လုပ်ငန်းရှင်က ရိုးမဘဏ် လစာပေးခြင်းဝန်ဆောင်မှုကို အသုံးပြုပြီး လစာငွေကို လူကြီးမင်း၏ ရိုးမဘဏ် SMART အကောင့်သို့ လစဉ် တိုက်ရိုက်အပ်ငွေအဖြစ်ထည့်သွင်းရမည်။
- လစာပေးခြင်းဝန်ဆောင်မှုဖြင့် လစာ အနည်းဆုံးတစ်လရရှိပြီးဖြစ်ရမည်။
- ရိုးမဘဏ်နှင့် လက်ကျန်ကြွေးမြီများမရှိရ။
- ရိုးမဘဏ်နှင့် ငွေပေးချေမှုဆိုင်ရာတွင် နောက်ကျပျက်ကွက်သော မှတ်တမ်းမရှိရပါ။
ချေးငွေပမာဏ၊ အတိုးနှုန်း နှင့် ဝန်ဆောင်ခ
ချေးငွေရယူနိုင်သည့်ပမာဏ
|
လစဉ်လစာငွေထက် နည်းသော သို့မဟုတ် တူညီသောပမာဏ
|
အတိုးနှုန်း
|
တစ်နှစ်လျှင် ၁၄.၅%
|